၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့သည် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနေ့ ဖြစ်ပြီး ရက်သတ္တပတ်၊ အလုပ်ပိတ်ရက် အနားယူရသည့်ရက်လည်း ဖြစ်သဖြင့် အဆိုပါမဲပေးမည့်နေ့ရက်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများအနေဖြင့် အလုပ်သမားများကို အချိန်ပို (OT) ခေါ်ယူခြင်း ကို မပြုလုပ်ပါရန် ကြိုတင်အသိပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
တာဝန်သိမှု နှင့် အခွင့်အရေး
အမှတ် (၃၈၄)၊ စပါယ်လမ်းနှင့် ကုန်းဘောင်လမ်းထောင့်၊ ၁၅ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန် ဖုန်း- ၀၉ ၄၅၀ ၃၀၂ ၀၆၉
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် အလုပ်သမားများကို အချိန်ပို (OT) ခေါ်ယူခြင်းနှင့်
ပါတ်သက်၍ ထုတ်ပြန်ကြေညာချက်
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့သည် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနေ့ ဖြစ်ပါသည်။ ထို့အပြင် နိုဝင်ဘာလ (၁၈) ရက်နေ့သည် တနင်္ဂနွေနေ့လည်း ဖြစ်ပါသည်။ ရက်သတ္တပတ်၊ အလုပ်ပိတ်ရက် အနားယူရသည့်ရက်လည်း ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်ညွှန်ကြားချက်များအရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မကျင့်သုံးနိုင်စေရန် လည်းကောင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန် လည်းကောင်း ဆောင်ရွက်သူသည် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ပါသည်။
မဲပေးမည့်နေ့ရက်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများအနေဖြင့် အချိန်ပို (OT) ခေါ်ယူရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရှိရပါသည်။ အထွေထွေရွေးကောက်ပွဲနေ့တွင် အချိန်ပို (OT) ခေါ်ယူခြင်းသည် အလုပ်သမားများ၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး (rights to vote) ၊ နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးခွင့် အခွင့်အရေးများကို ပျက်ပြားစေရန် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အထွေထွေရွေးကောက်ပွဲ နေ့တွင် အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများ အနေ ဖြင့် အချိန်ပို Overtime (OT) ကို ခေါ်ယူခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းလည်း ဖြစ်ပါသည်။ အချိန်ပို (OT) ခေါ်ယူခြင်း ကို မပြုလုပ်ပါရန် ကြိုတင်အသိပေး (Remind) အကြောင်းကြား အပ်ပါသည်။
မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးသည် နိုင်ငံသားတဦးအတွက် အခြေခံအခွင့်အရေး ဖြစ်သည့် အတွက် မှန်ကန်စွာ ထိမ်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိပါသည်။
အလုပ်သမားများအနေဖြင့်လည်း မည်သည့်စီးပွားရေးလုပ်ငန်းကဏ္ဍ၏ မည်သည့်အလုပ်သမားမဆိုကို မဲပေးခွင့် ဆုံးရှုံးစေရန် စီမံခန့်ခွဲသူတစ်ဦးဦးမှ ဆောင်ရွက်ပါက ထိုသူသည် အလုပ်သမား၏ ဆန္ဒမဲ ပေးပိုင်ခွင့်ကို ပျက်ပြားစေရန် လုပ်ဆောင်သဖြင့် အရေးယူဆောင်ရွက်ခံရမည်ကို သိရှိထားရန်၊ ပြန်လည် တင်ပြရန် လိုအပ်ပါသည်။
အလုပ်သမားများအားလုံးသည် မိမိ၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို နိုင်ငံတော်မှ ဥပဒေအရ အကာအကွယ်ပေးထားမှုကို သိရှိထားရန်လိုအပ်ပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အလုပ်သမားများအားလုံး ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိစေရန်နှင့် အလုပ်သမားများ၏ နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်သူ မည်သည့် စီမံခန့်ခွဲသူ အလုပ်ရှင်ကို မဆို နိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန်
၁) ဦးမောင်မောင်
" ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဖုန်း - ၀၉ ၄၂၂ ၃၈၀ ၃၆၄
၂) ဒေါ်ဖြိုးစန္ဒာစိုး
- လက်ထွေအထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)
ဖုန်း - ၀၉ ၄၂၀ ၁၂၂ ၅၄၂
၃) ဦးအောင်ကျော်ထွန်းနိုင်ဦး - ဗဟိုကော်မတီဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (လှိုင်သာယာမြို့နယ်/ တသီးပုဂ္ဂလ)
ဖုန်း - ၀၉ ၄၂၈ ၁၈၂ ၇၈၈
#MyanmarLabourNews
source-CTUM