စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အိန္ဒိယအစိုးရနှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ
အမှတ် ၆ အထည်ချုပ်စက်ရုံ (ဌာနခွဲ) တွင် နည်းပညာအထက်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရပါတယ်။
အိန္ဒိယအစိုးရမှ ယခင်နှစ် မေလကစပြီး အဆိုပါကျောင်းအတွက် စက်ပစ္စည်းများ၊ ကိရိယာများနဲ့ သင်ကြားရေးဆိုင်ရာ
အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် ပြန်လည်သင်ကြားပေးမည့် ဆရာများကို ရွေးချယ်ကာ အိန္ဒိယသို့စေလွှတ်ခဲ့ပြီး
အဆိုပါ ဆရာများသည် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ် ။
သင်တန်းများကိုလည်း မကြာခင်ပြန်လည်ပို့ချသွားမှာဖြစ်ကြောင်းသိရပါတယ်။
၎င်းသင်တန်းအတွက် သင်တန်းသားများကို ယခုနှစ် ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီလတို့မှာ ရွေးချယ်သွားမှာဖြစ်ကြောင်း
သိရပါတယ်။
အဆိုပါနည်းပညာကျောင်းတွင် CNC technology, computer-aided design, mechatronics, apparel manufacturing,
pattern maker, welding, information technology, tool and die making and electrician
(industrial and advanced) စတဲ့ ဘာသာရပ်များကို သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။
အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Reference;fibre2fashion.com
Myanmar Textile and Garment Directoery