What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီပီကာ ပါဒူကိုနေးရဲ့ ကိန်းပွဲတော် ဖက်ရှင်များ

မေလ ၈ ရက် အင်္ဂါနေ့မှာ စတင်ခဲ့ပြီး မေလ ၁၉ ရက် စနေနေ့မှာ ပြီးဆုံးမယ့် 2018 Cannes Film Festival ပွဲတော်ကို တက်ရောက်တဲ့ စဲလီတွေအနေဖြင့် ရက်ကြာကြာနေတဲ့အခါ တစ်ရက်နဲ့ တစ်ရက် မထပ်ရအောင် ဖက်ရှင်ဆန်းတွေ တစ်မျိုးပြီး တစ်မျိုး ၀တ်ကြရတယ်။ ၀တ်ဆင်ဖြစ်သမျှ အင်စတာဂရမ်မှာ ပုံတင်ကြတယ်။


ဘောလီဝုဒ် မင်းသမီး Deepika Padukone က ဘယ်လို ဖက်ရှင်တွေ ၀တ်ဆင်ခဲ့သလဲ။
သူက အိန္ဒိယနိုင်ငံမှာ ကြေးအများဆုံးရတဲ့ မင်းသမီးတစ်ဦးဆိုတော့ ဘယ်လိုတွေ ၀တ်မှာလဲဆိုတာ စိတ်ဝင်တစား ရှိကြတယ်။

 

deepika 1deepika 2deepika 3

လူပြောအများဆုံး ဖြစ်သွားတာကတော့ ပန်းနုရောင် ရုပ်လုံးကြွဝတ်စုံ ဖြစ်ပါတယ်။

Ashi Studio ရဲ့ spring summer 2018 စုစည်းမှု ဖြစ်ပါတယ်။

 

 

deepika 4deepika 4a

 

ဒီပီကာ ပါဒူကိုနေးက ဂျင်းဘောင်းဘီပြာကို အဖြူစွတ်စွတ် စွပ်ကျယ် ခါးစည်းပြီး ၀တ်ဆင်ခဲ့လိုက်တော့ ဂန္ထ၀င်မြောက်သွားတယ်။

ကိုယ်ခန္ဓာအပေါ်ပိုင်းရဲ့ အချိုးအစားက စွပ်ကျပ်ကို အသားနည်းနည်း ကြဲသွားအောင် ရုန်းနေလိုက်တာ လှိုင်းကြက်ခွပ်ကလေးတွေတောင် စွပ်ကျယ်အဖြူသားပေါ် ထကုန်တယ်။

 

 

deepika 5

ခါးကို စည်းပြီး အချိုးအစားပြထားပေမဲ့ လေမှာ လွင့်နေသလို ဖီလင်လာတဲ့ ပါးလွှာလွှာ ဒိုင်းမွန်းအဆင်နဲ့လည်း ဓာတ်ပုံတစ်ပုံ အင်စတာဂရမ်ပေါ် ပစ်တင်ခဲ့တယ်။
အဲဒီ ၀တ်စုံက Philosophy di Lorenzo Serafini ရဲ့ Fall Winter 2018 စုစည်းမှုထဲမှ တစ်ခုလို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။

 

 

deepika 6

Zuhair Murad ရဲ့ ထွင်းဖောက်မြင်သာ ဇာပါးလွှာ ၀တ်စုံနဲ့ ကော်ဇောနီပေါ် လျှောက်လှမ်းခဲ့တယ်။

ပါးလွှာမြင်သာနေတဲ့ ၀တ်စုံမှာ လည်ပင်းအဟိုက်ကို ရင်ကွဲအဟနဲ့ ဆက်စပ်ပေးထားတာ

ခါးအထက်နားအထိ ရောက်တယ်။ Nude dress ရေစီးကြောင်းထဲ မပါရင် တစ်ခေတ်နောက်ကျ ကျန်ရစ်မယ်။

 

 

deepika 7

ရှုမ၀အောင် ရိုးရိုးလေးနဲ့ တစ်မျိုးလှနေတဲ့ နွေဝတ်စုံနဲ့လည်း လေသာဆောင် ရေပြင်နောက်ခံနဲ့ ပုံတစ်ပုံ အင်စတာဂရမ်ပေါ် လှမ်းတင်ပေးထားတယ်။

 

 

 

deepika 8


အယ်လ်အေ အခြေစိုက် Frame ရဲ့ ဂျင်းပြာနဲ့လည်း စတိုင်လ်ထုတ်ပြတယ်။ ATM Anthony Thomas Melillo ရဲ့ ကိုယ်ကျပ်စွပ်ကျယ်၊ Roger Vivier ရဲ့ ဒေါက်ဖိနပ်တို့ကို ပေါင်းစပ်ထားတဲ့ ဂန္ထ၀င်မြောက် ဂျင်းအခိုက်အတန့်တစ်ခုပါပဲ။

 

 

deepika 9

အမျိုးသားဝတ်စုံလို့ ထင်စရာရှိတဲ ခရမ်းလွန်ရောင် အင်္ကျီလက်ရှည်ဟာ တကယ်တော့ နွဲ့လျတဲ့ မိန်းမသားတစ်ဦးရဲ့ ကိုယ်ခန္ဓာ အကွေးအကောက်တွေကို လိုက်ညှိပေးထားတယ်။

ဒါပေမဲ့ အရောင်က ပြင်းထန်နေတော့ ၀တ်ထားတာကို ကြည့်တာနဲ့တင် ပူအိုက်နေတဲ့အရသာ စိတ်ထဲ ခံစားမိစေတယ်။ Victoria Hayes ရဲ ၀တ်စုံလို့ သိရတယ်။

 

 

deepika 10


ရေပြာပြင်ကျယ် နောက်ခံရှေ့မှာ သတ္တုဝတ်စုံနဲ့ မတ်တတ်ရပ်နေတဲ့အခါ နတ်မိမယ်လား ထင်မှတ်မှားမိစေတယ်။ Alberta Ferretti ရဲ့ fall winter 2018 collection ထဲမှ တစ်ခုလို့ သိရတယ်။ လည်ပင်းပေါက် မပါအောင် နှစ်ခြမ်းဟနေတာ ခါးအထိ ရောက်တယ်။ ထုပ်စည်းထားတဲ့ ကြိုးလိုင်း သုံးလိုင်းက အပေါ်ဖက်မှာ ရှိနေတဲ့ အဖောင်းအကြွကို ပေါ်လွင်သွားစေတယ်။

Read 1565 times
Rate this item
(0 votes)