What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်မြို့၌ ထိုင်းအမှတ်တံဆိပ် ၁၀၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲ ခင်းကျင်းပြသမည်

ရန်ကုန်မြို့၌ ထိုင်းအမှတ်တံဆိပ် ၁၀၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲ ခင်းကျင်းပြသမည် The Global News Light Of Myanmar

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေး သံရုံး (DITP)က ကြီးမှူးပြီး Top Thai Brands (2020) ကုန်စည်ပြပွဲကို မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ

 

ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ နံနက်၉ နာရီမှ ညနေ ၆ နာရီအထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

 

အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်ပါဝင်ပြသမည်ဖြစ်ပြီး အီလက်ထရွန်နစ် ပစ္စည်းများ ၊

 

စားသောက်ကုန် ၊ အလှကုန် ၊ လူသုံးကုန် နှင့် ဖက်ရှင်အသုံးဆောင်ပစ္စည်းများ ၊အိမ်တွင်းပစ္စည်းများ ၊ မီးဖိုချောင်သုံးပစ္စည်းများကို

 

ပြသသွားမည်ဖြစ်သည်။

 

“ဒီပွဲမှာဆိုရင် ထိုင်းနိုင်ငံဘက် က ကုမ္ပဏီ ၁၀၀ ကျော်ကနေပြီးတော့ ကုန်စည်အမျိုးအစားများစွာကို လာရောက်ပြီးတော့ပြသ မှာဖြစ်ပါတယ်။

 

အစားအသောက်နှင့် သက်ဆိုင်တာတွေလည်းပါသလို အလှကုန်ပစ္စည်းတွေကို လည်းပါဝင်ပြသသွားမှာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံက လုပ်ငန်းရှင်တွေဆီကနေ အိုင်ဒီယာယူချင်တဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေအတွက် လည်းအချင်းချင်းဆွေးနွေးနိုင်မယ့်

 

အခွင့်အရေးတွေကိုလည်း ဒီပွဲမှာရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မတူညီတဲ့ Activity ပေါင်းများစွာကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။

 

ထိုင်းရိုးရာ အကအလှတွေ ၊ ထိုင်းအစားအသောက်ချက်ပြုတ်တာတွေကို ပြသတာတွေ ၊ သစ်သီးတွေမှာ ပန်းပွင့်ပုံဖော်တာတွေကိုလည်း

 

ပြသသွားမှာဖြစ်ပါတယ်” ဟု ထိုင်းစီးပွားရေးသံမှူး Thanawut Naigowit ကပြောဆိုခဲ့ပါတယ်။

 

ထို့ပြင် ထိုင်းရိုးရာအကအလှများ ၊ မွေထိုင်းအကများ ၊ ထိုင်းရိုးရာ အစားအစာများ နှင့် နာမည်ကြီးသရုပ်ဆောင်များ ၊ အဆိုတော်များက

 

ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ရန်ကုန်-ဘန်ကောက် အသွား၊ အပြန် လေယာဉ်လက်မှတ်များနှင့် အခြားသော ကံစမ်းမဲအစီအစဉ်များစွာ

 

ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source : The Standard  Time Daily

 

အမျိုးသမီးအဝတ်အထည်ဆိုင် ၁၁၉၆ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းစီးပြားေရး သံရံုး (DITP)က ႀကိီးမွဴးၿပီး Top Thai Brands (2020) ကုန္စည္ျပပြဲကို မတ္လ ၁၂ ရက္မွ ၁၅ ရက္အထိ

 

ရန္ကုန္ၿမိဳ႕ ဦးဝိစာရလမ္းရွိ တပ္မေတာ္ခန္းမ၌ နံနက္၉ နာရီမွ ညေန ၆ နာရိီအထိ ခင္းက်င္းျပသသြားမွာျဖစ္ပါတယ္။

အဆိုပါျပပြဲတြင္ ထိုင္းႏိုင္ငံမွ နာမည္ေက်ာ္ အမွတ္တံဆိ္ပ္ေပါင္း ၁၀၀ ေက်ာ္ပါဝင္ျပသမည္ျဖစ္ၿပီး အီလက္ထရြန္နစ္ ပစၥည္းမ်ား ၊

 

စားေသာက္ကုန္ ၊ အလွကုန္ ၊ လူသံုးကုန္ ႏွင့္ ဖက္ရွင္အသံုးေဆာင္ပစၥည္းမ်ား ၊အိမ္တြင္းပစၥည္းမ်ား ၊ မီးဖိုေခ်ာင္သံုးပစၥည္းမ်ားကိုျပသသြားမည္ျဖစ္သည္။

“ဒီပြဲမွာဆိုရင္ ထိုင္းႏိုင္ငံဘက္ က ကုမၸဏီ ၁၀၀ ေက်ာ္ကေနၿပီးေတာ့ ကုန္စည္အမ်ိဳးအစားမ်ားစြာကို လာေရာက္ၿပီးေတာ့ျပသ မွာျဖစ္ပါတယ္။

 

အစားေသာက္ႏွင့္ သက္ဆိုင္တာေတြလည္းပါသလို အလွကုန္ပစၥည္းေတြကို လည္းပါဝင္ျပသသြားမွာျဖစ္ပါတယ္။

 

ထိုင္းႏိုင္ငံက လုပ္ငန္းရွင္ေတြဆီကေန အိုင္ဒီယာယူခ်င္တဲ့ ျမန္မာႏိုင္ငံက လုပ္ငန္းရွင္ေတြအတြက္ လည္းအခ်င္းခ်င္းေဆြးေႏြးႏိုင္မယ့္

 

အခြင့္အေရးေတြကိုလည္း ဒီပြဲမွာရရွိႏိုင္မွာပဲျဖစ္ပါတယ္။ ဒီပြဲမွာဆိုရင္ အတူညီတဲ့ Activity ေပါင္းမ်ားစြာကိုလည္း ထည့္သြင္းသြားမွာျဖစ္ပါတယ္။

 

ထိုင္း႐ိုးရာ အကအလွေတြ ၊ ထိုင္းအစားအေသာက္ခ်က္ျပဳတ္တာေတြကို ျပသတာေတြ ၊ သစ္သီးေတြမွာ ပန္းပြင့္ပံုေဖာ္တာေတြကိုလည္း

 

ျပသသြားမွာျဖစ္ပါတယ္” ဟု ထိုင္းစီးပြားေရးသံမွဴး Thanawut Naigowit ကေျပာဆိုခဲ့ပါတယ္။

ထို႔ျပင္ ထိုင္း႐ိုးရာအကအလွမ်ား ၊ ေမြထိုင္းအကမ်ား ၊ ထိုင္း႐ိုးရာ အစားအစာမ်ား ႏွင့္ နာမည္ႀကီးသ႐ုပ္ေဆာင္မ်ား ၊ အဆိုေတာ္မ်ားက

 

ေဖ်ာ္ေျဖတင္ဆက္သြားမည္ျဖစ္ၿပီး ရန္ကုန္-ဘန္ေကာက္ အသြား၊ အျပန္ ေလယာဥ္လက္မွတ္မ်ားႏွင့္ အျခားေသာ ကံစမ္းမဲအစီအစဥ္မ်ားစြာ

 

ပါဝင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

Source : The Standard  Time Daily

 

အမိ်ဳးသမီးအဝတ္အထည္ဆုိင္ ၁၁၉၆ ဆုိင္ကုိရွာရန္ ႏွိပ္ပါ

 

Myanmar Textile and Garment Directory

Read 997 times
Rate this item
(0 votes)
Tagged under