What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများတည်ထောင်ထားသော SMK International Co., Ltd.၏ ဥက္ကဋ္ဌဖြစ်သူမှ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများ တည်ထောင်ထားသော ကိုရီးယားသမ္မတနိုင်ငံရှိ SMK International Co., Ltd. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Sung-Min သည် ၇-၉-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ သံအမတ်ကြီး ဦးသန့်စင်အား တွေ့ဆုံခဲ့ပါသည်။ 

 

ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့တစ်ဝှမ်း၌ ဖြစ်ပွားနေသော COVID-19 ရောဂါပျံ့နှံ့မှုကာလအတွင်း မြန်မာနိုင်ငံရှိ ၎င်းတို့၏စက်ရုံ(၃)ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာဝန်ထမ်း (၄,၀၀၀) ခန့်အတွက် ဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ရေးအစီအမံများ၊ စက်ရုံလည်ပတ်နေမှု အနေအထားများ၊ ကျွမ်းကျင်အလုပ်သမားများ ရှားပါးမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့

 

ကြပြီးသံအမတ်ကြီးက လက်ရှိတွင် ကမ္ဘာပေါ်၌ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးအခြေအနေ ကြပ်တည်းမှုများ ရှိနေသော်လည်း စက်ရုံရှိ မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆက်လက်ဖန်တီးထိန်းသိမ်းပေးနိုင်ရန်နှင့် ကျန်းမာရေး၊ လူမှုရေးနှင့်အခြားကိစ္စအဝဝတို့ကိုလည်းဆက်လက်ကူညီစောင့်ရှောက်ပေးပါရန် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

 

ထို့ပြင် SMK International Co., Ltd. အနေဖြင့် ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ ထူးချွန်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများကို ကျောင်းပြီး၍ မြန်မာနိုင်ငံသို့ ပြန်လည် မထွက်ခွာမီ ဆိုးလ်မြို့ရှိ ၎င်းတို့၏ကုမ္ပဏီဌာနချုပ်၌ On-job Training များ တက်ရောက်နိုင်ရေးအခြေအနေများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

 

SMK International Co., Ltd. ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် (၂၀၀၀) ပြည့်နှစ်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်အထည်များအား အဆင့်မြင့်နည်းပညာအသုံးပြုသည့် Smart Machine များဖြင့် ချုပ်လုပ်ဆောင်ရွက်လျက်ရှိပါသည်။

 

ကုမ္ပဏီအနေဖြင့် လတ်တလောတွင် ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဈေးကွက်များ ထပ်မံချဲ့ထွင်နိုင်ရေးလည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

Read 794 times
Rate this item
(0 votes)