What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှသူ မော်ဒယ်တွေကိုပဲ သုံးစွဲခဲ့တဲ့ Claudia Li

ပြီးခဲ့တဲ့ နယူးယောက် ဖက်ရှင်သီတင်းပတ်မှာ ဒီဇိုင်နာ Claudia Li က သူ့ရဲ့ ဖက်ရှင်ရှိုးပွဲမှာ အာရှသူ မော်ဒယ်တွေကိုသာ သုံးစွဲခဲ့ပါတယ်။

Claudia Li က နယူးဇီလန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး နယူးယောက်ဖက်ရှင်ပွဲတော်ကို ၂၀၁၅ ခုနှစ်မှာ ပွဲဦးထွက် စတင်ပါဝင်ပြသခဲ့ပါတယ်။
“မော်ဒယ်တွေကို ကျွန်မ မှာထားတယ်။ ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ လမ်းလျှောက်နေတယ်လို့ သဘောထားပြီး စိတ်ထဲ သက်သောင့်သက်သာဖြင့် လျှောက်ကြဖို့ ပြောထားတယ်”
လို့ သူက ပြောပြတယ်။
catwalk အတွက် အာရှသူ မော်ဒယ် ၂၅ ဦးကို ဆန်ကာတင် ရွေးချယ်ခဲ့ပြီး သူ့ရဲ့ Spring 2019 ဖက်ရှင်စုစည်းမှုကို တင်ဆက်ခဲ့တယ်။
ဖက်ရှင်ပညာရပ်ကို Central Saint Martins မှာ သင်ယူခဲ့တယ်။ MFA ကို Parsons School of Design မှာ သင်ယူရရှိခဲ့တယ်။
“ကျွန်မ လူငယ်အရွယ်မှာကတည်းက ဖက်ရှင်ဒီဇိုင်နာ တစ်ဦး ဖြစ်ချင်ခဲ့တယ်။ အဲဒါက ရိုးတွင်းချဉ်ဆီမှာ စွဲနေတယ်”
လို့ သူက ပြောပြတယ်။
အာရှသူတွေကို သုံးစွဲဖို့ ဆုံးဖြတ်ပြီးချိန်မှာ ဘယ်အာရှလူမျိုးတွေကို သုံးမလဲဆိုတာ စဉ်းစားဆုံးဖြတ်ခဲ့ရတယ်။ “အာရှသူလို့ အလွယ်ပြောကြပေမဲ့ တရုတ်လား၊ ကိုရီးယားလား၊ ဖိလစ်ပိုင်လား အစားစား ရှိနေတယ်” လို့ သူက ရှင်းပြတယ်။
သူကိုယ်တိုင်ကလည်း အာရှသွေး ပါသူတစ်ဦး ဖြစ်နေတယ်။ အာရှသူတစ်ဦးအဖြစ် အာရှဖွား မဟုတ်သူတွေကြားမှာ ကြီးပြင်းခဲ့ရပြီး ဖက်ရှင်ပညာကို သင်ယူခဲ့ရတယ်။ ကလော်ဒီယာရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို တစ်ခုချင်း အောက်ပါ ဗီဒီယိုမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

 

Read 1271 times
Rate this item
(0 votes)