What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“How Fashion influences my daily life” ဖက်ရှင်ဆွေးနွေးပွဲကြီးကို အခမဲ့တက်ရောက်နိုင်

“How Fashion influences my daily life” ဖက်ရှင်ဆွေးနွေးပွဲကြီးကို အခမဲ့တက်ရောက်နိုင် Facebook

ယနေ့ခေတ်မှာ ဖက်ရှင်ရဲ့ ခေတ်ရေစီးကြောင်းက နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲလာတာကိုတွေ့မြင်ရပါတယ်။

 

တိုးတက်ပြောင်းလဲမှုတွေနဲ့ အညီ ဖက်ရှင်ရဲ့ လွှမ်းမိုးမှုတွေကလည်း လူတစ်ယောက်ချင်းစီအပေါ်သက်ရောက်မှု ရှိနေပါတယ်။


ထိုနည်းတူ မြန်မာနိုင်ငံရဲ့လူငယ်တွေကြားထဲမှာလည်း ဖက်ရှင်ရဲ့ လွှမ်းမိုးမှုဟာ ပိုမိုကျယ်ပြန့်လာပြီး မြန်မာ


လူငယ်တွေရဲ့နေ့စဉ်ဘဝမှာ ဖက်ရှင်က အများကြီး အရေးပါလာတာကိုတွေ့မြင်ရပါတယ်။

 

ဒါကြောင့် ဖက်ရှင်ကို ရူးသွပ်ကြတဲ့ လူငယ်တွေအတွက် မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ ဖက်ရှင်ကဘယ်လောက်အရေးပါပြီး

 

ဘယ်လိုလွှမ်းမိုးနိုင်လည်းဆိုတာကို ဆွေးနွေးပေးမယ့် ဖက်ရှင်စကားဝိုင်းလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

 

အဲ့ဒီဆွေးနွေးပွဲလေးကတော့“How Fashion influences my daily life” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ဖက်ရှင်ဆွေးနွေးပွဲလေးပဲဖြစ်ပါတယ်။

 

အာ့ဒီပွဲလေးမှာ ပါဝင်ဆွေးနွေးကြမယ့် ဖက်ရှင်ပိုင်းဆိုင်ရာ ပညာရှင်တွေကတော့ အနုပညာရှင် မေမြတ်နိုး၊

 

Fashion & Liffestyle Blogger မေသော် ၊ Fashion Stylist Judson Fish တို့သုံးဦးက

 

ပါဝင်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

 

ကျင်းပမယ့်နေ့ရက်ကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဖြစ်ပြီး အချိန်ကတော့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိပဲဖြစ်ပါတယ်။

 

လိပ်စာအပြည့်အစုံကတော့ အမှတ် (၆၈၁)၊ ပြည်လမ်း၊ ၁၀ မိုင်၊ စော်ဘွားကြီးကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ ပဲဖြစ်ပါတယ်။


အခမဲ့ တက်ရောက်ခွင့်ဖြစ်တာကြောင့် လူဦးရေ ကန့်သတ်ထားပါတယ်။


တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် (09 2666 33670,09 266 633 674)

 

တို့ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

 

အမျိုးသမီးအဝတ်အထည်ဆိုင် ၁၁၉၆ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 

 


 

 



 



 


 

Fashion & Liffestyle Blogger မေသော် ၊ Fashion StylistJudson Fish တို့သုံးဦးတို့က ပါဝင်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။


 


 


 

 


 



 

Myanmar Textile and Garment Directory 

Read 1297 times
Rate this item
(0 votes)
Tagged under