What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Gucci Fall 2018 Show ရဲ့အမိုက်စား ပုံဖော်ဖန်တီးမှု

မော်ဒယ်လ်တွေက လူခေါင်းတွေ၊Baby Dragons တွေနဲ့ လက်ကိုင်အိတ်တစ်ချို့ကို သယ်ဆောင်လာတာ တွေ့ရမှာဖြစ်ပါတယ်။

Gucci ဟာ ဘယ်တုန်းကမှ ပရိသတ်တွေကိုစိတ်ပျက်သွားအောင် မလုပ်ခဲ့ပါဖူးပါဘူး။စိတ်လှုပ်ရှားမှုအသစ်၊ဖန်တီးမှုအသစ်တွေနဲ့ အဆုံးစွန်ထိ ဆွဲခေါ်သွားနိုင်ခဲ့တာချည်းပါပဲ။ဒီနှစ်မှာလည်း Gucci ရဲ့ ပဲ့ကိုင်တစ်ယောက်ဖြစ်တဲ့ Alessandro Michele ဟာ Fall 2018 Show ကို နောက်ထပ် Level တစ်ခုထိသယ်ဆောင်လာခဲ့ပြန်ပါပြီ။ဒီဆန်းသစ်မှုတွေကို မီလန်မှာ ကျင်းပနေတဲ့ Gucci Fall 2018 Presentation မှာ တွေ့ရမှာဖြစ်ပြီး မြင်မြင်ချင်းမှာပဲ သင့်ကို ပါးစပ်အဟောင်းသားဖြစ်သွားစေမှာပါ။ဒါဟာ မော်ဒယ်လ်တွေ သယ်ဆောင်လာတဲ့ လူခေါင်းတွေ၊Baby Dragonတွေနဲ့အတူ မိုက်လှတဲ့ ဖက်ရှင်အတွဲအစပ်တွေကြောင့်ကလွဲရင် တခြားဘာများရှိဦးမှာလဲ။

2
Gucci ရဲ့ Operation Room လို ဖန်တီးထားတဲ့ Show Space မှာ မော်ဒယ်လ်တွေက Collcetionသစ်နဲ့အတူ သူတို့ရဲ့ ကိုယ်တိုင် မျက်နှာကျနဲ့ တူညီတဲ့ ခေါင်းတွေကို လက်ထဲမှာ သယ်ဆောင်လာပြီး ပွဲထွက်ခဲ့တဲ့အတွက် ဖက်ရှင်ချစ်သူတွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။သင့်အနေနဲ့ အနီးကပ်ကြည့်ရင်တောင် တကယ်မျက်နှာအစစ်နဲ့ ချွတ်စွပ်တူအောင် ခွဲမရတဲ့ Fake Human Head တွေကို တွေ့ရမှာဖြစ်ပြီး တကယ့်ကို အံ့အားသင့်စရာ ဖန်တီးထားတာတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင် ကျန်တဲ့ အခြားမော်ဒယ်လ်တွေကလည်း BabyDragon တွေ၊Third-Eye ပြင်ဆင်မှုတွေနဲ့ လျှောက်လမ်းပေါ်ထွက်လာခဲ့ပါသေးတယ်။

3

4
ဒီ Show ကို Dexter-Style Surgical Room မျိုး တင်ဆက်ထားတာဖြစ်ပြီး PVC နံရံတွေ၊Panic Barတွေနဲ့Fire Doors တွေ၊LED မီးတွေနဲ့အတူ ပလပ်စတစ်ခုံတွေနဲ့ လုပ်ထားတဲ့ Waiting Room တွေကိုပါသေချာစီစဉ်ထားတာပါ။ဒါက ဘာကိုဆိုလိုသလဲဆိုရင် “အသစ်သစ်သော Personality နဲ့ Identity ကို ဖန်တီးတဲ့ဖြတ်တောက်ခြင်း၊ညှပ်ခြင်းနဲ့ ပြန်လည်ဖန်တီးခြင်းဆိုတဲ့ အပြုအမူ၊လုပ်ဆောင်မှုတွေနဲ့ အတူ ဒီဇိုင်နာတစ်ယောက်ရဲ့ အလုပ်ကို ထင်ဟပ်စေဖို့” ဖြစ်ပါတယ်။

8
နောက်ထပ် အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ Collection ထဲက Look တွေကတော့ Kabuki-Inspired လုပ်ထားတဲ့ Knitwear ၊Ski Mask ကိုမှ ရတနာတွေနဲ့ အလှဆင်ထားတဲ့ Look တွေပါ။ဒီ Inspiration တွေဟာ90s ဘက်ကို တော်တော်များများ နွယ်ထားပြီး ဂျပန်ယဉ်ကျေးမှု၊အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုတွေနဲ့ Yankees ယဉ်ကျေးမှုပုံစံ လွှမ်းတဲ့ New York Culture တွေရဲ့ လွှမ်းမိုးမှုတွေ ပါဝင်ပါတယ်။

7

6

5

 

Source:moda

Read 1164 times
Rate this item
(1 Vote)