What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2021 Cannes Film Festival အမြင်ဆန်းတဲ့ ပွဲတက်ဖက်ရှင်များ (၂)

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် 2021 Cannes Film Festival ကို ယခုနှစ် ဇူလိုင်လ ၆ မှ ၁၇ အထိ ကျင်းပခဲ့ပါတယ်။ 

ကော်ဇောနီပေါ်မှာ ဘယ်လို ဖက်ရှင်တွေ ဝတ်စားဆင်ယင်ပြီး စဲလီတွေ ပွဲတက်ခဲ့ကြသလဲဆိုတာ စုဆောင်းတင်ပြပေးလိုက်ပါတယ်။ 

 

Bella Hadid

စူပါမော်ဒယ်က အမြင်ဆန်းတဲ့ ရွှေလည်ဆွဲဖြင့် ကော်ဇောနီပေါ်မှာ ပွဲထွက်ခဲ့ပါတယ်။

bellahadid5.jpg

 “Tre Piani” (Three Floors' )ရုပ်ရှင်ကားကို ကြည့်ရှုဖို့ ဇူလိုင်လ ၉ ရက်နေ့ လာရောက်ခဲ့စဉ်မှာ အခုလို အမြင်ဆန်းတဲ့ ရွှေလည်ဆွဲ ဖက်ရှင်ကို ဆင်မြန်းထားပါတယ်။ ဝတ်ထားတဲ့ အဝတ်အစားက မည်းနက်တဲ့အဆင်း ရှိပြီး သိုးမွေးထည်ဖြစ်ပါတယ်။  

Schiaparelli Haute Couture fall ’21 collection ထဲမှ ဖက်ရှင်ထည်တစ်ခု ဖြစ်ပါတယ်။  

bellahadid2.jpg

လက်ရှည်ဖြစ်ပြီး လက်ဖျားက လက်ကောက်ဝတ်ကို ကျော်တဲ့အထိ ရှည်ပေးထားပါတယ်။  ရွှေလည်ဆွဲကို အသားအရေပေါ် တင်ပြီး ပြသနိုင်ဖို့ လည်ပင်းပေါက်ကို ဟိုက်ထားလိုက်တာ ရင်နှစ်မွှာရဲ့ အောက်အထိ ရောက်ပါတယ်။

bellahadid3.jpg

 

ရင်နှစ်မွှာ အဖောင်းအကြွပေါ်မှာတော့ ရွှေအဆုပ်လည်ဆွဲ နေရာယူထားပါတယ်။ လေပြွန်မကြီးကနေ လေပြွန်ငယ်ကလေးတွေ လူ့အဆုပ်ထဲမှာ သစ်ခက်တွေလို ခက်ဖြာသွားတဲ့အတိုင်း ပုံဖော်ပေးထားတာ စိတ်ဝင်စားစရာ ပါပဲ။ လေပြွန်ငယ်ကလေးတွေရဲ့ အဆုံးသတ်မှာ စိန်တုအပွင့်တွေ တပ်ဆင်ပြီး အဆုံးသတ်ပေးထားပါတယ်။

bellahadid6.jpg

 

လည်ပင်းမှာ ဆွဲထားဖို့က အလေးချိန်ကို ခံနိုင်ရည် မရှိမှာ မပူရတဲ့ အရွယ်အစားကြီးကြီးဖြင့် ကွင်းဆက်ကြီးတွေနဲ့ လုပ်ပေးထားတယ်။ ရွှေအဆုပ်လည်ဆွဲက ဆွဲဆောင်အား ကောင်းလွန်းတာကြောင့် မြင်ရသူတို့ ရင်သပ်ရှုမော ဖြစ်ကြရတဲ့အပြင် နားမှာ တွဲလောင်းချထားတဲ့ နားကပ်တွေကိုတောင် သတိမမူမိအောင် ဖြစ်ကြရပါတယ်။

Read 788 times
Rate this item
(0 votes)