What's new

×

Warning

JUser: :_load: Unable to load user with ID: 845


BFC သည် Fashion Awards 2020 အတွက် ဒီဂျစ်တယ်ပုံစံသစ်တစ်ခု ကြေညာခဲ့

ဗြိတိသျှဖက်ရှင်ကောင်စီ (BFC) သည် မကြာသေးမီက အကြီးစားဖြစ်ရပ်များနှင့် ခရီးသွားလာခြင်းတို့အပေါ် ကန့်သတ်ချက်များကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် Fashion Awards 2020 အတွက် ဒီဂျစ်တယ်ပုံစံအသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။

 

BFC သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း၊ သူတို့၏စီးပွားရေးလုပ်ငန်းများနဲ့ တွဲဖက်လုပ်ကိုင်ရသော မော်ဒယ်များနှင့် လိုက်လျောညီထွေဖြစ်အောင် သူတို့ရဲ့လူမှုအသိုင်းအဝိုင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူများအား မီးမောင်းထိုးပြရန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

 

ထိုပွဲတွင် ပေးမယ့်ဆုဟာ ယခုနှစ် ဖက်ရှင်လုပ်ငန်းအတွင်း အပြုသဘောဆောင်တဲ့ပြောင်းလဲမှုကို ဖန်တီးခဲ့ကြတဲ့ ဒီဇိုင်နာများ၊ အမှတ်တံဆိပ်များ၊ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအပေါ် တက်ကြွစွာတုံ့ပြန်နိုင်ပြီး ဤစိန်ခေါ်မှုကာလကို သတ္တိရှိရှိ ရင်ဆိုင်ကာ ဦးဆောင်နိုင်မှုနှင့် ဖန်တီးမှုစွမ်းရည်တို့ကို ဖက်ရှင်လုပ်ငန်းနယ်ပယ်အတွင်း ပြသနိုင်ခဲ့သော ဒီဇိုင်နာများအတွက် ဖြစ်တယ်လို့ BFC ကနေ ဖော်ပြထားပါတယ်။

 

ဒီထူးခြားတဲ့ နှစ်မှာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး နောင်လာမယ့် မျိုးဆက်သစ်ခေါင်းဆောင်နိုင်မှုစွမ်းရည်ရှိသူများ အယောက် ၂၀ ထဲကမှ တစ်ဦးချင်းစီကို ၂၀၂၀ခုနှစ်ရဲ့ အရေးပါဆုံးအချိန်တွင် ဒိုင်တွေရဲ့ကိုယ်ပိုင်အမြင်များကို မျှဝေပေးပြီး ဖက်ရှင်လုပ်ငန်းကို မှတ်တမ်းတင်မည့် ဇာတ်လမ်းတိုတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

 

BFC သည် ကုလသမဂ္ဂလက်တွဲပူးပေါင်းဆောင်ရွက်ရေးရုံး (UNOP) နှင့် ပူးပေါင်း၍ ဖက်ရှင်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို အသိအမှတ်ပြုနိုင်ရန်အတွက် ရေရှည်ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) ကို ထောက်ပံ့ရန်လည်း ကြိုးပမ်းနေပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 825 times
Rate this item
(0 votes)