What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေအားလုံးအတွက် XL ဆိုဒ်နဲ့ XS ဆိုဒ် ကွာခြားပုံကို လက်တွေ့ပြသခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာအမျိုးသမီး

အဝတ်အစားတွေ ဝတ်တဲ့အခါပဲဖြစ်ဖြစ် ၊ အွန်လိုင်းကနေ အဝတ်အစားတွေ ဝယ်ယူရင်ပဲ ဖြစ်ဖြစ် အမျိုးသမီးဝတ်အင်္ကျီတွေဟာ အမျိုးသားတွေ ဝတ်ဆင်တဲ့ အဝတ်အစားတွေထက် ပိုပြီး ခန့်မှန်းရခက်ပါတယ်။ ဥပမာ - ယောကျာ်းလေးတစ်ယောက် အဝတ်အစားမှာတော့မယ်ဆိုရင်

အင်္ကျီဘောင်းဘီဆိုဒ်တွေက အလွယ်တကူ ခန့်မှန်းပြီး မှာယူနိုင်ပါတယ်။ မိန်းကလေးတွေကျတော့ ဆိုဒ်အတိအကျ မရှိပါဘူး။ သူတို့ရဲ့ တင်သားတွေ၊ ရင်သားတွေ၊ ခါးဆိုဒ်တွေပေါ်မှာ မူတည်ပြီး အင်္ကျီဆိုဒ်က ခန့်မှန်းရခက်ပါတယ်။

 

ဒီလိုမျိုးအခက်တွေ့နေတဲ့ အမျိုးသမီးတွေအတွက် နာမည်ကြီး အမျိုးသမီး Stylist တစ်ယောက်က အမျိုးသမီးဝတ် XL ဆိုဒ် နဲ့ XS ဆိုဒ်တို့ရဲ့ ကွာခြားပုံတွေကို လက်တွေ့ကျကျ ဝတ်ဆင်ပြသခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အမျိုးသမီးကတော့ ရုရှားနိုင်ငံရှိ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Marina Kamenskaya လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Marina ဟာ သူမရဲ့ သူငယ်ချင်းအမျိုးသမီးတွေနဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေရဲ့ အကူအညီကို ယူပြီး သူတို့ကို XS ဆိုဒ် အမျိုးသမီးဝတ်စုံတွေကို ဝတ်ဆင်စေခဲ့ပြီး Marina ကိုယ်တိုင်ကတော့ XL ဆိုဒ် ဆင်တူအမျိုးသမီးအဝတ်အစားတွေကို ဝတ်ဆင်ပြသခဲ့ပြီး XL ဆိုဒ်တွေဟာ ဘယ်လိုအမျိုးသမီးတွေဝတ်ဆင်ရင် သင့်တော်ကြောင်း၊ XS ဆိုဒ်တွေကတော့ ဘယ်လို အမျိုးသမီးတွေဝတ်ရင် သင့်တော်ကြောင်း လက်တွေ့ပြသခဲ့ပါတယ်။

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

“အမျိုးသမီး တော်တော်များများ ကျွန်မကို chat box ကနေ လာလာမေးနေတာ တော်တော်ကြာပါပြီ။ ကျွန်မလည်း ကျွန်မအလုပ်တွေနဲ့ တော်တော်လေး ရှုပ်နေလို့ ဘာမှမလုပ်ဖြစ်ခဲ့တာပါ။ အခု ဒီလိုမျိုးပုံတွေ တင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ XL ဆိုဒ်မှန်သမျှဟာ ကျွန်မလို Plus size အမျိုးသမီးတွေအတွက် ပိုသင့်တော်ပြီး XS ဆိုဒ်ကတော့ ဘယ်လိုပုံစံရှိတဲ့ အမျိုးသမီးတွေဝတ်ရင် သင့်တော်ကြောင်း သေသေချာချာ ကွဲကွဲပြားပြားသိအောင် ပြသခဲ့တာပါ”လို့ Marina က ပြောကြားခဲ့ပါတယ်။

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

Xl-vs.-Xs-Clothes-Zara-Kamenskaya-Style

 

By Myanmar Textile & Garment Guide
Source: boredpanda.com

Read 724 times
Rate this item
(0 votes)