What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမေစုရဲ့ ရဲ့ နှာခေါင်းစည်း ( Mask ) ချုပ်ပြိုင်ပွဲမှ ထူးခြားဆန်းပြားသော လက်ရာများ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှ ဖိတ်ခေါ်ထားတဲ့ ကိုယ်တိုင်ဖန်တီးတဲ့ Mask နှာခေါင်းစည်းချုပ်ပြိုင်ပွဲမှာ ကျော်ကြား ထင်ရှားသူတွေနဲ့ ပြည်သူတွေ ပါဝင်နေကြပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း Mask ကို မေလ ၁၃ ရက်နေ့မှာ တင်ထားခဲ့ပြီးနောက် အဲဒီပို့စ်အောက်မှာ ထင်ရှားကျော်ကြားသူတွေနဲ့အတူ ပြည်သူတွေက အားကြိုးမာန်တက် ပါဝင်ဆင်နွှဲနေကြတာပါ။

 

ဒီပြိုင်ပွဲကို မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ပို့စ်အောက်မှာ တင်ထားခဲ့တဲ့ ပြိုင်ပွဲဝင်ပြည်သူတွေရဲ့ နှာခေါင်းစည်း ချုပ်လုပ်မှုဓာတ်ပုံတွေထဲကမှ ပြည်သူတွေ အနှစ်သက်ဆုံးဖြစ်တဲ့ Like အများဆုံး ရရှိသူ ၃ ဦးကို ရွေးချယ် ဖော်ပြပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

 

ဆုရွေးချယ်တဲ့ နေရာမှာတော့ ကျန်းမာရေးနဲ့ ညီ၊ မညီ၊ ဘယ်လိုချုပ်ထားတယ် ဆိုတာကိုတွေကိုလည်း ထည့်စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

 

စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်းနှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခု ထက်များလည်းရပါတယ်) ကိုယ်တိုင် ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့ အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ “အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများ”ကို ကိုးကားပြီး ချုပ်လုပ်ရမှာဖြစ်ကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ဘေးကာလ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက် သွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖေ့စ်ဘွတ်ခ်အင်တာနက်လ လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ အကောင့်မှာ ပရိသတ်(Followers) ၂ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

 

လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့က အရေးပါသလို မတတ်သာလို့ အပြင်ကို ထွက်ရချိန်မှာ လည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအသိရှိဖို့ကလည်း အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်သူတွေ အပြင်ထွက်ရင် Mask တပ်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်း ပြောကြားနေတာဖြစ်ပါတယ်။

 

အဝတ် Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိကြောင်းနဲ့ ခုလို ကပ်ဘေးကာလမှာ Mask ပြိုင်ပွဲလုပ်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

 

“Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

 

အောက်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ထူးခြားတဲ့ လက်ရာပိုင်ရှင်တွေရဲ့ နှာခေါင်း စည်း Mask ချုပ်လုပ်မှုတွေ၊ ဘယ်လို ချုပ်လုပ်ထားကြောင်း ဖော်ပြထားချက်တွေနဲ့ ဓာတ်ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မျိုးကြီး(ခေတ္တ တိုကျို) ရဲ့ Mask သံမဏိလိပ်ပြာ ဖန်တီးလက်ရာ

 

Image may contain: 2 people, text

 

(၂) ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ကြာချည်မျှင်နဲ့ ဖန်တီးထားတဲ့ Mask ဖန်တီးမှု

 

Image may contain: 1 person, sitting

 

( ၃ ) ထူးထူးရဲ့ တစ်ချောင်းထိုး Mask ဖန်တီးမှု့

Image may contain: text that says 'Shwe Yoke Handmade Crochet by Htoo'

(၄) မြင်းခြံက ၅ တန်းကျောင်းသားလေး ညီမင်းလွင်ရဲ့ ဓမ္မစကူး Mask

 

Image may contain: one or more people

 

(၅) အဆိုတော် ချောစုခင်ရဲ့ ရိုးရှင်းတဲ့ အဖြူရောင် Mask လက်ရာ

Image may contain: one or more people

 

(၆) ဆုပြည့်ရဲ့ ကျောင်းဖွင့်ချိန်အမီ အဖြူအစိမ်း Mask ဖန်တီးမှု

 

Image may contain: one or more people and closeup

 

(၇)အဲန်အယ်လ်ဒီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်းရင်းသားသရုပ်ဖော် Mask လက်ရာ

