What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျပန် အထင်ကရ နိုင်ငံရေးသမားတို့ရဲ့ မတ်စ် ဖက်ရှင်

တစ်ခါသုံး ဆာဂျီကယ်မတ်စ်တွေ ရဖို့ မလုံလောက်တဲ့အပြင် ဘယ်အချိန် ဘယ်ကာလအထိ မတ်စ် တပ်ပြီး နေရမယ်ဆိုတာ ဘယ်သူမှ ရေရေရာရာ မပြောနိုင်တာမို့ ကိုယ်တိုင်ချုပ်လုပ် မတ်စ်တွေ အသုံးပြုမှု ပိုများလာတယ်။ သာမန်မတ်စ် အကာအကွယ်အဖြစ်မျှ ချုပ်လုပ်ခဲ့ကြရာမှ ရက်ပိုင်းအတွင်းမှာ မတ်စ်က ဖက်ရှင် ဖြစ်လာတယ်။

အဲဒီမတ်စ် ဖက်ရှင်တွေကို ဂျပန်နိုင်ငံမှ အထင်ကရ နိုင်ငံရေးသမားတွေ ဝတ်ဆင်ကြတာကို သတင်းတွေမှာ တွေ့ကြရတယ်။ 


ကာကွယ်ရေးဝန်ကြီး Taro Kono ဝတ်ထားတဲ့မတ်စ်က မိခင်ဂျပန်နိင်ငံကို ကိုယ်စားပြုနေတယ်လို့ ခံစားမိစေတယ်။ ကြည့်လိုက်ပါဦး။ ဂျပန်နိုင်ငံရဲ့ သင်္ကေတတွေ ပြည့်နှက်နေတယ်။ တောင်ထိပ်မှာ နှင်းဖြူတွေ ခေါင်းဆောင်းထားတဲ့ ဖူဂျီတောင်။ ဂျပန်နိုင်ငံတော်အလံရဲ့ သင်္ကေတ နေလုံးနီနီ၊ တက်သစ်စနေဝန်း။ ဒီပုံရဲ့ ရှုထောင့်အရ မမြင်ရတဲ့ တိုက်လေယာဉ်ပုံလည်း ပါပါသေးတယ်။ 

Miyagi စီရင်စု အုပ်ချုပ်ရေးမှူး ရဲ့ မတ်စ်မှာတော့ ကာတွန်းရုပ်ဦးခေါင်းတစ်ခု ကောက်ကြောင်းဆွဲထားတယ်။


Miyagi စီရင်စုရဲ့ ချစ်စရာကောင်းတဲ့ လာဘ်ကောင်အရုပ် ဖြစ်ပါတယ်။

ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Yoshihide ရဲ့မတ်စ်ကျတော့ အဖြူသားမှာ အဆောင်လက်ဖွဲ့ ရေးဆွဲထားတယ်။ ဟော့ကိုင်းဒိုးမှာ ရှိတဲ့ လူနည်းစုတိုင်းရင်းသားများရဲ့ ရိုးရာအဆောင်လက်ဖွဲ့ပုံ ဖြစ်ပါတယ်။

တိုကျိုမြို့တော်ရဲ့ အုပ်ချုပ်ရေးမှူး Yuriko Koike ကတော့ မတ်စ်ဒီဇိုင်းအမျိုးမျိုး ပြောင်းလဲသုံးစွဲပြီး မတ်စ်ရဲ့ အသွေးအရောင် အဆင်အပွင့်တွေက မိန်းမဆန်ပြီး ကျက်သရေရှိတယ်လို့ ချီးကျူးခံရပါတယ်။

Read 1056 times
Rate this item
(0 votes)