နီးကပ်လာပြီဖြစ်တဲ့ တရုတ်နှစ်သစ်ကူး အတွက် ဘယ်လို Outfit တွေ ဝတ်မယ်လို့ စဥ◌်းစားထားကြလဲ? Chinese Traditional Dress တွေနဲ့သာမက ကိုယ့်မှာရှိပြီးသား အဝတ်တွေနဲ့လည်း ဘယ်လို Styling လုပ်လို့ရမလဲဆိုတာ ပြောပြပေးထားမှာမလို့ စာလေးကို အဆုံးထိ ဖတ်ပေးကြပါဦးနော်၊၊
Cheongsam Dress
Cheongsam Dress သို့မဟုတ် qipao လို့လူသိများကြတဲ့ တရုတ်ရိုးရာ ဝတ်စုံဟာ ရှေးခေတ် မန်ချူလူမျိုး များရဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံပဲ ဖြစ်ပါတယ်၊၊ Chinese Outfit လို့ ပြောလိုက်တာနဲ့ Cheongsam Dress ကတော့ မပါမဖြစ်ပါပဲ၊၊ ခေတ်တွေ ပြောင်းလဲတိုးတက် လာတာနဲ့အမျှ Cheongsam Dress ကို Inspired ယူပြီး ဒီဇိုင်းအမျိုးမျိုး ထွင်ပြီး ဝတ်ဆင်လာကြတာ တွေ့ရပါတယ်၊၊ အခုနောက်ပိုင်း Cheongsam Dress တွေကပိုပြီး ဆန်းသစ်လာတာမလို့ နှစ်ကူးကြရင် Cheongsam Dress လေးဝတ်၊ အောက်က Boots လေးစီးပြီး ဓာတ်ဖမ်းလို့ရပါတယ်၊၊
Photo- Pinterest
Chinese inspired outfit
တရုတ်ရိုးရာ ဝတ်စုံတွေကို Inspired ယူပြီးတော့ကိုယ့်မှာရှိတဲ့ Fashion တွေနဲ့ တွဲစပ်လိုက် အခါမှာ ဘယ်လိုတောင် မိမိုက်နေမလဲဆိုတာ တွေးကြည့်ရုံနဲံတင် စိတ်လှုပ်ရှား မိပါတယ်နော်၊၊ ဥပမာ- အပေါ်က Chinese top လေးနဲ့ အောက်က ကိုယ့်မှာရှိတဲ့ Jeans နဲ့ပဲဝတ်မလား၊၊ တွဲစပ် ထွင်ပြီး ဝတ်ကြည့်လို့ရပါတယ်၊၊ ခုနောက်ပိုင်း လူငယ်တွေကြား နာမည်ကြီးနေတဲ့ Crop top & Skirt ပေါင်းထားတဲ့ Skirt Set လိုမျိုး ပုံစံတွေကလည်း တော်တော်လေး အဝတ်များ လာကြပါတယ်၊၊အဲ့လို Skirt set လိုမျိုးကို တရုတ်ရိုးရာ အဆင်လေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သူများနဲ့မတူတဲ့ အမိုက်စား Outfit တွေ ထွက်လာမှာအမှန်ပါပဲ၊၊
Photo-Pinterest
Blazer Or Jacket
Blazer အနီရောင် ၊ ဟုတ်ပါတယ် Blazer အနီရောင်တထည်ရှိရုံနဲ့လည်း Styling လုပ်လို့ရပါတယ်၊၊ တရုတ်အငွေ့အသက် တွေပါတဲ့ Jacket ပုံစံမျိုးရှိသလို ရိုးရိုး Blazer ဗြောင်တွေ နဲ့လည်း ခပ်မိုက်မိုက်ဝတ်ကြည့်လို့ ရတယ်နော်၊၊ တရုတ်အငွေ့အသက်ပါတဲ့ ပုံစံ ဆိုတာကတော့ Jacket လိုပုံစံမျိုး ပေါ်မှာအပေါ်ကနေ တရုတ်ရိုးရာ ပန်းခက်၊ ပန်းနွယ် လိုမျိုး ရေးဆွဲထားတဲ့ တရုတ်ရိုးရာ အကျီပုံစံ အမျိုးအစား ပဲဖြစ်ပါတယ်၊၊ အဓိကကတော့ နှစ်ကူးမှာ Style မိမိနဲ့ ကြည့်လိုက်တာနဲ့ ရိုးရိုးရှင်းရှင်း လှနေဖို့ပါပဲ၊၊