 

Image may contain: 2 people

 

(၈) ရန်ကင်းသူရဲ့ Mask အပါအဝင် ဝန်စုံပြည့် ဖက်ရှင်ကျကျ ဖန်တီးချုပ်လုပ်မှုလက်ရာ

 

Image may contain: one or more people

 

(၉) နန်းမြတ်သန္တာကိုရဲ့ ထူးခြားပလစ်စတစ်ကာဗာပါးပါးပါ ဖန်တီးလက်ရာ

 

Image may contain: one or more people, closeup and outdoor

 

(၁၀) တချောင်းထိုး သိုးမွေးဒီဇိုင်း တစ်ရှူး Filter နှင့် ဖန်တီးချုပ်လုပ်မှုလက်ရာ

 

Image may contain: 4 people

 

<<< Zawgyi >>>

 

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွ ဖိတ္ေခၚထားတဲ့ ကိုယ္တိုင္ဖန္တီးတဲ့ Mask ႏွာေခါင္းစည္းခ်ဳပ္ၿပိဳင္ပြဲမွာ ေက်ာ္ၾကား ထင္ရွားသူေတြနဲ႔ ျပည္သူေတြ ပါဝင္ေနၾကပါတယ္။

 

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ခ်ဳပ္လုပ္ထားတဲ့ ႏွာေခါင္းစည္း Mask ကို ေမလ ၁၃ ရက္ေန႔မွာ တင္ထားခဲ့ၿပီးေနာက္ အဲဒီပို႔စ္ေအာက္မွာ ထင္ရွားေက်ာ္ၾကားသူေတြနဲ႔အတူ ျပည္သူေတြက အားႀကိဳးမာန္တက္ ပါဝင္ဆင္ႏႊဲေနၾကတာပါ။

 

ဒီၿပိဳင္ပြဲကို ေမလ ၁၃ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ပို႔စ္ေအာက္မွာ တင္ထားခဲ့တဲ့ ၿပိဳင္ပြဲဝင္ျပည္သူေတြရဲ႕ ႏွာေခါင္းစည္း ခ်ဳပ္လုပ္မႈဓာတ္ပုံေတြထဲကမွ ျပည္သူေတြ အႏွစ္သက္ဆုံးျဖစ္တဲ့ Like အမ်ားဆုံး ရရွိသူ ၃ ဦးကို ေ႐ြးခ်ယ္ ေဖာ္ျပၿပီး ဆုခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

 

ဆုေ႐ြးခ်ယ္တဲ့ ေနရာမွာေတာ့ က်န္းမာေရးနဲ႔ ညီ၊ မညီ၊ ဘယ္လိုခ်ဳပ္ထားတယ္ ဆိုတာကိုေတြကိုလည္း ထည့္စဥ္းစားသြားမယ္လို႔ ဆိုပါတယ္။

 

စည္းကမ္းခ်က္ေတြအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္လိုသူေတြဟာ အေရာင္၊ ဒီဇိုင္းႏွစ္သက္ရာ ေ႐ြးခ်ယ္ထားတဲ့ ႏွာေခါင္းစည္းတခု (တခု ထက္မ်ားလည္းရပါတယ္) ကိုယ္တိုင္ ခ်ဳပ္ရမွာျဖစ္ၿပီး လက္နဲ႔ပဲခ်ဳပ္ခ်ဳပ္၊ စက္နဲ႔ပဲခ်ဳပ္ခ်ဳပ္ ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ခ်ဳပ္တဲ့ အခါမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ “အဝတ္နဲ႔ျပဳလုပ္ေသာ ႏွာေခါင္းစည္းနဲ႔ပတ္သက္တဲ့ သိေကာင္းစရာမ်ား”ကို ကိုးကားၿပီး ခ်ဳပ္လုပ္ရမွာျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့ၿပီး ျဖစ္ပါတယ္။

 

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ COVID-19 ကပ္ေဘးကာလ စိန္ေခၚမႈေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔ ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ ဆက္ သြယ္ႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ဧၿပီလ ၁ ရက္ေန႔မွစတင္ကာ ေဖ့စ္ဘြတ္ခ္အင္တာနက္လ လူမႈကြန္ရက္ကို စတင္အသုံးျပဳခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ အေကာင့္မွာ ပရိသတ္(Followers) ၂ သန္းေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။

 

