ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေး ကြီးအနီးတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့ နံနက်ပိုင်း၌ နှာခေါင်းစည်း(၂၀၀၀)အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
တက်နိုင်သလောက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာ ခြင်းမပြုကြရန်၊ လူအများစုဝေးရာနေရာသို့ မသွားကြရန်၊ မဖြစ်မနေပြင်ပထွက်ခွာရပါက mask တပ်ရန်၊ ပြင်ပမှပြန်လာပြီးတိုင်း လက်ကိုစက္ကန့် ၂၀ ကြာ ဆပ်ပြာဖြင့် ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် နေ့စဉ်တစ်နေ့ (၅) ကြိမ် အသိပေး ကြေညာကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
ယခုရက်ပိုင်းတွင်ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြန်ဆန်လာရာ ဒုတိယ လှိုင်းအဖြစ် ပြည်သူများစိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျှက်ရှိသဖြင့် မိမိတို့နေအိမ်မှ ပြင်ပသို့ထွက်ပါက Mask နှာခေါင်းစည်း တပ်ဆင်ပြီးမှသွားလာကြရန် လိုအပ်ပါကြောင်း၊ နှာခေါင်းစည်း မတပ်သူများအား ဒဏ်ရိုက်ပြီး သတိပေးသွားမည်ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရပါတယ်။
ပြည်သူများနေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
By Myanmar Textile & Garment Guide