What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Redress Design Award 2018

ဟောင်ကောင်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO ဖြစ်တဲ့ Redress မှ ကြီးမှူးကျင်းပတဲ့ Redress Design Award 2018 အတွက် ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိသူ ဒီဇိုင်နာ ၃၀ ဦးရဲ့ စာရင်းကို ထုတ်ပြန်ထားပါတယ်။

Redress Design Award 2018 ဟာ ဒီဇိုင်းနာတွေ ဒီဇိုင်းနာပညာ သင်ယူနေသူတွေအတွက် ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်လွှားမှ ၀င်ပြိုင်ကြပါတယ်။ သတ်မှတ်ချက်တစ်ခုက ၀င်ပြိုင်သူဟာ ဒီဇိုင်းနာအဖြစ် အသက်မွေးတာ ၃ နှစ်မကျော်သေးသူ ဖြစ်ရပါမယ်။
ယခင်က EcoChic Design Award လို့ အမည်တွင်ခဲ့ပြီး ယခုနှစ်မှာတော့ ကြီးမှူးပေးတဲ့ Redress ရဲ့ အမည်အဖြစ်သို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာသူကမ္ဘာသားတို့အနေဖြင့် ယခု ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို မဲပေးလို့ရပါတယ်။
အောက်ပါလင့်ခ်မှာ မဲပေးနိုင်ပါတယ်။

https://www.redressdesignaward.com/news/2018/4/17/redress-design-award-2018-semi-finalists

https://www.surveymonkey.com/r/F8WRJFS

လာမယ့် မေလ ၆ ရက်နေ့ နောက်ဆုံးမဲပေးရက် ဖြစ်ပါတယ်။
လူတစ်ဦး မဲတစ်မဲသာ ပေးခွင့် ရှိပါတယ်။ အခုလို မဲပေးတာဟာ People’s Choice ဆုအတွက်သာဖြစ်ပြီး Redress Design Award ရွေးချယ်မှုမှာ ထည့်မစဉ်းစားပါဘူး။ အဲဒီဆုအတွက်ကို ဒိုင်အဖွဲ့ကသာ စဉ်းစားဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ၃၀ ဦးထဲမှ ဖိုင်နယ် ၅ ဦးကို ရွေးချယ်မယ်။ အဲဒီ ၅ ဦးက ဟောင်ကောင်မှာ လူကိုယ်တိုင်သွားရောက်ပြီး ဆက်လက်ယှဉ်ပြိုင်ရမယ်။
ဒီပွဲရဲ့ အနှစ်သာရဖြစ်တဲ့ sustainable fashion design ကို ပြသရမှာ ဖြစ်ပါတယ်။ အ၀တ်အစား စွန့်ပစ်ရမှု လျှော့ချပေးနိုင်ပုံကို တင်ပြရမှာဖြစ်ပြီး တစ်ဦးလျှင် ဖက်ရှင်စုစည်းမှုအဖြစ် ဖက်ရှင် ၅ စုံကို ပြသရပါမယ်။

reddress

Read 830 times
Rate this item
(0 votes)