What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Made in Ethiopia by China (Part Three)

Hawassa Industrial Park က အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အက်ဒစ် အက်ဘာဘာ Addis Ababa နဲ့ မိုင် ၁၇၀ ဝေးတယ်။

ကုန်းတွင်းပိုင်းနိုင်ငံ ဖြစ်နေလို့ ပင်လယ်ဆိပ်ကမ်း မရှိဘူး။ အ၀တ်အစားတွေကို တင်ပို့တဲ့အခါ အာဖရိက အရှေ့ပိုင်းနိုင်ငံတစ်ခု ဖြစ်တဲ့ ဒီဂျီဘူတီ Djibouti နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းကနေတစ်ဆင့် တင်ပို့ရတယ်။ အဲဒီဆိပ်ကမ်းကို ရောက်ဖို့ ကုန်လမ်းခရီးကို ခရီးနှင်ပြီး သယ်ဆောင်ပေးရတယ်။ ဒါပေမဲ့ မြန်ဆန်အောင် တရုတ်နိုင်ငံက လုပ်ဆောင်ပေးနေတယ်။
China Civil Engineering Construction Corp. က မိုင် ၄၅၀ အရှည်ရှိတဲ့ ရထားလမ်းကို Addis Ababa နှင့် Djibouti တို့အကြား တည်ဆောက်ပေးတယ်။ ခရီးသည်တင်ရထား၊ ကုန်တင်ရထား နှစ်မျိုးစလုံး ပြေးဆွဲဖို့ ဖြစ်ပေမဲ့ အီသီယိုးပီးယားမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေလို့ ခရီးသည်တင်ရထားတွေပဲ ပြေးဆွဲတယ်။ ကုန်တင်ရထား အစီအစဉ် မစနိုင်သေးဘူး။
ဒီတော့ ကွန်တိန်နာ ထရပ်ကားတွေနဲ့ပဲ ပေးပို့နေရတယ်။ အဲဒါဟာ နိုင်ငံရေး မတည်ငြိမ်ရင် ကြုံရတဲ့ ဒုက္ခသုက္ခပါပဲ။ ဘာလို့လဲဆိုတော့ လူများစု လူမျိုးနွယ်ဖြစ်တဲ့ အိုရိုမိုတွေက စက်မှုဥယျာဉ်တွေ ဆောက်ဖို့ မြေတွေ အသိမ်းခံရတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြတာတွေ ဖြစ်ပေါ်နေတယ်။ နောက်တော့ မြေယာကိစ္စမှာ နိုင်ငံရေးကိစ္စတွေပါ ရောပါလာတယ်။ အဝေးပြေးလမ်းမတွေကို ပိတ်ဆို့ပြီး ဆန္ဒတွေ ပြကြလို့ ထရပ်ကားတွေ သွားမရတော့ဘူး။ လမ်းပိတ်တာ သိပ်ကြာနေရင် ကွင်းပြင်ထွေထဲ ဆင်းပြီး မောင်းနှင်ကြရတယ်။ ၁၀ ဘီကားနဲ့ ကုလားအုတ် တိုက်မိတာ ဖြစ်နေကျ ဖြစ်နေပြီ။ ဘယ်လိုပဲမောင်းမောင်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်။

နောက်ထပ်ကြာပုံကြာနည်းတစ်ခုက အကောက်ခွန်စစ်ဆေးရေး ဆောင်ရွက်တဲ့နေရာ သုံးခုကို ထရပ်ကားတွေ ဖြတ်သန်းရတယ်။ အဲဒီနေရာ သုံးခုစလုံးမှာ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ လုပ်ကိုင်ကြရတယ်။ တကယ်လို့ ရုံးပိတ်ရက်ဆိုရင် ရုံးပြန်ဖွင့်မယ့်ရက်ကို စောင့်ပေးရတယ်။ ဒီတော့ ထပ်ကြာပြန်ရော ဆိုပါတော့။ နှစ်ရက်သုံးရက် ထရပ်ကားတွေ ရပ်ထားပြီး စောင့်ကြရတယ်။
နောက်ထပ် ဒုက္ခသုက္ခတစ်ခုက လိုအပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ လိုချင်တဲပုံစံဖြင့် မရနိုင်တာ ဖြစ်ပါတယ်။ သီရိလင်္ကာမှ ရှပ်အင်္ကျီ ထုတ်လုပ်တဲ့ လုပ်ငန်း Hirdaramani Group က ထုပ်ပိုးဖို့ စက္ကူကတ်ထူပုံးတွေကို လစဉ် သီရီလင်္ကာမှ မှာယူရတယ်။ စက်ရုံမှူး ဂါယံ နာနယပ်ကာရာက ‘‘အီသီယိုးပီးယားမှာ ၀ယ်ရင် ကတ်ထူပုံးကို သတ္တုပင်တွေနဲ့ ချုပ်တွဲထားတာမျိုးပဲ ရတယ်။ အဲဒါ အကောက်ခွန် စစ်ဆေးရင် သတ္တုပါနေလို့ အချက်ပေးသံမြည်တယ်။ ဒီတော့ ကြန့်ကြာကုန်ရော’’ လို့ ရှင်းပြတယ်။
အဲဒီလိုမျိုးတွေ ဖြစ်နေတာကြောင့် ပြည်တွင်းလုပ်ငန်းငယ်တွေ အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးကြတယ်။ ကမ္ဘာဘဏ်က ၂၀၁၄ ခုနှစ်မှာ အီသီယိုးပီးယမ်း ယှဉ်ပြိုင်နိုင်စွမ်း ဆိုတဲ့ ကြိုးပမ်းအားထုတ်မှုကို ကန်ဒေါ်လာ သန်း ၂၇၀ သုံးစွဲပြီး စတင်လုပ်ကိုင်ပေးခဲ့တယ်။ စက်မှုဇုန်တွေနဲ့ ပြည်တွင်းလုပ်ငန်းတွေအကြား အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်စေဖို့ ဦးတည်ချက် ထားရှိပြီး လုပ်ကိုင်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ သုံးနှစ်ကြာပြီးချိန်မှာ ပြည်တွင်း ကုမ္ပဏီ ၇ ခုကို အသင့်ပြင်ဆင်ပေးတဲ့အဆင့်ကိုပဲ ရောက်သေးတယ်။ စက္ကူပုံးတွေ၊ ကြယ်သီးတွေနဲ့ သားရေထည်အချောတွေ ထုတ်လုပ်ပြီး စက်မှုဇုန်တွေထံ ပေးသွင်းဖို့ ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။

 

Made in Ethiopia by China အပိုင်း(၄) ဆက်လက်ဖတ်ရှုရန်လင့်ခ် ပုံကိုနှိပ်ပါရန်။

http://www.textiledirectory.com.mm/articles/item/760-made-in-ethiopia-by-china-part-four.html

1400x 1 3

Made in Ethiopia by China အပိုင်း(၁) ဖတ်ရှုရန်လင့်ခ်

Made in Ethiopia by China (Part One)
http://www.textiledirectory.com.mm/articles/item/756-hawassa-industrial-park.html

ETHI link

 

Read 1033 times
Rate this item
(0 votes)