အမြဲတမ်းလိုလို ပုံစံ အလန်းစားတွေ ဖန်တီးနေတဲ့ Rapper အဆိုတော် Cardi B ကတော့ Reebok collection ကြော်ငြာပုံတွေ ထွက်ပေါ် လာခဲ့ပါပြီ။ သူများထက် အမြဲ ထူးနေ ဆန်းနေတတ်တဲ့ Cardi B ကတော့ ဒီ တစ်ခါ Sneaker Collection မှာတော့ Durga ရဲ့ ပုံစံ မျိုး ရိုက်ခဲ့ပါတယ်။
အသက် (၂၈)နှစ် အရွယ် Cardi B ကတော့ အနီရောင် Sneaker တွေကို ကိုင်ထားတဲ့ ပုံမျိုး ရိုက်ထားတာပါ။ ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာ ဖြစ်ပါတယ် ။
ဓါတ်ပုံရိုက်ကူးရေးတွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းတုန်းက ရိုက်ကူးခဲ့တာပါ။ ထူးခြားလှပတဲ့ ဖက်ရှင် စတိုင် (၃)မျိုးနဲ့ ရိုက်ခဲ့တာပါ။ Cardi B က တော့ နိုဝင်ဘာ (၁၃)ရက်နေ့မှာ ထွက်ရှိမယ့် သူမရဲ့ Sneaker Collection သစ်အတွက် စိတ်လှုပ်ရှားနေကြောင်းနဲ့ ပရိသတ်တွေ ကြိုက်ကြမယ်လို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။ အင်တာဗျူးမှာတော့ သူမက တစ်ဖက်မှာလည်း မိခင်တာဝန်ကို ယူပြီး ဒုတိယ အယ်ဘမ် ပြင်ဆင်ရတာနဲ့ ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ နောက်ထပ် အယ်ဘမ်ကိုလည်း နံပါတ်တစ် ဖြစ်အောင် လုပ်ဖို့ လိုသေးကြောင်း၊ သူမရဲ့ Snealer တွေက မြန်မြန် ရောင်းထွက်ခဲ့ပေမယ့် နောက်ထပ် Sneaker တွေလည်း မြန်မြန်ရောင်းထွက်ဖို့ လိုသေးကြောင်း၊ အဲဒါကြောင့် အိပ်မယ်ဆိုရင်တောင် တွေးရင်း စဉ်းစားရင်းနဲ့ ပဲ အိပ်ဖြစ်တယ်လို့ ပြောလာပါတယ်။
American Music Awards မှာ လည်း ဆုလေးဆု ရထားပြီး ဝင်ငွေ ကောင်းတဲ့ အဆိုတော် တစ်ယောက် ဖြစ်လာ တဲ့ သူမမှာ တော့ ခက်ခဲ မှုတွေလည်း အများကြီး ရှိတယ်လို့ ပြောလာခဲ့ပါတယ်။ " ကျွန်မရဲ့ Team အပေါ် အရမ်းကျပ်တယ်၊ တခြားသူဟာကို ကျွန်မတို့ အာရုံမစိုက် နေဘူး။ ကျွန်မတို့ နောက်ဆုံး လုပ်ခဲ့တဲ့ အရာ အပေါ်မှာပဲ အာရုံ ထားတယ်။ နောက်ဆုံး လုပ် တဲ့ MV ၊ နောက်ဆုံး လုပ်တဲ့ collaboration ဒါတွေပဲ နှိုင်းယှဉ်တယ်။ ပိုပို ပြီး ကောင်းလာတာ မျိုးကိုပဲ ကျွန်မ တို့ လိုချင်တယ်။ ကျွန်မလုပ်တဲ့ အရာတွေက လူတွေ သဘောကျတယ်၊ ကျွန်မ ပစ္စည်းတွေ မြန်မြန် ရောင်းထွက်တာ၊ ကျွန်မ သီချင်းတွေ ကောင်းနေတာမျိုးကို မြင်ရင် သဘောကျတယ် ။ အဲ့လို ဖြစ်လာရင် အရမ်း ပျော်တယ်။ အဲ့လို ခံစားရလာရင် ဒီ့ထက် ပိုကောင်းတာမျိုးကိုပဲ ပိုပိုပြီး လိုချင်လာတယ်." လို့ သူမရဲ့ အတော မသတ်နိုင်တဲ့ ဖြစ်ချင်စိတ်၊လိုချင်စိတ်တွေ အကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။
နိုဝင်ဘာ (၁၃)မှာ ထွက်မယ့် သူမရဲ့ Sneaker Collection ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပြီးချိန် တည်းက အမြည်း မိတ်ဆက်ပေးခဲ့ပြီး Promote လုပ်တဲ့ ကြော်ငြာ ပုံတွေကို တော့ အခုမှ ထုတ်ပြခဲ့တာပါ။ အောက်တိုဘာ (၁၁) ရက်နေ့ သူမရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ မှာ တည်းက နိုဝင်ဘာကျရင် Reebok နဲ့ သူမရဲ့ ပထမဆုံး sneaker collaboration နိုဝင်ဘာမှာ ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ကံကောင်းတဲ့ Fan တွေကတော့ Reebok membership တွေကနေ ထွက်မယ့်နေ့ထက် အရင် စောပြီး ဒီဖိနပ်တွေကို ရနိုင် မှာပါ။
Myanmar Textile & Garment Guide
Source: Daily Mail