လတ္တေလာ COVID-19 ကပ္ေဘးကာလမွာ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္အခမ္းအနားေတြကို ေရွာင္ၾကဥ္ၾကဖို႔က အေရးပါသလို မတတ္သာလို႔ အျပင္ကို ထြက္ရခ်ိန္မွာ လည္း တကိုယ္ေရသန႔္ရွင္းေရးနဲ႔ ကာကြယ္ေရးအသိရွိဖို႔ကလည္း အေရးတႀကီး လိုအပ္ေနခ်ိန္ ျဖစ္ပါတယ္။

 

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ ျပည္သူေတြ အျပင္ထြက္ရင္ Mask တပ္ၾကဖို႔ အႀကိမ္ႀကိမ္ တိုက္တြန္း ေျပာၾကားေနတာျဖစ္ပါတယ္။

 

အဝတ္ Mask ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ျခင္းမရွိေၾကာင္းနဲ႔ ခုလို ကပ္ေဘးကာလမွာ Mask ၿပိဳင္ပြဲလုပ္ေနတာ မျဖစ္သင့္ဘူးလို႔ ေဝဖန္မႈေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနပါတယ္။

 

“Mask ၿပိဳင္ပြဲ လုပ္ရတဲ့ အေၾကာင္းရင္းကေတာ့ ျပည္သူေတြ mask နဲ႔ ယဥ္ပါးၿပီး အၿမဲတေစသုံးတဲ့ အေလ့အထ ျဖစ္လာေစခ်င္လို႔ပါ”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာထားပါတယ္။

 

ေအာက္မွာေတာ့ ၿပိဳင္ပြဲဝင္ေတြထဲက ထူးျခားတဲ့ လက္ရာပိုင္ရွင္ေတြရဲ႕ ႏွာေခါင္း စည္း Mask ခ်ဳပ္လုပ္မႈေတြ၊ ဘယ္လို ခ်ဳပ္လုပ္ထားေၾကာင္း ေဖာ္ျပထားခ်က္ေတြနဲ႔ ဓာတ္ပုံတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) မ်ိဳးႀကီး(ေခတၱ တိုက်ိဳ) ရဲ႕ Mask သံမဏိလိပ္ျပာ ဖန္တီးလက္ရာ

Image may contain: 2 people, text

(၂) ဒီဇိုင္နာ မ်ိဳးမင္းစိုးရဲ႕ ၾကာခ်ည္မွ်င္နဲ႔ ဖန္တီးထားတဲ့ Mask ဖန္တီးမႈ

Image may contain: 1 person, sitting

( ၃ ) ထူးထူးရဲ႕ တစ္ေခ်ာင္းထိုး Mask ဖန္တီးမႈ႕

Image may contain: text that says 'Shwe Yoke Handmade Crochet by Htoo'

(၄) ျမင္းၿခံက ၅ တန္းေက်ာင္းသားေလး ညီမင္းလြင္ရဲ႕ ဓမၼစကူး Mask

Image may contain: one or more people

(၅) အဆိုေတာ္ ေခ်ာစုခင္ရဲ႕ ႐ိုးရွင္းတဲ့ အျဖဴေရာင္ Mask လက္ရာ

Image may contain: one or more people

(၆) ဆုျပည့္ရဲ႕ ေက်ာင္းဖြင့္ခ်ိန္အမီ အျဖဴအစိမ္း Mask ဖန္တီးမႈ

Image may contain: one or more people and closeup

(၇)အဲန္အယ္လ္ဒီ၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ တိုင္းရင္းသားသ႐ုပ္ေဖာ္ Mask လက္ရာ

Image may contain: 2 people

(၈) ရန္ကင္းသူရဲ႕ Mask အပါအဝင္ ဝန္စုံျပည့္ ဖက္ရွင္က်က် ဖန္တီးခ်ဳပ္လုပ္မႈလက္ရာ

Image may contain: one or more people

(၉) နန္းျမတ္သႏၲာကိုရဲ႕ ထူးျခားပလစ္စတစ္ကာဗာပါးပါးပါ ဖန္တီးလက္ရာ

Image may contain: one or more people, closeup and outdoor

(၁၀) တေခ်ာင္းထိုး သိုးေမြးဒီဇိုင္း တစ္ရႉး Filter ႏွင့္ ဖန္တီးခ်ဳပ္လုပ္မႈလက္ရာ

Image may contain: 4 people

 

DVB 

Read 10737 times
Rate this item
(0 votes)