What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Yangon Investment Forum 2018 (YIF 2018)

Yangon Investment Forum 2018 (YIF 2018) ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ကြီးမှူးကျင်းပပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာန၊ ကုန်သည်/စက်မှုအသင်းချုပ်၊ German Cooperation Implemented through GIZ နှင့် Myanmar Investors Development Association (MIDA)တို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်မည်။


ကျင်းပမည့်ရက် ၂၀၁၈ခုနှစ် မေလ ၉ ရက်
ကျငးပမည့်နေရာ Novotel Yangon Max Hotel

Forum တွင်
● ရန်ကုန်တိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ အခွင့်အလမ်းများ၊
● အကောင်အထည် ဖော်ဆောင်ရွက်မည့်​ စီမံကိန်းများ၊
● ရန်ကုန် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှင်းလင်းလွယ်ကူမြန်ဆန် ထိရောက်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးမှုများ၊
● ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ၊
● လက်ရှိဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊
● သီလဝါ အထူးစီးပွား ရေးဇုန်၏ ရင်းနှီးမြှုပ်နှံမှုများ၊
ကို ဆွေးနွေးမည်။


ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မေးခွန်းများကို တိုက်ရိုက်မေးမြန်း ရှင်းလင်းပြောကြား နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်။

● နံနက်ပိုင်းတွင် New Investment Application Procedure ကို ဦးတည်ဆွေးနွေးကြမည်။
● မွန်းလွဲပိုင်းတွင် Investment Opportunities in the Yangon Region ကို ဆွေးနွေးမည်။

● Investment Application Guide Book ၊ Doing Business in Yangon နှင့် Taxation Guide Book တို့ အပါအဝင် တက်ရောက် လာမည့် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် လုပ်ထုံး လုပ်နည်းဆိုင်ရာများကို တစုတစည်းတည်း စုံလင်စွာ ခင်းကျင်းပြသမည်။

Forum ကို တက်ရောက်လိုသူများအနေဖြင့်
www.yangoninvestmentforum.com
တွင် ဝင်ရောက်၍ registration ပြုလုပ်နိုင်ပါကြောင်း

Read 1222 times
Rate this item
(0 votes)