What's new

×

Warning

JUser: :_load: Unable to load user with ID: 845


State of Fashion 2018

The State of Fashion 2018 မွာ အာရွဖက္ရွင္စီးပြားကုိ ကမၻာ့စီးပြားေရးနဲ႔ ဆက္စပ္ၿပီး တင္ျပထားတယ္။

အာရွမွာ မေသခ်ာမေရရာတဲ့ အေျခအေနထဲမွာ ရွိေနတယ္။ ေဒသတြင္းမွာ စီးပြားေရး လုပ္ကုိင္မႈ တုိးတက္ေကာင္းမြန္လာေနေပမဲ့ စီးပြားေရးလုပ္ကုိင္ဖုိ႔ ယုံၾကည္စိတ္ခ်မႈေတြကေတာ့ ၂ဝ၁၇ ခုႏွစ္အကုန္ပုိင္းမွာ ျမန္မာႏုိင္ငံအပါအ၀င္ ႏုိင္ငံအေတာ္မ်ားမ်ားမွာ က်ဆင္းေနတယ္။ အခုလုိ ျဖစ္ရတာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္ၿပီး အဓိကက်တဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ ေဒသတြင္းမွာ ပထ၀ီႏုိင္ငံေရး မတည္မၿငိမ္တာ ျဖစ္ပါတယ္။ ေျမာက္ကုိရီးယားနဲ႔ အေမရိကန္၊ ဖိလစ္ပုိင္နဲ႔ ISIS ၊ ျမန္မာမွာ ရခုိင္ျပည္နယ္ျပႆနာ စတာေတြ ျဖစ္ပြားေနၿပီး ဘာေတြ ဘယ္လုိ ျဖစ္လာမွာလဲဆုိတာ ႀကိဳတင္ခန္႔မွန္းဖုိ႔ ခဲယဥ္းေနတယ္။
အခုလုိ အျဖစ္အပ်က္ေတြက စီးပြားေရးေခါင္းေဆာင္ေတြရဲ႕ အျမင္ပုံစံကုိ ပုံသြင္းေပးေနၿပီး စြဲမွတ္ထားတဲ့အျမင္ အသစ္ကုိ ျဖစ္ေပၚေစတယ္။ ဖက္ရွင္ေလာကမွ စီအီးအုိတစ္ဦးက ‘‘ကၽြန္ေတာ္တုိ႔က ႀကိဳတင္ခန္႔မွန္းလုိ႔မရတဲ့ အေျခအေနထဲမွာ ေနထုိင္ေနရတယ္။ အဲဒါက ေျပာင္းလဲသြားမယ္လုိ႔ ကၽြန္ေတာ္ မထင္ဘူး။ ႀကိဳတင္ခန္႔မွန္းလုိ႔ မရတဲ့အေျခအေနအတုိင္း ဆက္ရွိေနမယ္လုိ႔ ကၽြန္ေတာ္ ထင္တယ္’’ လုိ႔ ေျပာပါတယ္။ State of Fashion 2018 အတြက္ ေမးျမန္းတာကုိ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
လုပ္ငန္းႀကီးထြားဖုိ႔အတြက္ အႏၱရာယ္ေတြကေတာ့ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲျခင္း၊ ပထ၀ီႏုိင္ငံေရး မတည္ၿငိမ္ျခင္း၊ ႏုိင္ငံေရး ပဋိပကၡမ်ားတုိ႔ ျဖစ္တယ္လုိ႔ BoF-McKinsey Global Fashion Survey မွာ ေဖာ္ျပထားတယ္။
အဲဒီလုိ အေျခအေနကုိ ဘယ္လုိ ရင္ဆုိင္ၾကမလဲ။ ဂ်င္းထည္မွာ နာမည္အႀကီးဆုံးျဖစ္တဲ့
Levi Strauss ရဲ႕ အႀကီးအကဲ စီအီးအုိ Chip Bergh ကုိ State of Fashion 2018 အတြက္ အင္တာဗ်ဴးခဲ့တာမွာ သူက ‘‘ကၽြန္ေတာ္တုိ႔ အရာတုိင္းကုိ ထိန္းခ်ဳပ္ဖုိ႔ မျဖစ္ႏုိင္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ ဘာေတြလုပ္ကုိင္မလဲဆုိတာ ထိန္းခ်ဳပ္လုိ႔ ရတယ္။ ကၽြန္ေတာ္တုိ႔ ဘာေတြ ေရွ႕ဆက္လုပ္မလဲ။ အဲဒါေတြကုိ ကၽြန္ေတာ္တုိ႔ ကုိင္တြယ္ထိန္းေက်ာင္းေပးလုိ႔ ရတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ အရင္းအျမစ္ေတြကုိ ဘယ္ေနရာေတြမွာ ဘယ္လုိသုံးစြဲၿပီး အက်ဳိးထိထိေရာက္ေရာက္ ရွိေအာင္လုပ္မလဲဆုိတာကုိ ကၽြန္ေတာ္တုိ႔ ကုိင္တြယ္ထိန္းခ်ဳပ္လုိ႔ ရတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ မဟာဗ်ဴဟာေတြ ခင္းက်င္းထားတဲ့ ဧရိယာေတြကုိ ကၽြန္ေတာ္တုိ႔ စူးစုိက္လုပ္ကုိင္ၾကရမယ္’’ လုိ႔ အႀကံျပဳပါတယ္။