Photo- Pinterest
Hair & Accessories
အဝတ်အစား အကြောင်းပြောပြီးသွားပြီ ဆိုတော့ Hair နဲ့ Accessories ပိုင်းကိုလည်း မေ့ထားလို့ မရပါဘူးနော်၊၊ အရင်ဥ◌ီးဆုံး Earrings ပါ၊ Earrings ကိုကျတော့ တရုတ်ရိုးရာ Costume တွေနဲ့အတူ တွဲဖက် ဝတ်ဆင်လေ့ရှိတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ရှည်မျောမျော ပုံစံလေးတွေ ဝတ်ဆင်သင့်ပါတယ်၊၊ နောက်တခုကတော့ ဆံထိုး ပါ၊ ဆံထိုး ကလည်း Chinese Signature Fashion တခုအနေနဲ့ မပါမဖြစ်ပါပဲ၊၊ တခြား ဆွဲကြိုးတို့ Bracelet တို့ကျတော့ အရမ်းရှုပ်သွားမှာစိုးရင် ထည့်မဝတ်လို့ လည်းရပါတယ်၊၊ ဆံပင်ပုံစံက လည်း အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်၊၊ ဆံပင်ကိုလည်း မျက်နှာရှင်းရှင်းလေး ပေါ်အောင် ၂ဖက်ခွဲထုံးတာမျိုးတွေ ဆံထိုးလေးနဲံ့ လိုက်အောင် လျော့တိလျော့ရွဲ အနောက်မှာ တဖက်တည်း ထုံးထားတဲ့ ပုံစံမျိုးလေးတွေ ဆိုရင်လည်း ကိုယ့်ဝတ်မယ့် အဝတ်အစားနဲ့ လိုက်ဖက်နေမှာပါ၊၊
Photo- Pinterest
Heels
အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ ဖိနပ် ကို ရောဘယ်လိုစီးသင့်တယ်ထင်ကြလဲ? ပုံမှန်ဆိုများသောအားဖြင့် Qipao လို dress မျိုး ဝတ်ပြီဆိုရင် Scarpin Heel တွေနဲ့လိုက်တာများပါတယ်၊၊ Scarpin Heel ကိုမှ အနီရောင်ဆိုရင် ပိုပီးအတွဲအစပ် မိမိနဲ့ လိုက်ဖက်လွန်းလှပါတယ်၊၊ အခုနောက်ပိုင်းမှာတော့ Boots တွေပါ အစီးများလာတာ ဖြစ်တဲ့အတွက် Chinese Outfit တွေနဲ့ Boots နဲ့ဆို ပိုပြီး အထာကျကျ မိမိုက်နေမှာမလွဲပါပဲ၊၊ Boots တောင်မှ Dr.Martens လို boots မျိုးတွေနဲ့ဆို ပိုမိုက်ပါတယ်၊၊ ကဲ…အခုဆိုရင်တော့ မကြာခင် ရောက်ရှိတော့မယ့် Chinese New Year အတွက် Style ကျကျနဲ့ ဘယ်လို Fashion အတွဲအစပ်တွေ ဝတ်လို့ရတယ်ဆိုတာ ပြောပြ ပေးထားတာမလို့ ကိုယ်တိုင်လည်း လိုက်စမ်း ကြည့်လို့ရပါတယ်၊၊
Photo- Pinterest
======================================