What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ပတ်ရစ်အထည်များ ပြန်လည်ရောင်းချသည့် ပလက်ဖောင်း စတင်လိုက်တဲ့ Levi's

US denim အမှတ်တံဆိပ် Levi's သည် တစ်ပတ်ရစ် Secondhand တွေကို ပြန်လည်ရောင်းချသည့် ပလက်ဖောင်း စတင်နေပြီဖြစ်ပြီး ဖောက်သည်များမှ သူတို့ရဲ့ ဂျင်းဘောင်းဘီဟောင်းများကို လက်လီအရောင်းဆိုင်များသို့ပြန်ရောင်းနိုင်တယ်လို့ သိရပါတယ်။

 

ပြန်လည်ရောင်းချသူများက သူတို့၏ Levi's ဂျင်းဘောင်းဘီများရဲ့ အရည်အသွေးအရ ဆုံးဖြတ်ပြီး credit အနေနဲ့ ၁၅ ဒေါ်လာ မှ ၂၅ ဒေါ်လာ ကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ပြန်လည်ရောင်းချသည့် ပလက်ဖောင်းတွင် ဝယ်သူများအတွက် ဒေါ်လာ ၃၀ မှ ၁၀၀ အကြားရှိ အဝတ်အစားများကို ပြန်လည်ထည့်သွင်းရောင်းချတယ်လို့ ဆိုပါတယ်။

 

ဝတ်ပြီးသား ဂျင်းဘောင်းဘီများကို ပြန်လည်ရောင်းချရန်အတွက် Levi's က ၎င်းသည် ၅ ဒေါ်လာ ပေးပြီး ဆွီဒင်အခြေစိုက် Renewcell နဲ့ ပြန်လည်အသုံးပြုမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ထို brand အစီအစဉ်တွင် Hailey Beiber, Jaden Smith, Maeve Reiley, Amber Valletta နှင့် Carolyn Murphy များ အစရှိသော နာမည်ကြီးအနုပညာရှင်များ လက်မှတ်ထိုးရန်အတွက်ပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

The brand chief marketing officer ဂျနီဖာစဲ၏အဆိုအရ အဝတ်အစားပြုပြင်ခြင်းနဲ့ ပြန်လည်နေရာချထားခြင်းတို့တွင် တခြားဖြည့်စွက်စရာများ လိုအပ်သလို ဂျင်းဘောင်းဘီများ ပိုမိုထုတ်လုပ်ရန်အတွက် ရေ သို့မဟုတ် ဆိုးဆေးများ ပိုလိုအပ်တယ်လို့ ဆိုပါတယ်။

 

သူမက Levi ရဲ့ဂျင်းဘောင်းဘီကို Secondhand မှ ဝယ်ယူခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်းခန့် သက်သာစေရုံသာမက Levi's မှ ဂျင်းဘောင်းဘီအသစ်ဝယ်ယူမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၇၀၀ ဂရမ် အမှိုက်များကိုပါ သက်သာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

By htike htike ( Myanmar Textile & Garment Guide )

Ref : fibre2fashion.com

Read 745 times
Rate this item
(0 votes)