ေအာင္ျမင္တဲ့ ဖက္ရွင္လုပ္ငန္း၊ ေအာင္ျမင္တဲ့ အထည္ခ်ဳပ္လုပ္ငန္း ျဖစ္ေနဖုိ႔ နည္းပညာပုိင္းမွာ ●ႏုိးႏုိးၾကားၾကား ျဖစ္ေနရမယ္။ ●ေပါ့ပါးဖ်တ္လတ္ေနရမယ္။ ●သြက္လက္ခ်က္ခ်ာေနရမယ္။ နည္းပညာကုိ လူအမ်ားတုိ႔ သုံးစြဲေနတာ ဘယ္လုိသုံးေနၾကသလဲဆုိတာ ႏုိးႏုိးၾကားၾကားျဖင့္ သိေအာင္ လုပ္ရမယ္။ အဲဒီလုိ သုံးစြဲပုံေတြနဲ႔ လုိက္ေလ်ာညီေထြ ျဖစ္ေအာင္ လုိက္လုပ္ဖုိ႔ လုပ္ငန္းဟာ ေပါ့ပါးဖ်တ္လတ္ေနရမယ္။ အဲဒီ နည္းပညာသုံးစြဲပုံကုိ လုပ္ငန္းက သိရွိတဲ့အျပင္ နားလည္တတ္ကၽြမ္းဖုိ႔ သြက္လက္ခ်က္ခ်ာေနရမယ္။
ဝယ္ယူသူေတြက လုိခ်င္တာေတြ၊ လုိခ်င္တဲ့ပုံစံေတြကုိ ေရွ႕တန္းတင္ထားရမယ္။ တာတုိအေျပးသမားလုိ ျဖစ္ေနရမယ္။ ဝယ္ယူသူေတြ အဆင္ေျပေအာင္ လုပ္ေပးတဲ့ နည္းလမ္းေတြ ေျဖရွင္းပုံေတြကုိ ျမန္ျမန္သြက္သြက္ စီစဥ္ေပးႏုိင္ရမယ္။
ယခင္တုန္းကလုိ ဖက္ရွင္ထည္ေတြကုိ ေရာင္းခ်ေပးလုိက္႐ုံျဖင့္ မၿပီးေတာ့ဘူး။ အိမ္တုိင္ရာေရာက္ အေရာက္ပုိ႔ေပးမွ ႀကိဳက္တဲ့သေဘာ ရွိေနၿပီ။ အဲဒီအတြက္ ေပးရမယ့္ လူအင္အား၊ အခ်ိန္၊ ကုန္က်စရိတ္ေတြကုိ ထည့္စဥ္းစားထားရမယ္။ အဲဒီအတြက္ အကုန္အက် သက္သာေအာင္ ဘယ္လုိလုပ္မလဲ။ ျမန္ဆန္ေအာင္ ဘယ္လုိလုပ္မလဲဆုိတာ ကုိယ္က်င္လည္တဲ့၀န္းက်င္ထဲမွာ လက္ေတြ႕က်တဲ့ အေျဖကုိ ရွာထားရမယ္။ မာရသြန္ေျပးပြဲကုိ တာတုိေျပးတဲ့ အပုိင္းအကန္႔ေတြနဲ႔ ေျပးမွ ေရရွည္ဆက္ၿပီး ေျပးႏုိင္မယ္။

