What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျော်ဒန်မှ အထည်ချုပ်လုပ်သား ၁၇၀ ဦး ပြန်လည်ရောက်ရှိ

ဂျော်ဒန်မှ အထည်ချုပ်လုပ်သား ၁၇၀ ဦး ပြန်လည်ရောက်ရှိ မြန်မာသံရုံး၊ တဲလ်အဗီးမြို့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသော

မြန်မာအထည်ချုပ်လုပ်သားများကို မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စီစဉ်သည့် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည့် စတုတ္ထအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International –MAI)၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့  ၂၀၂၀ခုနှစ် စက်တင်ဘာလ ၅ရက်နေ့၊ ဒေသစံတော်ချိန် (၁၃:၅၀) အချိန်ခန့်တွင် စတင်ပျံသန်း ထွက်ခွာခဲ့ပြီး ၂၀၂၀ခုနှစ် စက်တင်ဘာလ ၆ရက်နေ့ ညနေ ၄နာရီ ၅၅မိနစ် အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၎င်းစတုတ္ထအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် မြန်မာနိုင်ငံသားများအနက်မှ (၂၈) ဦးသည် နိုင်ငံကူးလက်မှတ် သက်တမ်းများ ကျော်လွန်နေကြသည့်အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန်နိုင်ရေးကို ဦးစားပေး၍ မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို အချိန်မီထုတ်ပေးနိုင်ခဲ့ပြီး ဂျော်ဒန်နိုင်ငံရှိ Century Miracle ကုမ္ပဏီတွင် အလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၂) ဦး၊ Camel and Vega ကုမ္ပဏီတွင် အလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သား (၁၆၈) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၀)ဦး လိုက်ပါခဲ့ကြသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိရာ စက်တင်ဘာလ ၆ရက်နေ့အထိကို ဂျော်ဒန်နိုင်ငံမှ ကယ်ဆယ်ရေး လေယာဉ် (၄) ကြိမ်တိုင် ပျံသန်း ပြေးဆွဲခဲ့ပြီးဖြစ်သည်။

 

By Wyk (Myanmar Textile & Garment Guide)

 

မြန်မာသံရုံး၊ တဲလ်အဗီးမြို့

Read 2320 times
Rate this item
(0 votes)