What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရွေးကောက်ပွဲနဲ့ Vote ဖက်ရှင်

ဖက်ရှင်ဒီဇိုင်နာတွေက ရွေးကောက်ပွဲနီးလာချိန်မှာ 'VOTE' ဟူသောစကားလုံးကို အဝတ်အထည်များနှင့် အခြားဖက်ရှင်စ္စည်းများပေါ်မှာ ဖော်ပြပေးပြီး Vote ဖက်ရှင်ကို ဖန်တီးကြတယ်။

 

"Vote" စာလုံးကို ဗဟိုပြုထားတဲ့ ဖက်ရှင်တွေထဲမှာ ရေပန်းအစားဆုံးတစ်ခုကတော့ အိုဘားမားရဲ့ ဇနီး Michelle Obama ဝတ်ဆင်ခဲ့တဲ့ "Vote" လည်ဆွဲ ဖြစ်ပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၂၉၅ ဖြစ်ပါတယ်။ ဒီဇိုင်နာက Chari Cuthbert ဖြစ်ပါတယ်။ ByChari ဆိုတဲ့ brand အတွက် ဖန်တီးပေးခဲ့တဲ့ လည်ဆွဲဖြစ်ပါတယ်။

 

michelle obama DNC vote necklace

သမ္မတနေရာကို ဝင်ပြိုင်တဲ့ Joe Biden ရဲ့ ဇနီးဖြစ်သူ Dr. Jill Biden ကလည်း Vote ဖက်ရှင်နဲ့ ပွဲထွက်ခဲ့တာ ဖက်ရှင်သတင်း အဖြစ် ဖော်ပြကြတယ်။

 

အဲဒီ လည်ရှည်ဘွတ်ဖိနပ်ကို 5050 Vote Boot လို့ အမည်ပေးထားပြီး ရောင်းဈေးက အမေရိကန်ဒေါ်လာ ၆၉၀ ဖြစ်ပါတယ်။ "vote" ဆိုတဲ့ စာလုံးကို ငွေသားဖြင့် ဖော်ပြထားပါတယ်။ ဒီဇိုင်နာက Stuart Weitzman ဖြစ်ပါတယ်။

stuart weitzman vote boots jill biden

 

ဖက်ရှင်ရှိုးပွဲတွေမှာလည်း Vote ဖက်ရှင်ကို ထည့်သွင်းပြသကြတာ တွေ့ကြရတယ်။

Read 585 times
Rate this item
(0 votes)
Tagged under