What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တွဲဖက်မဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

ဖက်ရှင်ဆိုတာက လူတစ်ယောက်ရဲ့ အလှကို ပိုပြီး ထင်ပေါ်အောင် ပံ့ပိုးပေးနိုင်သလိုပဲ ရှိရင်းစွဲ ဆွဲဆောင်မှုကိုတောင် လျော့သွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ လူမှာ အဝတ် တောင်းမှာ အကွပ်ဆိုတဲ့ စကားလေးက ဖြစ်ပေါ်လာတာပါ။ တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့ ဖက်ရှင်က ကိုယ်နဲ့ လုံးဝ မလိုက်ဖက်ဘူးဆိုရင်တော့ သင့်ရဲ့ရှိရင်းစွဲ အလှလေးကိုပါ ပျောက်သွားစေမှာပါနော်။

ဒါကြောင့် တွဲဖက်ဝတ်ဆင်ဖို့ မသင့်တဲ့ ဖက်ရှင် အမှားလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

 

Business suits နဲ့ ဖိနပ်အပါး

Pant Suits For Women Blazer Set Autumn Lady Business Office Work Korean  Style Uniform V neck Long Jacket Elegant Pants Suits|Women's Sets| -  AliExpress

ရုံးတက်နေရတဲ့ ပျိုမေတို့အတွက် အမြဲတမ်းမဟုတ်ရင်တောင် တစ်ခါတစ်လေမှာ business suits ဆိုတာကတော့ ဝတ်ဖြစ်ကြမှာပါ။ ဒီလို business suits ကို ရွေးချယ်တဲ့အခါ သတိထားရမှာက ဖိနပ်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝတ်ဆင်မယ့် business suits နဲ့ ဖိနပ်အပါးသာ တွဲဝတ်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ပုံစံက ခေတ်မမှီတဲ့သူတစ်ယောက်သွင်ပြင် ဖြစ်စေပြီး ဆွဲဆောင်မှုရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် business suits ကို ဝတ်တဲ့အခါမှာ အလိုက်ဖက်ဆုံးကတော့ ဖိနပ်အမြင့်တွေပါပဲ။ ဥပမာ – ဒေါင့်အနည်းငယ်ပါတဲ့ ဖိနပ်တွေ၊ shoes အမြင့်တွေနဲ့တွဲဖက်ဝတ်ဆင်ခြင်းက သင့်ကို ပိုဆွဲဆောင်မှုရှိပြီး ရဲရင့်တဲ့ ပုံကိုပေါ်စေမှာ ဖြစ်ပါတယ်။

 

ရှည်လျားလွန်းတဲ့ အင်္ကျီ တွေကို ဘောင်းဘီရဲ့ အပြင်ဘက် ထုတ်ဝတ်တာ

Find > white shirt womens fashion- Off 77% - armaganhalisaha.com!

ကိုယ်ဝတ်ဆင်ထားတဲ့ အင်္ကျီ က ခါးအောက်တော်တော်လေးအထိ ရှည်နေတာမျိုးကို ဘောင်းဘီအပြင် ထုတ်ဝတ်ထားတာက သင့်ကို အရပ် ပိုပုသလို ဖြစ်လို့ မသပ်မရပ်ပုံစံ ဖြစ်နေစေပါတယ်။ ဒီတော့ အင်္ကျီ အရမ်းရှည်နေတဲ့အခါ ဘောင်းဘီ (သို့)စကတ်ထဲ ထည့်ဝတ်တာမျိုးက သင့်ကို ပိုပြီး ဖက်ရှင်ကျစေပါတယ်နော်။

 

အိတ်အကြီးကြီးတွေ

How To Dress Down Sequins for Holiday Party Style | Túi

အိတ်အကြီးကြီးတွေကို ပွဲအခမ်းအနားတွေလို နေရာမျိုးမှာ ကိုင်တာမျိုးက သင့်ကို ဖက်ရှင်ကျ မနေစေပါဘူးနော်။ ဒီလို အိတ်အကြီးကြီးတွေက အလုပ်ကိစ္စတွေနဲ့ အပြင်တွေဘာတွေ သွားတဲ့အချိန်မှာတော့ အဆင်ပြေပေမယ့် ပွဲအခမ်းအနားလို နေရာမျိုးမှာ အိတ်သေးသေးလေးတွေက သင့်ကို ဆွဲဆောင်မှု ပိုရှိစေမှာပါ။

 

စကတ်တိုနဲ့ ankle boots

Pin on Clothes

Ankle boots တွေက စကတ်နဲ့ လိုက်ဖက်တာမျိုး အတော်လေး ရှားပါတယ်။ ဒီလို တွဲဖက်ဝတ်ဆင်တာက ခြေထောက်တွေ တိုတိုတုပ်တုပ် ပုံစံမျိုး မြင်ရစေလို့ သင့်ကို ဆွဲဆောင်မှုရှိမနေပါဘူးနော်။ ဒါကြောင့် ankle boots တွေကို စကတ်တိုနဲ့ တွဲဝတ်ဆင်တာမျိုး ရှောင်သင့်ပါ တယ်။

 

ပွပွယောင်းယောင်း အဝတ်အစားတွေ အပေါ်အောက် တွဲဖက်ဝတ်ဆင်တာ

Tibi Midi Skirt

ပွပွယောင်းယောင်း အဝတ်အစားတွေက သင့်ရဲ့ ကောက်ကြောင်းတွေကို ဖုံးအုပ်ထားတဲ့အတွက် သင့်ကို ဖက်ရှင်ကျမနေစေပါဘူးနော်။ ဒါကြောင့် အဝတ်အစားရွေးချယ်တဲ့အခါ အပေါ်ရော၊ အောက်ပါ နှစ်ခုလုံး ပွနေတဲ့ အဝတ်အစားမျိုးကို တွဲဖက်မဝတ်ဆင်သင့်ပါဘူး။ တကယ်လို့ အင်္ကျီ အပွလေး ဝတ်ရင် ဘောင်းဘီ (သို့) စကတ်ကို အကျပ်လေး ဝတ်ပြီး၊ ဘောင်းဘီအပွလေးဝတ်ရင် အင်္ကျီ အကျပ်လေးကို ရွေးချယ်ဝတ်ဆင်တာမျိုး လုပ်သင့်ပါတယ်။

 

Myanmar Textile & Garment Guide

Source:AM

 
Read 1479 times
Rate this item
(0 votes)