What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Milan Fashion Week မှာ ပြသတဲ့ အလန်းဆုံး လေဒီရှူးများ

Milan Fashion Week spring ’21 မှာ နာမည်ကြီး ဖက်ရှင်တိုက်တွေက လေဒီရှူးတွေ ပွဲထုတ်ပြသခဲ့ကြတာဖြစ်လို့ အလန်းစား လေဒီရှူးတွေကို ပရိသတ် ကြည့်ရှုခွင့် ရရှိခဲ့ကြပါတယ်။

 

Prada က လျှာအမည်းပြားလေးပါတဲ့ ဒေါက်နိမ့် လေဒီရှူး ဒီဇိုင်းကို တင်ဆက်ခဲ့တယ်။ ဒေါက်နိမ့် ကို kitten heel လို့ ခေါ်ကြတာမှာ အမြင့်( သို့မဟုတ် အထူ) 3.5 centimeters (1.5 inches) to 4.75 centimeters (1.75 inches) အတွင်းမှာ ရှိရင် kitten heel လို့ သတ်မှတ်ကြတယ်။ ဖိနပ်ဖင်ဖျားမှာ အကွေးလေး ပါတယ်။ ဒေါက်မြင့်တွေ စီးရတာ အဆင်မပြေတဲ့ နေရာမျိုးတွေအတွက် အဆင်ပြေတယ်။

prada, prada spring 2021, prada raf simons, raf simons, miuccia prada, prada shoes, spring 2021 trends, mfw, milan fashion week

 

Versace က ကွင်းထိုး ဖိနပ် ပုံစံကို အခြေခံထားပြီး ပုဝါစအလှလိမ်ကျစ်ထားပုံကို ပုံဖော်ထားတယ်။ ဖိနပ်နဲ့တင် ပြီးမသွားဘူး။ ခြေကျင်းဝတ်မှာ တွဲဖက်ဝတ်ဖို့ လေဒီရှူးနဲ့ အရောင်တူ ကွင်း ထည့်ပေးထားတယ်။ ဖိနပ် ထိပ်ဖြားက ထိပ်ချွန်မလုပ်ပဲ အပြားတုံတိတိ လုပ်ပေးထာတယ်။

versace, versace shoes, spring 2021, versace spring 2021, mfw, milan fashion week, versace milan fashion week

 

Giannico ရဲ့လေဒီရှူးက လှောင်ချိုင့်တစ်ခုမှာ ပါတဲ့ တန်းတွေကို ပုံစံယူထားတယ်လို့ ဆိုတယ်။ အမည်ကိုတော့ Eve ခြေထိုးဖိနပ်လို့ အမည်ပေးထားတယ်တဲ့။

giannico, giannico spring 2021, spring 2021, mfw, milan fashion week, best shoes of milan fashion week

 

နာမည်ကြီး ဖက်ရှင်တိုက်တွေအကြောင်းပြောရင် Valentino ပါစမြဲပါပဲ။ ခြေကျင်းဝတ်မှာ ပတ်ဖို့ ကွင်းတစ်ခုပါတယ်။ ဒေါက်မပါဘူး။ မဆိုစလောက်ထူတဲ့ ခွာပြားထည့်ပေးထားတယ်။ ထိပ်ချွန်ချွန်နဲ့ အလှဖော်ပေးထားတယ်။

valentino, valentino spring 2021,

 


Salvatore Ferragamo ရဲ့ လေဒီရှူးကတော့ ဒေါက်နေရာမှာ ချိုးထားပုံက တစ်မျိုးဆန်းတယ်။ ခြေကျင်းဝတ်သိုင်းကြိုးကလည်း အခြေနားမှာ ချိတ်ပေးထားတယ်။

ferrragamo, spring 2021, ferragamo spring 2021, mfw, milan fashion week, best shoes of milan fashion week

 

Giuseppe Zanotti ရဲ့ လေဒီရှူးကတော့ သာမန် ရှူးအမည်းမှာ စီကွင့်နဲ့ အလှဆင်ပေးထားတယ်။ ပွဲတက်မှ စီးဖို့သင့်တော်တာမျိုး မဟုတ်ဘဲ နေ့စဉ် စီးလို့ရမယ့် စတိုင်မျိုး ဖြစ်ပါတယ်။

giuseppe zanotti, giuseppe zanotti shoes, spring 2021, spring 2021 shoe trends, shoe trends, mfw, milan fashion week, milan fashion week shoes, giuseppe zanotti shoes

 


Fendi က လည်ရှည် ရှူဖိနပ် ဒီဇိုင်းကို ထုတ်ပြခဲ့တယ်။ အသားပျော့ပျော့၊ ကြိမ်ထိုင်ခုံကွက် ရက်ထားသလိုမျိုး အဆင်ဖြစ်ပြီး ရုတ်တရက် ကြည့်ရင် ပလတ်စတစ်အသားထူထူပျော့ပျော့လို့ ထင်ရပေမယ့် သားရေသားနဲ့ လုပ်ထားတာလို့ ဆိုပါတယ်။

fendi, fendi spring 2021, mfw, spring 2021, shoes, milan fashion week, milan fashion week shoes, milan fashion week trends, spring 2021 trends, spring 2021 shoes

 

Gianvito Rossi ရဲ့ ဒီဇိုင်းက သားရေသားနီနီ ခြေသိုင်းကြိုးကို ရှည်ရှည်ထားပြီး ခြေထောက်အောက်ပိုင်းကို အလှဆင်ပေးမှာ ဖြစ်ပါတယ်။

gianvito rossi, mfw, milan fashion week

 

Etro ရဲ့ ဒီဇိုင်းက သုံးလွန်းတင်မှ ကြိုးဆိုတဲ့ ကြိုးနဲ့ ဖိနပ်ကို ဝန်းရံထားပြီး ခြေသိုင်းကြိုးကို အစထုတ်ပေးထားတာက အမြင်တစ်မျိုးဆန်းနေစေတယ်။ ကြိုးကို စက်တွေနဲ့ ကျစ်ထားတာ မဟုတ်ဘဲ လက်နဲ့ ကျစ်ထားတာလို့ ဆိုပါတယ်။

etro, etro spring 2021, spring 2021, mfw, milan fashion week, shoe trends, spring 2021 shoe trends

 


နောက်ဆုံးအနေဖြင့် တင်ပြမှာကတော့ Casadei ရဲ့ လေဒီရှူး ဖြစ်ပါတယ်။ Blade heel ကို သုံးထားပြီး အသားရောင်မှာ နီယွန်လိမ်မ္မော် တောက်ပေးထားတယ်။ ထောက်အမြင့်က kitten heel အမျိုးအစား ဖြစ်ပါတယ်။

casadei, casadei spring 2021, spring 2021, mfw, milan fashion week

Read 852 times
Rate this item
(0 votes)