uni

The State of Fashion 2018 မှာ အာရှဖက်ရှင်စီးပွားကို ကမ္ဘာ့စီးပွားရေးနဲ့ ဆက်စပ်ပြီး တင်ပြထားတယ်။ အာရှမှာ မသေချာမရေရာတဲ့ အခြေအနေထဲမှာ ရှိနေတယ်။ ဒေသတွင်းမှာ စီးပွားရေး လုပ်ကိုင်မှု တိုးတက်ကောင်းမွန်လာနေပေမဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ယုံကြည်စိတ်ချမှုတွေကတော့ ၂ဝ၁၇ ခုနှစ်အကုန်ပိုင်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ ကျဆင်းနေတယ်။ အခုလို ဖြစ်ရတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပြီး အဓိကကျတဲ့ အကြောင်းရင်းတစ်ခုကတော့ ဒေသတွင်းမှာ ပထဝီနိုင်ငံရေး မတည်မငြိမ်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ISIS၊ မြန်မာမှာ ရခိုင်ပြည်နယ်ပြဿနာ စတာတွေ ဖြစ်ပွားနပြေီး ဘာတွေ ဘယ်လို ဖြစ်လာမှာလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခဲယဉ်းနေတယ်။
အခုလို အဖြစ်အပျက်တွေက စီးပွားရေးခေါင်းဆောင်တွေရဲ့ အမြင်ပုံစံကို ပုံသွင်းပေးနပြေီး စွဲမှတ်ထားတဲ့အမြင် အသစ်ကို ဖြစ်ပေါ်စေတယ်။ ဖက်ရှင်လောကမှ စီအီးအိုတစ်ဦးက ‘‘ကျွန်တော်တို့က ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြေအနေထဲမှာ နေထိုင်နေရတယ်။ အဲဒါက ပြောင်းလဲသွားမယ်လို့ ကျွန်တော် မထင်ဘူး။ ကြိုတင်ခန့်မှန်းလို့ မရတဲ့အခြေအနေအတိုင်း ဆက်ရှိနေမယ်လို့ ကျွန်တော် ထင်တယ်’’ လို့ ပြောပါတယ်။ State of Fashion 2018 အတွက် မေးမြန်းတာကို ဖြကြေားခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းကြီးထွားဖို့အတွက် အန္တရာယ်တွေကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်း၊ ပထဝီနိုင်ငံရေး မတည်ငြိမ်ခြင်း၊ နိုင်ငံရေး ပဋိပက္ခများတို့ ဖြစ်တယ်လို့ BoF-McKinsey Global Fashion Survey မှာ ဖော်ပြထားတယ်။
အဲဒီလို အခြေအနေကို ဘယ်လို ရင်ဆိုင်ကြမလဲ။ ဂျင်းထည်မှာ နာမည်အကြီးဆုံးဖြစ်တဲ့
Levi Strauss ရဲ့ အကြီးအကဲ စီအီးအို Chip Bergh ကို State of Fashion 2018 အတွက် အင်တာဗျူးခဲ့တာမှာ သူက ‘‘ကျွန်တော်တို့ အရာတိုင်းကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘာတွေလုပ်ကိုင်မလဲဆိုတာ ထိန်းချုပ်လို့ ရတယ်။ ကျွန်တော်တို့ ဘာတွေ ရှေ့ဆက်လုပ်မလဲ။ အဲဒါတွေကို ကျွန်တော်တို့ ကိုင်တွယ်ထိန်းကျောင်းပေးလို့ ရတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲပြီး အကျိုးထိထိရောက်ရောက် ရှိအောင်လုပ်မလဲဆိုတာကို ကျွန်တော်တို့ ကိုင်တွယ်ထိန်းချုပ်လို့ ရတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာတွေ ခင်းကျင်းထားတဲ့ ဧရိယာတွေကို ကျွန်တော်တို့ စူးစိုက်လုပ်ကိုင်ကြရမယ်’’ လို့ အကြံပြုပါတယ်။

