What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သားသေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် Outfit အတွဲစပ် (၅)မျိုး

Flat but Sexy , Flat but hot သူများတွေလို ဖွံ့ဖွံ့ထွားထွား ရင်သားတွေ မရှိလဲ ဝတ်တတ်စားတတ်ရင် သူများနဲ့မတူဘဲ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး တယောက်ဖြစ်လာနိုင်ပါတယ်။

 

၁။ ပထမဆုံး ပြောချင်တာကတော့ ကိုယ်က Flat တယ်ဆိုပြီး Push-up bra တွေ ဖော့တွေနဲ့ အတင်းအစားထိုးနေမယ့်အစား ကိုယ်ရဲ့ Flatနေတဲ့ ရင်သားကို Sexy point အဖြစ် ပြောင်းလဲကြည့်ပါ။

 

၂။ Flat တဲ့ ကောင်မလေးအများစုမှာ Sexy bone လှလှလေးတွေ ရှိတတ်တာမလို့ ကိုယ့်ရဲ့ ပုခုံးအလှကို Highlight လုပ်ပြီး Outfitတွေ ဖန်တီးကြည့်ပါ။

 

၃။ ရင်သားတွေကို အမြဲ Hide လုပ်နေမယ့်အစား လူမြင်မရိုင်းဘဲ အထာကျနေအောင်လို့ Spaghetti topတွေ slip top တွေ ဝတ်ကြည့်ပါနော် ( တကယ်လို့ Slip top တွေက ရင်သားသေးတဲ့ ကောင်မလေးတွေနဲ့ မလိုက်ဖက်ဘူးလို့ တွေးမိရင်တော့ Davikah ကိုသာ ပြေးကြည့်လိုက်ပါ)

 

ကဲ ဒါဆိုရင် Flat girl လေးတွေအတွက် recommend ပေးထားတဲ့ Outfit look 5 မျိုးကို ကြည့်လိုက်ရအောင်နော်။

 

Slip dress

Slip_dress_.JPG

Why These Are the Coolest Shoes to Wear With Your Slip Dress | Who What Wear

6 black cross back slip dress burgundy oversized chunky long cardigan lace  up heels day to night work office style fashion blog san francisco  memorandum - MEMORANDUM | NYC Fashion & Lifestyle

ရင်သားသေးလို့ Slip dress တွေနဲ့ မလိုက်ဖက်ဘူးလို့ တွေးထားတယ်ဆိုရင် အဲ့အတွေးတွေကို အခုဘဲ လွှင့်ပစ်လိုက်ပါနော်။ ဘာလို့ဆို Slip dress တွေက Flat girlတွေအတွက် အသင့်တော်ဆုံး Perfect clothing အမျိုးစားတခုဖြစ်ပြီး အပေါ်ပိုင်းလစ်ဟာသလိုလို ဖြစ်နေလို့ မဝတ်ရဲဘူးဆိုရင်တော့ Cardigan , Sweaterတွေနဲ့ Layering လုပ်ပြီး ဝတ်ကြည့်ဖို့ အကြံပေးပါရစေ။

 

Shirt

white long sleeve polo womens off 56% - www.mikrobiyolbul.org

 

flat_girls_.JPG

Boyishဖြစ်တဲ့ Collar shirtတွေကို Style pant , Jean pant တွေနဲ့ တွဲပြီး ခပ်မိုက်မိုက် တွဲဝတ်ပြီး buttons down style ကြယ်သီးတွေ ဟထားတာက Flat girlတွေနဲ့ တကယ်လိုက်ဖက်လွန်းပါတယ်။ တကယ်လို့ အရမ်းပေါ်သွားမှာကြောက်လို့ သိပ်မဟရဲဘူးဆိုရင် အောက်ကနေ Turtle neck top တွေခံပြီး လုံလုံခြုံခြုံ sexyကြည့်ပါ။

 

Spaghetti top

 

Spaghetti_top_.JPG

ရင်သားသေးတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ရမယ်၊ sexy boneလှလှ‌‌လေး‌တွေလဲ ပေါ်ရမယ် ဒီလို cloth မျိုးကို ရှာနေရင်တော့ Spaghetti top , slip top တွေက အကောင်းဆုံးရွေးချယ်မှု့ပါဘဲ။ အပေါ်အောက် Monochromatic colorsအတွဲစပ်မျိုးဖြစ်ဖြစ် Jean pantတွေနဲ့ အထာကျကျ lookမျိုးဖြစ်ဖြစ် ကိုယ်နှစ်စက်သလို outfitအတွဲစပ် ဖန်တီးကြည့်ပါ။

 

V neck top

V_neck_top_.JPG

 

အပေါ်မှာ ပြောခဲ့သလို ကိုယ်က Flat ပေမယ့် Spaghetti topတွေ slip top တွေ မဝတ်ရဲသေးဘူးဆိုရင်တော့ အထာကျကျ V neck top တွေကိုသာရွေးချယ်ကြည့်ပါ။ V neck ဖြစ်တာကြောင့် လည်ပင်းဟိုက်သလိုထင်ရတတ်တာမလို့ ပိုပြည့်စုံတဲ့ OOTDဖြစ်အောင် Layering necklace , Mini necklace ကိုယ့်စိတ်ကြိုက် ဆွဲကြိုးပုံစံတခုကို ရွေးချယ်ပြီး ဝတ်ဆင်ဖို့လိုပါလိမ့်မယ်နော်။

 

Blazer Layering

Blazer_Layering_.JPG

အထာကျကျ Streetဆန်ဆန် အတွဲစပ်မျိုးတွေကိုမှ သဘောကျတဲ့ Flat girlတွေအတွက်တော့ slip top , tank top တွေကို အပေါ်က Blazerတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်တာက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ပုံစံတခုပါဘဲ။ တကယ်လို့ ကိုယ်က အပေါ်အောက် ဝမ်းဆက်ဝတ်ရတဲ့ Matching setပုံစံတွေကြိုက်ရင်တော့ Skirt Suit မှာ ခပ်မိုက်မိုက် bra top တွေကို ခံဝတ်ဖို့ အကြံပေးပါရစေ။

 

#fashionblog

Read 769 times
Rate this item
(0 votes)