What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြက်ခင်းစိမ်းရောင် စွန်းထင်းပေကျံနေသော denim Jean များကို ပေါင် ၈၅၀ နဲ့ ရောင်းချခဲ့တဲ့ Gucci

Gucci အမှတ်တံဆိပ်ကနေ အမျိုးသားများအတွက် ၂၀၂၀ ဆောင်းဦးရာသီနှင့်ဆောင်းရာသီစုဆောင်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေဖြင့် အစွန်းအထင်းပုံစံမျိုး (မြက်ပင်များ စွန်းထင်းနေသော) denim dungarees Jean များကို ပေါင် ၈၅၀ နဲ့ ရောင်းချခဲ့ပါတယ်။

 

Italian fashion house’s ရဲ့ eco-washed organic denim Jean တွင် ဒူးခေါင်းနဲ့ ပေါင် နေရာတစ်ဝိုက် ပေကျံနေတဲ့ အစွန်းအထင်းအရောင်များ ပါရှိပြီး online ပေါ်တွင် ရောင်းချနေပြီ ဖြစ်ပါတယ်။

 

၎င်းထုတ်ကုန်နှင့် ပတ်သက်ပြီး Gucci က “ denim Jean ကို သဘာဝဝါဂွမ်းဖြင့်ပြုလုပ်ထားပြီး ဒီဇိုင်းပုံစံကို အစွန်းအထင်းပေကျံနေတဲ့ ပုံစံအနေဖြင့် အထူးထုတ်လုပ်ထားပါတယ်” ၊ ၎င်းကို grunge vibe အဖြစ် ဖော်ပြခဲ့ပါသေးတယ်လို့ ဆိုပါတယ်။

 

"Gucci အမှတ်တံဆိပ်ကို ခေတ်ပြိုင်များအကြား မျဉ်းကြောင်းများကို မှုန်ဝါးစေတဲ့ ကွဲပြားခြားနားသောဒီဇိုင်းများနဲ့အတူ ပြန်လည်အဓိပ္ပာယ်ကောက်ယူလိုက်ခြင်းမှာ အစွန်းရောက်တဲ့ အရာဝတ္ထုအသစ်များကို ရှာဖွေခြင်းဖြစ်တယ်" လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

 

by htikehtike
Ref:independent.co.uk

Read 951 times
Rate this item
(0 votes)

Related items