What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်းသားချားလ်စ်ရဲ့ "ရပ်တန့်သောနာရီ"ဝတ်စားဆင်ယင်မှု စတိုင်

ဗြိတိသျှ နန်းစဉ် အိမ်ရှေ့စံမင်းသား ချားလ်စ်က British Vogue အယ်ဒီတာချုပ် Edward Enninful နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ရာမှာ ဗြိတိသျှအထည်အလိပ်လုပ်ငန်းမှ ရိုးရာကျွမ်းကျင်မှုများအကြောင်းကို ပြောဆိုခဲ့ပြီး ပိုမို၍ ရေရှည်တည်တံ့သောဖက်ရှင်ကို ဖန်တီးပေးကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

 

ဆွေးနွေး ပြောဆိုခဲ့ကြရာမှာ သူ ဝတ်စားဆင်ယင်ပုံဟာ ဖက်ရှင်စတိုင် မရှိဘဲ ဝတ်စားဆင်ယင်နေတာ တစ်ခါတလေမှာတော့ ကြက်ကန်းဆန်အိုးတိုးပြီး စတိုင် ဖြစ်သွားတာမျိုးသာ ဖြစ်လို့ “ ရပ်တန့်နေတဲ့ နာရီကဲ့သို့” ဖြစ်တယ်လို့ ပုံပမာခိုင်းနှိုင်းပြီး ပြောကြားခဲ့တယ်။ သူက အဝတ်အစား ဖန်တီးရာမှာ လူတော်တွေကို ရှာဖွေလေ့ရှိတယ်။ အဝတ်အစားကို စွန်ပစ်မယ့်အစား ဖာထေးပြုပြင်တာကို နှစ်သက်ကြောင်းလည်း သူက ပြောပြတယ်။

 

Enninful က ချားလ်စ်ရဲ့ ဖက်ရှင်စတိုင်ကို ချီးကျူးပြီး သူ့ ဝတ်စားဆင်ယင်ပုံစတိုင် ဘယ်နေရာက လာသလဲဆိုတာကို ပြောပြခိုင်းလို့ ချားလ်စ်က ပြောပြတယ်။

 

“ ငါဟာ ရပ်တန့်ထားတဲ့နာရီလိုမျိုးလို့ ထင်ခဲ့တယ်၊ ၂၄ နာရီတိုင်းမှာ ၂ ကြိမ်တော့ အချိန်မှန်တယ်။ ဒါပေမဲ့... သင်က ငါ့မှာ စတိုင်ရှိပါတယ်လို့ ထင်တာ အလွန်ဝမ်းမြောက်မိပါတယ်။ ငါက အသေးစိတ်နှင့်အရောင်ပေါင်းစပ်ပုံကို ဂရုစိုက်တယ်။ ငါ အလေးထားတဲ့ဟာတွေကို လုပ်ကိုင်ပေးနိုင်တဲ့ အံ့သြဖွယ်ကောင်းတဲ့ လူတော်တွေကို ငါ ရှာဖွေတွေ့တာ ငါ့အဖို့တော့ ကံကောင်းတာပဲ"

 

"အဝတ်အစားတွေကို တာရှည်ခံအောင် ငါ ဂရုစိုက်ပေးတယ်။ ငါက ရှူးဖိနပ်ဖြစ်ဖြစ် အဝတ်အစားဖြစ်ဖြစ် ပျက်စီးတာတွေ့ရင် တကယ်လို့ ငါ ပြုပြင်ပေးလို့ရရင် ဖာထေးပြုပြင်လိုက်တယ်။ ပျက်စီးတာ တွေ့ရုံနဲ့တော့ စွန့်ပစ်လိုက်တာမျိုး မလုပ်ဘူး"

 

သူပြောတာ တကယ်အမှန်ပါ။ အပေါ်ခြုံ ကုတ်အင်္ကျီ နှစ်ထည်ကိုပဲ အကြိမ်ကြိမ် ဝတ်နေခဲ့တာ ၁၉၈၀ ပြည့်နှစ်လွန်ကတည်းက အခုအထိ ဖြစ်ပါတယ်။

charles two coats

 

By Myanmar Textile & Garment Guide

Ref: townandcountrymag.com

Read 766 times
Rate this item
(0 votes)