What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ပထမဆုံး ရေပေါ်ဖက်ရှင်ရှိုး

 Furne One (Amato Couture) Furne One (Amato Couture)

ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့တော် ပင်လယ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး

ဟိုတယ်အဖြစ် အသုံးပြုနေတဲ့ Queen Elizabeth II လူစီးသင်္ဘောကြီးပေါ်မှာ

Arab Fashion Week ကို ကျင်းပခဲ့ပါတယ်။

 

ယခုလို ဒူဘိုင်းမှာ ကျင်းပခဲ့တာ ယခုအကြိမ်ဟာ

ဆဋ္ဌမအကြိမ်မြောက် ဖြစ်ပါတယ်။

QE2 Queen Elizxabeth 2 cruise ship in Dubai

QEii DUBAI

 

 

ယနေ့ မေလ ၁၂ ရက်မှာ ပြီးဆုံးမယ့် AFW ပွဲမှာ နိုင်ငံတကာ ဒီဇိုင်နာ ၁၅ ဦး ပါဝင်ပြသခဲ့တဲ့အပြင် ယူအေအီးမှ brand ဖြစ်တဲ့ Amato Couture လည်း ပါဝင်ပါတယ်။

အိမ်ရှင် ယူအေအီး၊ ရုရှား၊ ယူကေ၊ ဗင်နီဇွဲလား၊ လက်ဘနွန်၊ အမေရိက၊ ဆော်ဒီအာရေဗျ၊ တရုတ်၊ တိုင်ဝမ်၊ ပေါ်တူဂီ၊ အီတလီ၊ အာမေးနီးယားနဲ့ အီဂျစ်တို့မှ ဒီဇိုင်နာ အကျော်အမော်တွေ ပါဝင်ပြသခဲ့တယ်။

ဖက်ရှင်ရှိုးပွဲအဖွင့်ကို အိမ်ရှင်ဖက်ရှင်တိုက် Amato Couture နဲ့ စတင်ခဲ့တယ်။

afw
Amato Couture ကို ၂၀၀၂ ခုနှစ်မှာ ယူအေအီးမှ စတင်ခဲ့တယ်။ ဖိလစ်ပိုင်မှာ မွေးဖွားခဲ့တဲ့

ဒီဇိုင်နာ Furne One က ကြံစည်လုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

Furne One ရဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ကြတဲ့သူတွေထဲမှာ စူပါမော်ဒယ်တွေဖြစ်တဲ့ Heidi Klum နဲ့ Tyra Banks တို့ပါဝင်ပါတယ်။

အဆိုတော်တွေဖြစ်ကြတဲ့ Beyonce, Katy Perry, Jennifer Lopez နဲ့ Nicki Minaj တို့လည်း ပါဝင်ပါတယ်။

Jacob Abrian CEO of Arab Fashion Council

Arab Fashion Council ရဲ့  CEO ဖြစ်သူ Jacob Abrian

 

Queen Elizabeth II လူစီးသင်္ဘောကြီး ကမ္ဘာကျော်သင်္ဘောကြီး ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော် သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ပါတယ်။

ယခု ဟိုတယ်အဖြစ် အသုံးပြုနေပြီး အာရပ်ဖက်ရှင်သီတင်းပတ်ပွဲကို မေလ ၉ ရက်မှ ယနေ့ ၁၂ ရက်အထိ ကျင်းပခဲ့တယ်။
အတိတ်လက်ကျန် သင်္ဘောကြီးနဲ့ ခေတ်ပေါ်ခေတ်ဆန်း ဖက်ရှင်တွေ သုံးရက်တိုင်တိုင် ဆုံဆည်းခဲ့တာ ဖြစ်ပါတယ်။

the world’s first floating fashion show ကမ္ဘာ့ပထမဆုံး ရေပေါ်ဖက်ရှင်ရှိုးအဖြစ် မှတ်တမ်းတင်ခံရပါတယ်။

Arab Fashion Council ရဲ့ တရားဝင် အင်စတာဂရမ်အကောင့်မှ ပုံတစ်ချို့ကို ရယူတင်ပြပေးထားပါတယ်။

afc 12

 

 

afc 1afc 2

afw2

afw32

afw3

 

 

 

 

Read 847 times
Rate this item
(0 votes)