What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်ပြည်မှ အမြန်ချုပ်ဖက်ရှင်တိုက် Shein က Zara နှင့် H&M ကို ကျော်တက်

တရုတ်ပြည်မှ အမြန်ချုပ်ဖက်ရှင်တိုက် Shein က Zara နှင့် H&M ကို ကျော်တက်ပြီး အနိုင်ယူတယ်။ အမြန်ချုပ်ဖက်ရှင်တိုက် Shein က အွန်လိုင်းမှာပဲ ရောင်းချတဲ့ဖက်ရှင်တိုက်အဖြစ် e-tailer ( online-only fashion retailer) ပုံစံသစ်ကို ဖော်ဆောင်တယ်။

 

Zara နှင့် H&M တို့ထက် ဈေးပိုသက်သာတဲ့အပြင် ရွေးချယ်ဖို့ ပိုကောင်းအောင် လုပ်ပေးထားတယ်။ အပတ်တိုင်း ဖက်ရှင်ဒီဇိုင်း အမျိုး တစ်ရာကျော် ထုတ်လုပ်တယ်။ ဆိုရှယ်မီဒီယာတွေမှာ ဖက်ရှင်ထည်တွေကို ဩဇာရှင် (influencers ) တွေ သုံးပြီး ပွဲထုတ်တယ်။ Shein အက်ပ်ကို downloadတဲ့ ကြိမ်ရေက H&M နဲ့ Zara တို့ရဲ့ အက်ပ် နှစ်ခုပေါင်းကို downloadတဲ့ ကြိမ်ရေထက် ပိုများသွားတဲ့အထိ အောင်ပွဲခံတယ်။

 

စက်တင်ဘာလတွင် Shein အက်ပ်ကို Apple ရဲ့ App Store နှင့် Google Play တို့မှ ကမ္ဘာတစ်လွှား download ရယူသည့် ကြိမ်ရေ ၁၀.၃ သန်း ရှိသည်။ နှိုင်းယဉ်ကြည့်လျှင်H&M ရဲ့ အက်ပ်ကို download ရယူသည့် ကြိမ်ရေ ၂.၅ သန်း ရှိပြီး Zara ရဲ့အက်ပ်ကို download ရယူသည့် ကြိမ်ရေ ၂ သန်း ရှိသည်ဖြစ်ရာ နှစ်ခုပေါင်း၏ နှစ်ဆနီးပါး ရှိတာ တွေ့ရတယ်။

Shein offers low-cost styles, uploading hundreds of new designs to its app every week. Photo: Shein

 

ယခု အောက်တိုဘာလကုန်ပိုင်းအထိ download ကြိမ်ရေများကို ကြည့်မည်ဆိုလျှင် Shein က ၂၂၉.၄ သန်း ရှိတယ်။ H&M က ၁၂၃.၅ သန်း ရှိတယ်။ Zara က ၉၀.၆ သန်း ရှိတယ်။ စက်တင်ဘာလ ၂၇ မှ အောက်တိုဘာလ ၃ ရက် တစ်ပတ်တာအတွင်း အိုင်ဖုန်းမှ download ကြိမ်ရေအရ Shein သည် download ကြိမ်ရေအများဆုံး ဈေးဝယ်အက်ပ် ဖြစ်ခဲ့ပါတယ်။

 

အမေရိကန်၊ ဘရာဇီး၊ ဩစတေးလျ၊ ဗြိတိန်နဲ့ ဆော်ဒီအာရေဗျတို့မှာ top 10 စာရင်း ဝင်ခဲ့တယ်။

အွန်လိုင်းမှာပဲ ရောင်းချတဲ့ ဖက်ရှင်တိုက်ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး အွန်လိုင်းစစ်စစ် ဖက်ရှင်တိုက်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

ဖက်ရှင်ဒီဇိုင်းတစ်ခု အတည်ပြုပြီးရင် ထုတ်လုပ်ဖို့ အချိန် ၃ ရက်သာ ကြာအောင် ရှိန်းက စီမံထားတယ်။ ဘယ်လိုတွေ လုပ်ကိုင်သလဲဆိုတာကိုတော့ အတွင်းရေးအဖြစ် သတ်မှတ်ထားပြီး ဖွင့်ဟပြောကြားခြင်း မပြုဘူး။

To date, Shein has reached 229.4 million downloads. Photo: SOPA Images/LightRocket via Getty Images

 

တရုတ်နိုင်ငံ Nanjing မြို့မှာ အခြေစိုက်ထားတဲ့ "ရှိန်း" ကို ၂၀၀၈ခုနှစ်မှာ ထူထောင်ခဲ့တယ်။ ဆိုရှယ်မီဒီယာ မျိုးဆက်ဖြစ်တဲ့ “Gen Z” ( ၁၉၉၅ ခုနှစ် နောက်ပိုင်း မွေးဖွားခဲ့သူများမျိုးဆက်) ကို ဦးတည်ထားတယ်။ Instagram နဲ့ TikTok ဩဇာရှင် (influencer)တွေ သုံးပြီး ကြော်ငြာတဲ့အပြင် လျှော့ဈေးပုံစံ အမျိုးမျိုးကို ပေးတယ်။ လူငယ် ဈေးတယ်သူတွေကို သိမ်းသွင်းတယ်။ ကုန်ကျစရိတ်တွေ သက်သာအောင် စီမံတဲ့အပြင် အမြတ်ကို ပါးပါးပဲ ယူတယ်။ ဈေးသက်သာပါတယ်ဆိုတဲ့ Zara ထက် ရှိန်းက ဈေးထက်ဝက်ဝန်းကျင် ပိုနည်းတယ်။ Covid-19 ကပ်ရောဂါကြောင့် အွန်လိုင်းရောင်းချမှုတွေ အားကောင်းလာတာဟာလည်း Shein အတွက် ကံကောင်းခြင်း လို့ ဆိုနိုင်ပါတယ်။

 

By Myanmar Textile & Garment Guide
Ref: scmp.com

Read 870 times
Rate this item
(0 votes)