What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သက်မွန်မြင့် ပြောပြတဲ့ သူမရဲ့ စိတ်ကြိုက်ဖက်ရှင်အကြောင်း

သက်မွန်မြင့် ပြောပြတဲ့ သူမရဲ့ စိတ်ကြိုက်ဖက်ရှင်အကြောင်း google

မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့် ပြောပြတဲ့ သူမရဲ့ စိတ်ကြိုက်ဖက်ရှင်အကြောင်းလေးကို တင်ပြပေးမှာ ဖြစ်ပါတယ်ရှင်။

အနုပညာလောကထဲကို စရောက်တုန်းက စတိုင်ပန်လေးတွေ ဂျင်းဘောင်းဘီလေးတွေကို စပို့ရှပ်လေးတွေနဲ့ တွဲပြီး အဝတ်များတဲ့ ချစ်သက်ကတော့ အခုဆိုရင် အရမ်းကို ဖက်ရှင်ကျပြီး လှပလာတာကိုလဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လုံခြုံတဲ့ အဝတ်အစားတွေကို သဘောကျတဲ့ သက်မွန်က အတိုတွေ ကြိုးတစ်လုံးအင်္ကျီ တွေကို သိပ်မဝတ်ဆင်ဖြစ်ပါဘူးတဲ့။

သူမကတော့ နေရာဒေသကို လိုက်ပြီး သင့်တော်အောင် ဝတ်ဆင်တတ်သူ ဖြစ်တဲ့အတွက် ပွဲတွေ မဟုတ်ရင် Free Style ဖက်ရှင်ကိုပဲ ဝတ်ဆင်တာကို ပရိသတ်တွေ အမြဲတွေ့နေကျပဲ ဖြစ်ပါတယ်။

11

အရမ်းကို ထင်းကနဲ ဖြစ်စေတဲ့ အဝတ်အစားတွေကို ရှောင်ပြီး သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားတွေကိုပဲ အများအားဖြင့် ဝတ်လေ့ရှိပါတယ်။

Read: ပါတီပွဲသွားတဲ့အခါမှာ ရှောင်ရှားသင့်တဲ့ အချက်များ

သက်မွန်က ဗမာဝတ်စုံလေးတွေကိုလဲ သဘောကျပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မြန်မာဝတ်စုံက ဘယ်လို ခန္ဓာကိုယ်အမျိုးအစားပဲဖြစ်ဖြစ် Body Shape လေးပေါ်ပြီး ကြည့်လို့ကောင်းတဲ့အတွက် ကြိုက်တာပါ ဆိုပြီး ပြောခဲ့ပါတယ်။

အကယ်ဒမီဆုနှစ်ဆုတောင် ရရှိခဲ့တဲ့ သက်မွန်က အဲ့ဒီအကယ်ဒမီပေးပွဲနှစ်ပွဲလုံးမှာ ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်လာတဲ့အတွက်ကြောင့် သူမကို ချစ်ကြတဲ့ ပရိသတ်တွေက အရမ်းသဘောကျခဲ့ပါတယ်။

31

ဂျင်းနဲ့ တီရှပ်က သက်မွန်ရဲ့ အကြိုက်ဆုံးဖက်ရှင် ဖြစ်ပါတယ်တဲ့။

Read: ပြေတီဦးနဲ့ အူဝဲရဲ့ ပွဲတက်ဖက်ရှင်

အခုဆိုရင် သက်မွန်ပြောပြတဲ့ သူမစိတ်ကြိုက်ဖက်ရှင်တွေကို ဖတ်ရှုရတဲ့အတွက် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။

ဖက်ရှင်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပါ။ဖက်ရှင်လို့ ဆိုရာမှာလည်း တန်ဖိုးကြီး အသုံးအဆောင်တွေကို ဝတ်ဆင်ခြင်းကိုသာ ဆိုလိုတာ မဟုတ်ပဲ ကိုယ်ပိုင် စတိုင်လ်နဲ့ ယုံကြည်မှုရှိရှိ ဝတ်ဆင်နေထိုင်ခြင်းဟာလည်း သင့်ကို ဖက်ရှင်ကျ လှပစေနိုင်ပါတယ်နော်။

နောက်နေ့တွေကျရင်လဲ ဖက်ရှင်နဲ့ ပတ်သတ်တဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ အချက်ကလေးတွေကိုလဲ မျှဝေပေးသွားမှာမို့ အားပေးကြပါအုံးရှင်။

Source: Eleven

Myanmar Textile and Garment Directory

Read 2790 times
Rate this item
(1 Vote)
Tagged under