What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငွေအကြွေ ခက်ခဲမှု ဖြေရှင်းပေးမယ့် CB Bank ရဲ့ ငွေအကြွေ ATM

ရန်ကုန်မြို့တွင် YBS ဘတ်စ်ကားစနစ်၏ ဘယ်စီးစီး ကျပ် ၂၀၀ ကျင့်သုံးခဲ့တာမှာ
ပိုက်ဆံပုံးထဲ ငွေအကြွေ ထည့်စေကာ ပြန်မအမ်းသည့်အတွက် နေ့စဉ် ဘတ်စ်ကားစီးခရီးသည်များ ကျပ် ၂၀၀ တန်များ ဆောင်ထားကြရပါတယ်။


နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ ဒုက္ခငယ်တစ်မျိုး ဖြစ်နေပေမဲ့ YBS မှ ထိထိရောက်ရောက် နေ့စဉ် ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိပါဘူး။
အဲဒါအပြင် ငွေအကြွေ တစ်ရာတန်၊ နှစ်ရာတန် နဲ့ ငါးရာတန်များ လိုသလောက် ရဖို့ ခက်ခဲနေတာ အများအသိဖြစ်ပါတယ်။
အဲဒီ လူထုပြဿနာကို CB Bank ရဲ့ ATM ငွေအကြွေထုတ်စက်များဖြင့် ကူညီဖြေရှင်းသွားမယ်လို့ သိရပါတယ်။
အကြွေကို ကျပ်တစ်ရာတန်၊ ကျပ် နှစ်ရာတန်နဲ့ ကျပ်ငါးရာတန်ကျပ်တို့ကို
CB ATM (UFC)စက်မှာ ထုတ်ယူနိုင်ကြတော့မှာ ဖြစ်ပါတယ်။
ကန့်သတ်ချက်ကတော့ အများဆုံးတစ်ခါထုတ်လျှင်
တစ်ရာကျပ်မှ ကိုးရာကျပ်အထိ ငွေထုတ်လို့ရမယ်လို့ သိရပါတယ်။
အဆိုပါ ငွေအကြွေထုတ်စက်များရဲ့ ရုံအပေါ်နဖူစည်းမှာ
CB Bank ရဲ့ လိုဂိုနဲ့အတူ ATM ငွေအကြွေထုတ်စက် ကို ဖော်ပြပေးထားမယ်လို့ သိရပါတယ်။
CB Bank ကို စုံစမ်းမေးမြန်းခဲ့ရာမှ ယခုလို အကြောင်းပြန်ကြားခဲ့ပါတယ်။

လူကြီးမင်းအနေဖြင့် ငွေစက္ကူ အကြွေကျပ်တန် အမျိုးအစား ထုတ်ယူလို့ ရသည့် ATM စက်မှာ

UFC CB Bank ( Union Financial Centre ဘဏ်ခွဲ)

Union Of Financial Centre မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ် ။ ။ 01-8610323/ 01-8610324 ဖြစ်ပါတယ်ရှင်။

 

cb bank

Read 1227 times
Rate this item
(1 Vote)