What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"အလုပ်အင်တာဗျူးအတွက် ဘယ်လိုဖက်ရှင်ရွေးမလဲ"

ဒီတစ်ပတ်မှာတော့ အလုပ်အင်တာ ဗျူးသွားတဲ့အခါ ဝတ်စားဆင်ယင်မှုမှာ သတိပြုရမယ့် အချက်အလက်လေးတွေ Fashion Tips အနေနဲ့တင်ဆက် ပေးထားပါတယ်။ အရေးပါတဲ့ တစ်နေရာရာကို သွားရမယ်ဆိုတဲ့အခါမှာ အဓိက ထားရမှာကတော့ Neat & Tidy ဖြစ်နေဖို့ပါပဲ။


# အရင်ဆုံးလေ့လာပါ
အင်တာဗျူးမသွားခင်မှာ သူတို့ အလုပ်က ဘယ်လိုအမျိုးအစား၊ ဘယ်လို နေရာမျိုးမှာ၊ ဘယ်လိုလူတွေနဲ့ လည်ပတ် နေတယ်ဆိုတာမျိုးကို အနီးစပ်ဆုံး တတ်နိုင်သမျှ လေ့လာသွားပါ။ ဒါဆိုရင် အင်တာဗျူးအတွက် ကိုယ့်ဖက်ရှင်ကပို နေတာ၊ လျော့နေတာတွေ သိပ်မဖြစ်စေ နိုင်တော့ပါဘူး။ ဥပမာ-အလှကုန်ရောင်း ချရမယ့် အလုပ်အကိုင်အတွက် လူတွေ့ သွားမှာမျိုးဆိုရင် လှလှပပ ပြင်ပြင်ဆင် ဆင်လေး ရှိမယ့်သူမျိုးကိုသာ အလုပ်ခန့် ချင်မှာပါ။ အဲဒီအတွက် ကိုယ့်ရဲ့ အလုပ်ရွေး ချယ်မှုပေါ်မူတည်ပြီး ကျကျနန ဝတ်စား ပြင်ဆင်သွားပါ။ ဒါက အဲဒီအလုပ်ကို လေးစားမှုရှိရာလည်း ရောက်တာပေါ့။


19961305 1750886508272070 372917305909969699 n
# အရောင်ရွေးချယ်မှု မှန်ကန်ပါစေ
သိပ်တောက်တောက်ပပဖြစ်တာတွေ၊ သမားရိုးကျမဟုတ်တဲ့ အရောင်တွေနဲ့ စူးစူးရဲရဲဖြစ်တာတွေကို ရှောင်ပါ။ အဖြူ နဲ့ အနက် ဒါမှမဟုတ်လည်း ကြည့်လိုက်တာနဲ့ ရိုးရှင်းတည်ကြည်နေစေမယ့် နေဗီပြာ၊ မီးခိုးရောင်၊ အညိုရောင်လို အရောင် လးတွေက မြင်ရသူကိုပါ ကြည်လင်မှု ပေးပါလိမ့်မယ်။
19961589 1750886978272023 5812977225116474301 n
# ဖက်ရှင်ဆိုတာကိုနောက်မှာချန်ရစ်ပါ
ဖက်ရှင်ကျဖို့မလိုတာတော့ မဟုတ် ပါဘူး။ ပြီးတော့ သေချာ မပြင်ဆင်ဘဲ သွားရမှာမျိုးလည်း မဟုတ်ဘူးနော်။အချိန်ပေးပြင်ဆင်လာတယ်ဆိုတာကို မပေါ်လွင်စေဘဲ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့ ဖက်ရှင်တစ်ခုနဲ့ အင်တာဗျူးမယ့်သူဆီ အရောက်သွားနိုင်ဖို့ ကြိုး စားပါ။ 
# ရှင်းလင်းနေပါစေ

ကြိုးတွေချည်ရတာ၊ အတွန့်အဖတ် များများပါတာ၊ ခန္ဓာကိုယ်ပေါ်မှာ ဟိုနား ဒီနားတွေ ကွက်ဖော်ထားတာ၊ ရှုပ်တီးရှုပ် တုတ် အဆင်မျိုးနဲ့ အမြင်နောက်စေတာ မျိုးတွေကို လုံးဝ မရွေးချယ်ပါနဲ့။ အစမှာ ပြောခဲ့သလိုပဲ သပ်ရပ်ပြီး စမတ်ကျနေစေ မယ့် ဖက်ရှင်မျိုးကသာ ကိုယ့်ကို လူတွေ့ စစ်ဆေးမယ့်သူရှေ့မှာ အမှတ်များသွားစေမှာပါ။
19989352 1750886398272081 6597224382192075926 n
# သပ်ရပ်နေဖို့အဓိကထားပါ
သန့်ရှင်းပြီး အနံ့အသက်ကင်းတဲ့၊ မီးပူတိုက်ထားတဲ့ အဝတ်အထည်မျိုး ဖြစ်ကို ဖြစ်ရပါမယ်။ တွန့်ကြေပြီး ညစ်တီးညစ်ပတ်ဖြစ်နေတာမျိုး၊ အနံ့ဆိုးထွက်နေတာ ဒါမှမဟုတ် စူးရှတဲ့ ရေမွှေးမျိုး ဆွတ်သွားတာမျိုးတွေက ကိုယ့် Personality ကို အမှတ်လျော့စေတာပေါ့။
# မသက်မသာမဖြစ်ပါစေနဲ့
စိတ်လှုပ်ရှားမှုက ကိုယ့်ဆီမှာ ရှိနေ ပြီးသားဆိုတော့ တခြားအရာတွေနဲ့ အလေးပင်မခံနဲ့တော့နော်။ သက်သောင့် သက်သာမရှိတာတွေ၊ အသစ်စက်စက် တွေ၊ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ဖိနပ်မျိုး တွေကို လုံးဝ ချန်ထားပါ။ ခပ်ပွပွတွေ၊ လျော့တိလျော့ရဲ အဝတ်အစားတွေနဲ့ လည်း မသွားပါနဲ့။ ကိုယ်နဲ့ အသား တကျရှိပြီး Fitting ဖြစ်တဲ့ အဝတ် အစားမျိုးနဲ့ တခြားအဆင်တန်ဆာတွေကို လည်း ကောင်းမွန်သပ်ရပ်တာတွေပဲ ဖြစ် နေပါစေ။

19875263 1750886614938726 171653318110728948 n
# လက်ဝတ်ရတနာတွေမလိုပါဘူး
ဒါကလည်း အရေးကြီးတဲ့အချက် ပါ။ အလုပ်အင်တာဗျူးဆိုတာြွကားရမယ့် နေရာမဟုတ်သလို တောက်ပနေစရာ လည်း မလိုပါဘူး။ နဂို နေ့တိုင်းဝတ်နေ ကျလောက်လေးနဲ့တင် လုံလောက်ပါပြီ။ လက်ဝတ်ရတနာတွေ ချွတ်ထားပစ်ခဲ့လို့ လည်း ကိစ္စမရှိပါဘူး။ Fancy Accessory ကြီးကြီးတွေလည်း မဝတ်သွားပါနဲ့။

SOURCE:NOW

Read 1132 times
Rate this item
(0 votes)