What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Dr. Jill Biden ဝတ်ဆင်ခဲ့သော Oscar de la Renta ဝတ်စုံ နာရီပိုင်းအတွင်း စံချိန်တင် ရောင်းထွက်ခဲ့

Dr. Jill Biden ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ရဲ့ ဇနီး ဖြစ်ပြီး အမေရိကန် သမ္မတကတော် ဖြစ်လာမယ့်သူပါ။ ရာထူးအပ်နှင်းပွဲကိုတော့ (၂၀၂၁) ဇန်နဝါရီ (၂၀)မှာ ပြုလုပ်သွားမှာပါ။

 

အရင် ဒုသမ္မတ က တော် အဖြစ် နှစ်အကြာကြီး ဖြစ်လာခဲ့ရာကနေ အခု သမ္မတကတော် ဖြစ်လာတော့မှာမို့ Jill Biden နဲ့ ပတ်သက်သမျှ အရာတိုင်းက ခုချိန်မှာ နာမည်ကြီးနေပြီး လူစိတ်ဝင်စားခံနေရပါတယ်။ အခုလည်း သူမ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက နာရီပိုင်းအတွင်းမှာတင် ရောင်း ထွက်သွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ usmagazine မှာ ဖော်ပြထားပါတယ်။

The Jill Biden effect! First Lady's $5,690 Oscar de la Renta dress sells  out in HOURS | Daily Mail Online

 

ခင်ပွန်းဖြစ်သူ ရွေးကောက်ခံ သမ္မတ Joe Biden ၊ ဒုသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Harris တို့နဲ့ အတူ နိုဝင်ဘာ ၇ ရက်၊ စနေနေ့တွင် ဝီလ်မင်တန်၊ ဝဲလ်မွန်တန်၌ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့တုန်းက ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။ သူမ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကတော့ ဖက်ရှင် ဒီဇိုင်နာ Oscar de la Renta ရဲ့ Dress ပါ။ စင်မြင့်ထက်မှာ ဒီဝတ်စုံနဲ့ သူမ ထွက်ပေါ် ခဲ့ပြီး နာရီ ပိုင်းလောက် အတွင်းမှာပဲ $5,690 တန်ဖိုးရှိတဲ့ ဝတ်စုံက ရောင်းထွက်သွားခဲ့ပါတယ်။

In Oscar de la Renta Florals, Jill Biden Makes Her First Appearance as  Future First Lady | Vogue

 

အသက် (၆၉)နှစ် အရွယ် Jill Biden ကတော့ ဒီပွဲမှာ အပွင့်ရိုက် Dress နဲ့ အတူ ပန်းရောင် ဒေါက်ဖိနပ်ကို စီးပြီး အနက်ရောင် Mask ကို အုပ်ထားပါတယ်။ The Outnet ဆိုတဲ့ ဝဘ်ဆိုက်မှာတော့ ရောင်းမထွက်ခင် $1,707 ဈေးလျှော့ပြီး ရောင်းခဲ့ပါသေးတယ်။ Oscar de la Renta ရဲ့ တွစ်တာ မှာတော့ ဝတ်စုံ ဖန်တီးမှုရဲ့ behind-the-scenes ပုံကို ဝေမျှခဲ့ပါတယ်။ ပုံထဲမှာတော့ creative director Fernando J Garcia နဲ့ Luis တို့ ဝတ်စုံကို သေချာပြင်ဆင်နေတဲ့ ပုံကို တွေ့ရမှာပါ။

 

de la Renta ရဲ့ dress တွေကိုတော့ Jackie Kennedy, Michelle Obama နဲ့ Laura Bush တို့လည်း နှစ်သက်အားပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် Oscar de la Renta က Nancy Reagan နဲ့ Hillary Clinton တို့ရဲ့ ဒီဇိုင်နာလည်း ဖြစ်ခဲ့ဖူးပါတယ်။

 

Harris ကတော့ ဒီပွဲမှာ အမေရိကန် ဖက်ရှင် ဒီဇိုင်နာ Wes Gordon ရဲ့ အဖြူရောင် Pansuit ကို ဝတ်ထားပါတယ်။ ဒီဝတ်စုံကတော့ ရည်ရွယ်ချက်နဲ့ တမင် ဝတ်ထားတာ ဖြစ်ပါတယ်။ ဒီအရောင်က တော့ (၂၀)ရာစု အစောပိုင်းတုန်းက အမျိုးသမီး မဲပေးခွင့်ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်သူ အမျိုးသမီးကို ဂုဏ်ပြုတဲ့ အရောင်ပါ။ (၂၀၁၆)တုန်းက ဒီမိုကရက်တစ် သမ္မတ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် Hillary Clinton ပါဝင်ခွင့်ရတုန်းက လည်း ဒီလို အရောင်နဲ့ ဝတ်စုံကို ဝတ်ခဲ့ဖူးပါတယ်။

Kamala Harris and Jill Biden wearing Latinx fashion brands

 

Myanmar Textile & Garment Guide

Source: us magazine

Read 771 times
Rate this item
(1 Vote)