What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝေလမင်းသား အဖွဲ့အစည်း က မြန်မာ့ရိုးရာ ရက်ကန်းထည်များကို တစ်ဖန်ပြန်လည် ဆန်းသစ်တီထွင် ပြသမည့် ဖက်ရှင်ပြပွဲပြုလုပ်မည်

ဝေလမင်းသား အဖွဲ့အစည်း က မြန်မာ့ရိုးရာ ရက်ကန်းထည်များကို တစ်ဖန်ပြန်လည် ဆန်းသစ်တီထွင် ပြသမည့် ဖက်ရှင်ပြပွဲပြုလုပ်မည် Google

ဗြိတိန်နိုင်ငံမှ ဝေလမင်းသားတည်ထောင်ထားသော Turquois Mountain အဖွဲ့အစည်းက မြန်မာနိုင်ငံ ၏

 

ပြည်တွင်းဖြစ်လက်မှုပညာလက်ရာများ ၊ ရိုးရာရက်ကန်းထည်များကို တစ်ဖန်ပြန်လည်ဆန်းသစ်တီထွင်

 

ပြသမည့် ဖက်ရှင်ပြပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖက်ရှင်ပြပွဲကို 2014 ခုနှစ်တွင် မြန်မာနိုင်ငံ သို့စတင်ဝင်ရောက်လာသော Turquois Mountain Myanmar နှင့်

 

LUSH Mahazine Myanmar တို့ပူးပေါင်းပြီး မတ်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

ကျင်းပပြုလုပ်မယ့်နေရာကတော့ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သော Tourist Burma Building မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


ဖက်ရှင်ပြပွဲတွင် မြန်မာနိုင်ငံ၏ လက်မှုပညာလက်ရာများ ၊ ရိုးရာလက်ရက်ကန်းထည်များနှင့် သဘာဝအမွေအနှစ်အလှတရားများကို

 

တစ်ဖန်ပြန်လည်ဆန်းသစ်တီထွင်ထားသည့် ဒီဇိုင်နာများ ၏ ဖန်တီးမှုလက်ရာများနှင့် အတူ မော်ဒယ်များ၏ ပုံရိပ်များကို

 

မြင်တွေ့ ရမှာပဲဖြစ်ပါတယ်။


ပြပွဲတွင် ဝတ်ဆင်ပြသသွားမည့် အဝတ်အထည်များကို တိုင်းရင်းသား ဒီဇိုင်နာများဖြစ်သော ဒီဇိုင်နာ Htu Aung နှင့် Won Yone တို့က

 

ဖန်တီးချုပ်လုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

ပြပွဲပြုလုပ်မည့်နှစ်ရက် တွင် မတ်လ ၁၄ ရက်ကို Private Show အဖြစ်ပြုလုပ်မည်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် မည်သူမဆို အခမဲ့

 

လာရောက်ကာ အဝတ်အထည်ဒီဇိုင်းသစ်များနှင့်အတူ ရိုးရာလက် ရက်ကန်းထည်များ၊ ရက်ကန်းထည်ထုတ်လုပ်မှုများ ၊

 

သဘာဝဆိုးဆေးပြုလုပ်ပုံများ ၊ လက်ကိုင်အိတ်ပြုလုပ်ပုံများ ၊ ရိုးရာမေ ၊ Lilla ၊ MORI Burma ၊ Char-lote Barjou Design တို့၏

 

လက်မှုအနုပညာများကို လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Source : Pyi Myanmar

 

ချည်ခင်ဆိုင် ၂၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

textile picture

 

ရန်ကုန်မြို့၌ ထိုင်းအမှတ်တံဆိပ် ၁၀၀ ကျော်ပါဝင်မည့် ကုန်စည်ပြပွဲ ခင်းကျင်းပြသမည်

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

ျဗိတိန္နိုင္ငံမွ ေဝလမင္းသားတည္ေထာင္ထားေသာ Turquois Mountain အဖြဲ႔အစည္းက ျမန္မာနိုင္ငံ ၏ ျပည္တြင္းျဖစ္လက္မႈပညာလက္ရာမ်ား၊

ရိုးရာရက္ကန္းထည္မ်ားကို တစ္ဖန္ျပန္လည္ဆန္းသစ္တီထြင္ျပသမည့္ ဖက္ရွင္ျပပြဲတစ္ခုကို က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖက္ရွင္ျပပြဲကို 2014 ခုနွစ္တြင္ ျမန္မာနိုင္ငံ သို႔စတင္ဝင္ေရာက္လာေသာ Turquois Mountain Myanmar နွင့္

LUSH Mahazine Myanmar တို႔ပူးေပါင္းျပီး မတ္လ ၁၄ ရက္ေန႔ နွင့္ ၁၅ ရက္ေန႔တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

က်င္းပျပဳလုပ္မယ့္ေနရာကေတာ့ သမိုင္းဝင္အေဆာက္အအံုတစ္ခုျဖစ္ေသာ Tourist Burma Building မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဖက္ရွင္ျပပြဲတြင္ ျမန္မာနိုင္ငံ၏ လက္မႈပညာလက္ရာမ်ား ၊ ရိုးရာလက္ရက္ကန္းထည္မ်ားနွင့္ သဘာဝအေမြအနွစ္အလွတရားမ်ားကို

တစ္ဖန္ျပန္လည္ဆန္းသစ္တီထားသည့္ ဒီဇိုင္နာမ်ား ၏ ဖန္တီးမႈလက္ရာမ်ားနွင့္ အတူ ေမာ္ဒယ္မ်ား၏ ပံုရိပ္မ်ားကို ျမင္ေတြ႕ ရမွာပဲျဖစ္ပါတယ္။

ျပပြဲတြင္ ဝတ္ဆင္ျပသသြားမည့္ အဝတ္အထည္မ်ားကို တိုင္းရင္းသား ဒီဇိုင္နာမ်ားျဖစ္ေသာ ဒီဇိုင္နာ Htu Aung နွင့္ Won Yone တို့က

ဖန္တီးခ်ဳပ္လုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ျပပြဲျပဳလုပ္မည့္နွစ္ရက္ တြင္ မတ္လ ၁၄ ရက္ကို Private Show အျဖစ္ျပဳလုပ္မည္ျဖစ္ျပီး မတ္လ ၁၅ ရက္တြင္ မည္သူမဆို အခမဲ့

လာေရာက္ကာ အဝတ္အထည္ဒီဇိုင္းသစ္မ်ားနွင့္အတူ ရိုးရာလက္ ရက္ကန္းထည္မ်ား၊ ရက္ကန္းထည္ထုတ္လုပ္မႈမ်ား ၊

သဘာဝဆိုးေဆးျပဳလုပ္ပံုမ်ား ၊ လက္ကိုင္အိတ္ျပဳလုပ္ပံုမ်ား ၊ ရိုးရာေမ ၊ Lilla,MORI Burma , Char-lote Barjou Design တို႕၏

လက္မႈအနုပညာမ်ားကို ေလ့လာနိုင္မည္ျဖစ္ေၾကာင္းသိရသည္။

 

Source : Pyi Myanmar

 

ချည်ခင်ဆိုင် ၂၈ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 1323 times
Rate this item
(0 votes)
Tagged under