SMART မြန်မာ မှ ဦးဆောင်၍ SMART Social Compliance Academy ဖွဲ့စည်းကာ မြန်မာနိုင်ငံအတွင်းရှိ
အထည်ချုပ်လုပ်ငန်းများအား Social Compliance System (လူမှုရေးလိုက်နာမှုစနစ်) အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခုလက်ရှိတွင် အထည်ချုပ်လုပ်ငန်းပေါင်း ၂၄ ခုကျော်ကို ပညာပေးလျှက်ရှိပြီး အခမဲ့ HR စီမံခန့်ခွဲမှု သင်တန်းများကိုပါ ပို့ချသင်ကြားပေးလျှက်ရှိသည်။
ထိုသို့ ပညာပေးရေးလုပ်ငန်းများကိုမြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းများတွင် အများအပြား လိုအပ်လျှက်ရှိပြီး SMART မြန်မာမှလည်း ပညာပေးသင်တန်းများကို ထပ်မံပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းကို တိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ Business Innovation Facility (BIF) အဖွဲ့အစည်းကို ထပ်မံဖွဲ့စည်းခဲ့ပြီး ဗဟုသုတနှင့် အတွေ့အကြုံ အသိပညာပေး လုပ်ငန်းများကို မျှဝေကာ အထည်ချုပ်လုပ်ငန်း အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျှက်ရှိသည်။
BIF အဖွဲ့မှ ၎င်းသင်တန်းပို့ချမှုများကို လပေါင်းများစွာ ပို့ချမည်ဟု အစီအစဉ်ဆွဲထားပြီး ၀န်ဆောင်မှု သင်တန်းများ၊ KPI (Key Performance Indicator) သင်တန်းများကိုလည်း ထပ်မံပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: SMART Myanmar