What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ချစ်သူတွေအတွက် အသုံးဝင်ပြီးအကြိုက်တွေ့စေမယ့် မိုဘိုင်း Application တစ်ခုထွက်ရှိ

ဖက်ရှင်ချစ်သူတွေအတွက် အသုံးဝင်ပြီးအကြိုက်တွေ့စေမယ့် မိုဘိုင်း Application တစ်ခုထွက်ရှိ google

ဖက်ရှင်ချစ်သူတွေအတွက် အသုံးဝင်ပြီးအကြိုက်တွေ့စေမယ့် မိုဘိုင်း Application တစ်ခုထွက်ရှိ

ဖက်ရှင်လိုက်စားတဲ့ သူတွေနဲ့ ဖက်ရှင်ချစ်သူတွေအတွက် ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကို ရွေးချယ်ရခြင်းဟာလည်း ခေါင်းစားစရာကိစ္စတစ်ခုပါ။ အဝတ်အစားများများစားစားရှိတဲ့သူတွေဆို ပိုခေါင်းစားရပြီး ဘယ်လိုဒီဇိုင်းမျိုးတွဲဖက်ဝတ်ဆင်

ရမလည်း ဆိုတာကိုပါ နောက်ဆက်တွဲ အနေနဲ့ စဉ်းစားရပါသေးတယ်။

အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Austin မြို့မှာရှိတဲ့ Texas တက္ကသိုလ်၊ Cornell နည်းပညာကုမ္ပဏီ၊


Georgai နည်းပညာကုမ္ပဏီနှင့် Facebook Al Research တို့ပါဝင်တဲ့ လေ့လာသူအဖွဲ့ ဟာဖက်ရှင်လေ့လာသူတွေ ဖက်ရှင်လိုက်စားသူတွေအတွက် ကိုယ်နဲ့ သင့်တော်၊ မသင့်တော်၊ လိုက်ဖက်မှုရှိ၊ မရှိ ကိုဆုံးဖြတ် အကြံပြုပေးမယ့် Application

တစ်ခုကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။

Fashion+++ လို့ အမည်ပေးထားတဲ့ ဒီ Application လေးဟာ Alogrithms ကိုအခြေခံထားတဲ့ Al ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ပုံပေါင်းတစ်သောင်းကျော်ပါဝင်တဲ့ ဒေတာဘေ့စ်နဲ့ပေါင်းစပ် ပြုလုပ်ထားတာဖြစ်ပါတယ်။

အဲ့ဒီ ပုံတစ်သောင်းကျော်က ဖက်ရှင်ဝက်ဘ်ဆိုက်တွေမှာ အသုံးပြုသူတွေပြန်လည် မျှဝေခဲ့တဲ့ပုံတွေဖြစ်ပြီး ဒီဇိုင်း၊ ကာလာ၊ ပုံစံတွေကိုခွဲခြမ်း စိတ်ဖြာပေးမှာဖြစ်ပါတယ်။

ထို့ပြင် ဖန်တီးသူတွေဟာ အသုံးပြုတွေနဲ့ မလိုက်ဖက်တဲ့ ဒီဇိုင်းပုံစံတွေကို ဥပမာအနေနဲ့ ပြသဖို့ Application ထဲကို ပရိုဂရမ်ရေးဆွဲထားတာဖြစ်ပါတယ်။

အသုံးပြုတဲ့သူတွေအနေဖြင့် အဝတ်အစား တစ်ပုံချင်းစီ ရိုက်ကူးပြီးလို့ Application ထဲကို Upload လုပ်လိုက်တဲ့အခါမှာ လည်း လိုက်ဖက်မှုရှိ မရှိကိုလည်း သုံးသပ်ကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။

Application ကိုတော့ လက်ရှိမှာ စမ်းသပ်ထုတ်လုပ်နေဆဲပြီး ထွက်လာတဲ့အခါမှာလည်း ပိုမိုပြည့်စုံတဲ့ ဗားရှင်းတွေနဲ့ မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Texas တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ Kristen Grauman ကတော့ “လူရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် ပေါ်မူတည်ပြီး ဘယ်လိုဖက်ရှင်မျိုးတွေနဲ့ လိုက်ဖက်ဆိုတာကို Application ကနေတစ်ဆင့် တုံ့ပြန်နိုင်ဖို့ကျွန်တော်တို့ဖက်က ပုံဖော်နေပါပြီ။

ဖက်ရှင်နဲ့ပတ်သက်တဲ့ အခုလို Application တစ်ခုကို အတူတကွ ဖော်ဆောင်ရတာစိတ်လှုပ်ရှားစရာတစ်ခုပါပဲ” လို့အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

 

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 





ဒီဇိုင်း၊ ကာလာ၊ ပုံစံတွေကိုခွဲခြမ်း စိတ်ဖြာပေးမှဖစ်ပါတယ်။






app1

app2

 

Myanmar Textile and Garment Directory

 

Read 1246 times
Rate this item
(0 votes)
Tagged under