What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ ကမ္ဘာ့ကြေးအများဆုံး မင်းသမီးရဲ့ ဖက်ရှင်စတိုင်

Forbes မှ The World’s Highest-Paid Actresses 2018 စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ

နံပါတ်(၁) နေရာမှာ ရုပ်ရှင်မင်းသမီး Scarlett Johansson ရောက်ရှိနေပါတယ်။ သူ့ရဲ့ကြေးက $40.5 ဖြစ်ပါတယ်။
စစိတမ်းကောက်ခံတဲ့ကာလက June 1, 2017 မှ June 1, 2018 ဖြစ်ပါတယ်။
အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ အခွန်မပေးဆောင်ခင် ရရှိထားတဲ့ အခကြေးငွေကို စာရင်းပြုစုထားတာ ဖြစ်ပါတယ်။

Marvel ရဲ့ Avengers ရုပ်ရှင်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ခဲ့တာမှာ သူ့ရဲ့ ၂၀၁၇ ခုနှစ်အတွက် ၀င်ငွေ ၄ဆကျော် တိုးသွားခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်း ၁ ကနေ ၅ အထိကြည့်ရင်
နံပါတ် ၂ နေရာမှာ Angelina Jolie ရှိနေပြီး အခကြေးငွေက $28 သန်း ဖြစ်ပါတယ်။
နံပါတ် ၃ နေရာမှာတော့ Jennifer Aniston ရှိနေပါတယ်။ သူ့ရဲ့ အခကြေးငွေက ဖြစ်ပါတယ်။ ဒေါ်လာ ၁၉ သန်းခွဲ ဖြစ်ပါတယ်။
နံပတ် ၄ နေရာမှာတော့ Jennifer Lawrence ရှိနေပြီး အခကြေးငွေက ဒေါ်လာ ၁၈ သန်း ဖြစ်ပါတယ်။
နံပါတ် ၅ နေရာမှာ Reese Witherspoon က အခကြေးငွေ ဒေါ်လာ ၁၆သန်းခွဲနဲ့ ရှိနေပါတယ်။

ကြေးအများဆုံး နံပါတ်(၁) မှာ ရောက်ရှိနေတဲ့ Scarlett Johansson က စတိုင်လ်အတွက်ဆိုရင် စမ်းသပ်ဝတ်ကြည့်ဖို့ ၀န်မလေးတဲ့သူမျိုး ဖြစ်ပါတယ်။ ဆံပင်ကိုလည်း အရောင်းပြောင်းတယ်။ ဖက်ရှင်ကိုလည်း အမျိုမျိုးဝတ်တယ်။ သူ ဘာတွေဘယ်လို စတိုင်ထုတ်မလဲဆိုတာ မှန်းဖို့ ခက်တယ်။
Scarlett Johansson စတိုင် အမျိုးမျိုးကို အောက်ပါ ဗီဒီယိုမှာ ဖော်ပြပေးထားပါတယ်။

 

 

Read 948 times
Rate this item
(0 votes)