အောင်မြင်တဲ့ ဖက်ရှင်လုပ်ငန်း၊ အောင်မြင်တဲ့ အထည်ချုပ်လုပ်ငန်း ဖြစ်နေဖို့ နည်းပညာပိုင်းမှာ ●နိုးနိုးကြားကြား ဖြစ်နေရမယ်။ ●ပေါ့ပါးဖျတ်လတ်နေရမယ်။ ●သွက်လက်ချက်ချာနေရမယ်။ နည်းပညာကို လူအများတို့ သုံးစွဲနေတာ ဘယ်လိုသုံးနကြေသလဲဆိုတာ နိုးနိုးကြားကြားဖြင့် သိအောင် လုပ်ရမယ်။ အဲဒီလို သုံးစွဲပုံတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်လုပ်ဖို့ လုပ်ငန်းဟာ ပေါ့ပါးဖျတ်လတ်နေရမယ်။ အဲဒီ နည်းပညာသုံးစွဲပုံကို လုပ်ငန်းက သိရှိတဲ့အပြင် နားလည်တတ်ကျွမ်းဖို့ သွက်လက်ချက်ချာနေရမယ်။
ဝယ်ယူသူတွေက လိုချင်တာတွေ၊ လိုချင်တဲ့ပုံစံတွေကို ရှေ့တန်းတင်ထားရမယ်။ တာတိုအပြေးသမားလို ဖြစ်နေရမယ်။ ဝယ်ယူသူတွေ အဆင်ပြေအောင် လုပ်ပေးတဲ့ နည်းလမ်းတွေ ဖြေရှင်းပုံတွေကို မြန်မြန်သွက်သွက် စီစဉ်ပေးနိုင်ရမယ်။
ယခင်တုန်းကလို ဖက်ရှင်ထည်တွေကို ရောင်းချပေးလိုက်ရုံဖြင့် မပြီးတော့ဘူး။ အိမ်တိုင်ရာရောက် အရောက်ပို့ပေးမှ ကြိုက်တဲ့သဘော ရှိနပြေီ။ အဲဒီအတွက် ပေးရမယ့် လူအင်အား၊ အချိန်၊ ကုန်ကျစရိတ်တွေကို ထည့်စဉ်းစားထားရမယ်။ အဲဒီအတွက် အကုန်အကျ သက်သာအောင် ဘယ်လိုလုပ်မလဲ။ မြန်ဆန်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကိုယ်ကျင်လည်တဲ့ဝန်းကျင်ထဲမှာ လက်တွေ့ကျတဲ့ အဖြေကို ရှာထားရမယ်။ မာရသွန်ပြေးပွဲကို တာတိုပြေးတဲ့ အပိုင်းအကန့်တွေနဲ့ ပြေးမှ ရေရှည်ဆက်ပြီး ပြေးနိုင်မယ်။

Read 992 times
Rate this item
(0 votes)
Tagged under