What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်စတိုင်လ် ရိုးနေပေမယ့် နှစ်ခါ ပြန်ငေးရလောက်အောင် မိုက်နေစေမယ့် အမိုက်စားဖက်ရှင်များ

လူမှာ အဝတ် တောင်းမှာအကွပ် ဆိုသလိုမျိုးပဲ လူတစ်ယောက်ရဲ့ ဝတ်စားပြင်ဆင်မှုက အဲဒီ့လူရဲ့ ရုပ်ရည်အဆင့်အတန်းကို ထင်ဟပ်စေနိုင်ပါတယ်။

 

မိန်းကလေးတွေအနေနဲ့လည်း ဝတ်စားဆင်ယင်မှုကလည်း အရေးကြီးသလို ကိုယ်ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်က ကိုယ့်ကိုကိုယ် ပြီးပြည့်စုံမှုကို ပေးနိုင်မှသာ ဖက်ရှင်ကျတယ်လို့ ခေါ်ပါတယ်။

 

ဒီတော့ မိန်းကလေးအချင်းချင်းတောင် နှစ်ခါ ပြန်ငေးရလောက်မယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

ကြိုးတစ်လုံး အင်္ကျီ နဲ့ ဂျင်း

ရိုးပေမယ့် နှစ်ခါပြန်လည်ပြန်ငေးမိလောက်အောင် မိုက်နေစေမယ့်  အမိုက်စားဖက်ရှင်တွေ | Auntymay

Denim blue high waisted ripped jeans on We Heart It

ခုခေတ်မှာ ကြိုးတစ်လုံး အင်္ကျီတွေကို အမြင်ရိုင်းတယ်လို့ ပြောလို့မရတော့ပါဘူး။ ကြိုးတစ်လုံး အင်္ကျီလေးတွေက နွေရာသီမှာလည်း ဝတ်ဆင်ဖို့ အဆင်ပြေသလို သင့်ကိုပိုပြီး ဖက်ရှင်ကျနေစေမှာပါ။ ကြိုးတစ်လုံး အင်္ကျီ ကို ဂျင်းဘောင်းဘီအရှည် အပွ ဒါမှမဟုတ် အကျပ်နဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ဒီဖက်ရှင်က သင့်ကို လူငယ်ဆန်ဆန်လေးနဲ့ အထာကျလန်းနေစေမှာ အမှန်ပါနော်။

 

ရှပ်အင်္ကျီ နဲ့ ဂျင်းဘောင်းဘီအကျပ်

No.1 Korean Fashion Online Shopping Mall Itsmestyle | Korean fashion,  Korean street fashion, Korean fashion street casual

ရိုးပေမယ့် နှစ်ခါပြန်လည်ပြန်ငေးမိလောက်အောင် မိုက်နေစေမယ့်  အမိုက်စားဖက်ရှင်တွေ | Auntymay

ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးကို ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီၤလေး ထည့်ဝတ်ထားတာက တကယ့်ကို လိုက်ဖက်မှု ရှိပါတယ်။ ဒီလို ရိုးရိုးရှင်းရှင်း ပုံစံလေးကိုမှာ အောက်က boots အနက်ရောင်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါမှာတော့ အရမ်းကို အမိုက်စား ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။ တကယ့်ကို ဘာမှ ထွေထွေထူးထူး ပြင်ဆင်စရာမလိုပဲ မိုက်နေစေတဲ့ ဖက်ရှင်မျိုးပါ။

 

ကိုယ်ကျပ်အင်္ကျီ နဲ့ style pants

ရိုးပေမယ့် နှစ်ခါပြန်လည်ပြန်ငေးမိလောက်အောင် မိုက်နေစေမယ့်  အမိုက်စားဖက်ရှင်တွေ | Auntymay

မိန်းကလေးတစ်ယောက်မှာ style pants တစ်ထည်လောက်တော့ ရှိကိုရှိသင့်ပါတယ်။ Style pants တွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိသလို တကယ့်ကို ဖက်ရှင်လည်း ကျစေပါတယ်နော်။ Style pants ကိုမှ ကိုယ်ကျပ်အင်္ကျီလေးနဲ့ တွဲဝတ်လိုက်တဲ့အခါမှာ သင့်အလှကို တကယ့်ကို ပေါ်လွင်သွားစေမှာပါ။ ပုံမှာပြထားတဲ့အင်္ကျီက ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုရင်တော့ တစ်ခြား ကိုယ်ကျပ်အင်္ကျီပုံစံလေးတွေနဲ့လည်း တွဲဝတ်လို့ ရပါတယ်နော်။

 

ရှပ်အင်္ကျီနဲ့ စကတ်တိုလေး

Korean Fashion Blog online style trend

 

နောက်ဆုံးပြောပြမယ့် ဖက်ရှင်ကတော့ ဘောင်းဘီရှည် ဖက်ရှင် မဟုတ်ပဲ စကတ်ကိုပဲ ရွေးချယ်ထားပါတယ်။ မိန်းကလေးတစ်ယောက်ဟာ စကတ်ဝတ်လိုက်တဲ့အချိန်မှာ ပိုပြီး ချစ်စရာကောင်း ဆွဲဆောင်မှုရှိစေပါတယ်။ ရိုးရိုးရှင်းရှင်းလေး စကတ်တိုလေးကို ရှပ်အင်္ကျီလေး ထည့်ဝတ်ပြီး sneaker လေး စီလိုက်ရုံနဲ့ အထာကျကျ မိုက်နေစေမှာပါ။ ဒီဖက်ရှင်က ရိုးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။

 

By Myanmar Textile & Garment Guide
#AM

Read 899 times
Rate this item
(0 votes)