What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာပြည်တွင်း သုံးစွဲရန် PPE ဝတ်စုံများ Cobes Industries (Bago) စက်ရုံမှ အထည်ခုရေ တစ်သိန်း ခန့်ချုပ်လုပ်ပေးမည်

မြန်မာပြည်တွင်း သုံးစွဲရန် PPE ဝတ်စုံများ Cobes Industries (Bago) စက်ရုံမှ အထည်ခုရေ တစ်သိန်း ခန့်ချုပ်လုပ်ပေးမည် Google

လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ဗိုင်းရပ်စ် ပျံ့ပွားမှုကို ကာကွယ်ရန် အတွက် ဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ PPE အထည်များကို

 

ပဲခူးစက်မှုဇုန်ရှိ နိုင်ငံခြားစက်ရုံ Cobes Industries (Bago)ထုတ်လုပ်မည်ဖြစ်ကြောင်းသိရပါတယ်။

 

Cobes Industries သည် ဟောင်ကောင်တွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပြီး ခွဲစိတ်ခန်းသုံး ဝတ်ရုံများ၊ ခန်းဆီးများ၊ ဆေးရုံ ဆေးခန်းနှင့်

 

လုပ်ငန်းသုံး ကာကွယ်ရေးအဝတ်အထည်များ စသည်တို့ကို ပြည်ပသို့ထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

 

Cobes Industries (Bago) စက်ရုံမှာ ဥရောပနိုင်ငံများမှ ဝယ်လက်များအတွက် PPE ဝတ်စုံများ ယခင်ကတည်းက ချုပ်လုပ်ပေးနေသည့်

 

စက်ရုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ချုပ်လုပ်ပေးမည့်ဝတ်စုံများမှာလည်း ဥရောပသို့ တင်ပို့သည့် အရည်အသွေးအတိုင်းပင် ဖြစ်ကြောင်း

 

စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ဗိုင်းရပ်စ် ပျံ့ပွားမှုကို ကာကွယ်ရန် အတွက် PPE ဝတ်စုံများကိုလိုအပ်လျက်ရှိနေပါတယ်။

 

ထိုသို့လိုအပ်လျက်ရှိသော PPE ဝတ်စုံများကို Cobes Industries (Bago) စက်ရုံမှ အထည်ရေ တစ်သိန်း ခန့်ချုပ်လုပ်ပေးမည်ဖြစ်ကြောင်း

 

သဘောတူညီချက်ကို ယနေ့ မတ်လ ၂၅ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ PPE ဝတ်စုံ အထည်တစ်သိန်းအနက်

 

ပထမအသုတ်အဖြစ်အထည် ၂၀၀၀၀ ကို ဧပြီလ ၉ ရက်နေ့တွင် စတင်ပေးအပ်သွားမှာဖြစ်ပြီး ကျန်ရှိသည်များကို ရက်ပိုင်းအတွင်းပြီးစီးအောင်

 

ချုပ်လုပ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source : The Myanmar Health Industry Guide

 

ကုန္စည္ပုိ႕ေဆာင္ေရးလုပ္ငန္း ၇၆၃ ခုကုိရွာရန္ႏွိပ္ပါ

 

COVID

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

လက္ရွိျဖစ္ပြားလ်က္ရွိေသာ COVID-19 ဗိုင္းရပ္စ္ ပ်ံ႕ပြားမႈကို ကာကြယ္ရန္ အတြက္ ဗိုင္းရပ္စ္ ကာကြယ္ေရးဝတ္စံု PPE အထည္မ်ားကုိ

 

ပဲခူးစက္မႈဇုန္ရွိ နိုင္ငံျခားစက္ရံု Cobes Industries (Bago)ထုတ္လုပ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

Cobes Industries သည္ ေဟာင္ေကာင္တြင္ အေျခစိုက္သည့္ ကုမၸဏီျဖစ္ၿပီး ခြဲစိတ္ခန္းသုံး ဝတ္႐ုံမ်ား၊ ခန္းဆီးမ်ား၊ ေဆး႐ုံ ေဆးခန္းႏွင့္ လုပ္ငန္းသုံး

 

ကာကြယ္ေရးအဝတ္အထည္မ်ား စသည္တို႔ကို ျပည္ပသို႔ထုတ္လုပ္တင္ပို႔သည့္ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ Cobes Industries (Bago) စက္႐ုံမွာ

 

ဥေရာပႏိုင္ငံမ်ားမွ ဝယ္လက္မ်ားအတြက္ PPE ဝတ္စုံမ်ား ယခင္ကတည္းက ခ်ဳပ္လုပ္ေပးေနသည့္ စက္႐ုံျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္

 

ခ်ဳပ္လုပ္ေပးမည့္ဝတ္စုံမ်ားမွာလည္း ဥေရာပသို႔ တင္ပို႔သည့္ အရည္အေသြးအတိုင္းပင္ ျဖစ္ေၾကာင္း စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီ

 

အတြင္းေရးမႉး ဦးဟိန္းထက္က ေျပာသည္။

လက္ရွိတြင္ ျမန္မာနိုင္ငံအေနျဖင့္ COVID-19 ဗိုင္းရပ္စ္ ပ်ံ႕ပြားမႈကို ကာကြယ္ရန္ အတြက္ PPE ဝတ္စံုမ်ားကိုလိုအပ္လ်က္ရွိေနပါတယ္။

 

ထိုသို႔လိုအပ္လ်က္ရွိေသာ PPE ဝတ္စံုမ်ားကို Cobes Industries (Bago) စက္ရံုမွ အထည္ေရ တစ္သိန္း ခန္႔ခ်ဳပ္လုပ္ေပးမည္ျဖစ္ေၾကာင္း

 

သေဘာတူညီခ်က္ကို ယေန႔ မတ္လ ၂၅ ရက္ေန႔တြင္ သေဘာတူလက္မွတ္ေရးထိုးခဲ့ပါတယ္။ PPE ဝတ္စံု အထည္တစ္သိန္းအနက္

 

ပထမအသုတ္အျဖစ္အထည္ ၂၀၀၀၀ ကို ဧျပီလ ၉ ရက္ေန႔တြင္ စတင္ေပးအပ္သြားမွာျဖစ္ျပီး က်န္ရွိသည္မ်ားကို ရက္ပိုင္းအတြင္းျပီးစီးေအာင္

 

ခ်ဳပ္လုပ္ေပးအပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

 

ကုန္စည္ပုိ႕ေဆာင္ေရးလုပ္ငန္း ၇၆၃ ခုကုိရွာရန္ႏွိပ္ပါ

 

textile picture

 

Myanmar Textile and Garment Directory

 

 
Read 1728 times
Rate this item
(0 votes)