What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုပ်ငန်းခွင်အတွင်း လုံး၀ မဝတ်ဆင်သင့်တဲ့ အဝတ်အစားပုံစံ

ဝန်ထမ်းတစ်ယောက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ ဘယ်လို အဝတ်အစားမျိုးတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာ သိထားသင့်ပါတယ်နော်..။ လုပ်ငန်းခွင်မှာ မဝတ်ဆင်သင့်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်မယ်ဆိုရင် ကိုယ့် image လျော့ကျတာမျိုး ဖြစ်နိုင်တာကြောင့် အချိန်တိုင်းလိုလို သတိထားပြီး ဝတ်ဆင်မှ တော်ကာကျမှာပါ..

အဲဒါဆိုရင် ဘယ်လို အဝတ်အစားမျိုးတွေလဲ ဆိုတာ တချက်လောက် ကြည့်လိုက်ရအောင်...

 

Short Leather Skirt

Denim shirt and mini leather skirt - StepUpLadies.net

Leather စကဒ် ၊ မီနီ စကဒ်တွေကို လုံးဝ မဝတ်ဆင်သွားပါနဲ့… ဒီလိုစကဒ်တွေက ရင့်ကျက်ပြီး Professional ဆန်တဲ့ ဒီဇိုင်းတစ်ခု ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး… ဖက်ရှင် စတိုင်လ် တစ်ခု အနေနဲ့ဆွဲဆောင်မှုအားကောင်းပေမယ့် အလုပ်အတွက်ကျ စမတ်ကျပြီး ရင့်ကျက်တဲ့ ပုံစံမျိုး မပေါက်စေတာမို့ ရှောင်သင့်တဲ့ထဲမှာ ဒီလို စကဒ်တွေပါဝင်နေပါတယ်။

 

မိန်းကလေးဆန်တဲ့ ပွင့်ရိုက် ဒီဇိုင်းများ

Buy Off -White Dresses & Gowns for Women by Aasi-House Of Nayo Online |  Ajio.com

နွေရာသီလို အချိန်မှာတော့ ပွင့်ရိုက်ဒီဇိုင်း ဂါဝန်လေးတွေက လိုက်ဖက်ပြီးတော့ အရမ်းလှနေ မှာပါ… ဒါပေမဲ့ လုပ်ငန်းခွင်မှာတော့ ရင့်ကျက်တဲ့သွင်ပြင်ကို ပေးစွမ်းနိုင်မှာ မဟုတ်တဲ့ အတွက် မဝတ်တာကောင်းပါလိမ့်မယ်… ဒီလို မိန်းကလေးဆန်ဆန် ပွင့်ရိုက်ဒီဇိုင်းလေးတွေ၊ ဂါဝန်လေးတွေဟာ ကမ်းခြေနဲ့တော့ သိပ်ကို လိုက်ဖက်တာမို့ ကမ်းခြေသွားမယ် စဉ်းစားထားတဲ့အတွက်တော့ တော်တော်ကို အဆင်ပြေနိုင်မယ့် ဝတ်စုံလေးဖြစ်မှာပါ။

 

အရောင်ထင်းထင်း ကြောင်ကြောင်ကြားကြား အထည်တွေ မဝတ်ပါနဲ့

orange and blue | Summer fashion, Clothes, Fashion

အရောင်တွေ များပြီး မျက်စိထဲ ရှုပ်နေစေမယ့် ဒီဇိုင်းမျိုးတွေကို ရှောင်ပါ… အလုပ်ခွင်မှာ အရောင်ကို ၃ ရောင် ထပ်ပိုပြီး ရောစပ်မဝတ်ပါနဲ့… မျက်စိထဲရှုပ်နေစေတဲ့အပြင် အာရုံနောက်စရာဖြစ်စေတာကြောင့် ကိုယ့်ကို Professional တစ်ယောက်လို မမြင်စေနိုင်မှာတော့ အသေအချာပါပဲ…

 

တွန့်ကြေနေတဲ့ အဝတ်အစားတွေကို မဝတ်ဆင်ပါနဲ့

သတင်းများ

တွန့်ကြေနေတဲ့ အဝတ်အစားတွေက ဘယ်နေရာမှာမဆို မျက်နှာကောင်းရစေမှာ မဟုတ်ပါဘူး. အလုပ်ခွင်ထဲကို အသာထားပြီး သာမန်ထသွားထလာတောင် တွန့်ကြေနေတဲ့ အင်္ကျီနဲ့ဆို ဂွမ်းမှာ သေချာပေါက်ပါဘဲ။ ဒါကြောင့် အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်နဲ့ သေချာ မီးပူတိုက်ပြီးမှ ဝတ်တာ အကောင်းဆုံး ဖြစ်မှာပါ။

 

သက်တောင့်သက်သာ မရှိစေမယ့် အဝတ်အစားတွေ လုံးဝ မဝတ်ပါနဲ့၊

MODA | Article Detail | Classy ဖြစ်တယ်ထင်ရပေမယ့်တကယ်တမ်း Classy မဖြစ်တဲ့  အတွဲအစပ်များ

သင့်ရဲ့ ကောက်ကြောင်းနဲ့ကွက်တိဖြစ်ပြီး အရမ်းကြပ်နေတဲ့ အဝတ်အစားတွေဆိုရင် ရှောင်တာကောင်းတယ်…ဒီလိုအဝတ်အစားတွေ ဝတ်လိုက်ရင် သင်က အရမ်းလှသွားမှာ မှန်တာပေါ့..။

 

အရမ်းတောက်ပနေမယ့် အဝတ်အစားတွေကို ရှောင်ပါ

့လုပ်ငန်းခွင်မှာ လုံးဝ မဝတ်ဆင်သွားသင့်တဲ့ဝတ်စုံ - Myanmar Textile & Garment  Directory

အရမ်းတောက်ပပြီးတော့ လှပနေတဲ့ အဝတ်အစားတွေက ညဘက် အပြင်သွားစရာရှိတဲ့ အချိန်မှာဆိုရင်တော့ သိပ်ကောင်းပေါ့…ဒါပေမဲ့ လုပ်ငန်းခွင်မှာတော့ ဒါဟာလည်း လုံးဝမဝတ်သင့်တဲ့ အဝတ်အစားပါပဲ… ဒီလိုအင်္ကျီမျိုးတွေကိုတော့ ညဘက် ပွဲသွားလမ်းသွားအတွက်သာ သိမ်းထားလိုက်ပါ...

ကဲ.. ဒီလောက်ဆိုရင်တော့ လုပ်ငန်းခွင်ထဲမှာ ဘာတွေကို ရှောင်ရမယ်ဆိုတာ သိသွားလောက်ပြီပေါ့နော်… လုပ်ငန်းခွင်ထဲမှာ စတိုင်လ်ကျ လှပပြီးတော့ အောင်မြင်မှု တွေ ရရှိနိုင်ကြပါစေ။


Myanmar Textile & Garment Guide

source:for her myanmar

Read 963 times
Rate this item
(0 votes)