What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၆/၂၀၁၈ အတည်ပြု ခွင့်ပြု ရင်းနှီးမြှုပ်နှံမှုများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၆/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခု အတည်ပြုပေးခဲ့ပါသည်။ တစ်ခုမှာ STARBUCKS ကော်ဖီဆိုင်လုပ်ငန်း ဖြစ်သည်။ ကျန်တစ်ခုမှာ CMP အထည်ချုပ်စက်ရုံဖြစ်သည်။


အဆိုပါ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးသည် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြပါသည်။

၁။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း Sule Square ရှိ Coffee Concepts(Myanmar) Limited မှ လုပ်ကိုင်မည့် STARBUCKS အစားအစာနှင့် အဖျော်ယမကာများ တည်ခင်းဧည့်ခံခြင်းနှင့် ရောင်းချခြင်း၊ STARBUCKS တံဆိပ်ပါ ကုန်ပစ္စည်းများ ရောင်းချခြင်း၊ STARBUCKS ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်း။

၂။ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ Best Garment(Myanmar) Co. Ltd မှ လုပ်ကိုင်မည့် CMP စနစ်ဖြင့် အ၀တ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း

အဆိုပါလုပ်ငန်းနှစ်ခုသည် အလုပ်အကိုင် ၄၂၀၀ နီးပါး ဖန်တီးပေးနိုင်မည်။

 

 

အထက်ပါ အစည်းအဝေးမှ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ကို ခွင့်ပြုခဲ့ပါသည်။
ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သည်။

၁။ ECTerra Agriculture Co., Ltd. မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကံကြီးကုန်း၊ ကွင်းကြီး၊ ကြို့ပင်ဝိုင်း၊ ၀ါးရုံဆိပ်၊ ကျောသာ၊ မအူတော၊ ပျဉ်းမအိုင်နှင့် တဲကုန်းကျေးရွာအုပ်စု၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်တို့တွင် စပါး၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြံ၊ ဆီထွက်သီးနှံများနှင့် အခြား စီးပွားရေးအရ တွက်သားကိုက်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း

Read 786 times
Rate this item
(0 votes)