What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ Mickey Mouse ရဲ့ Disneyland ဖက်ရှင်ရှိုး

ဒီပွဲဟာ ကမ္ဘာပ်ါမှာ စတိုင်အကျဆုံး Fashion show တစ်ခုပါပဲ။"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ ။ စိတ်လှုပ်ရှားဖွယ် ၊ ကြည်နူးဖွယ်ရာကောင်းတဲ့ပြပွဲကြီး မကြာခင်စတင်ပါတော့မယ်။"ဆိုပြီးလော်စပီကာကနေ အသံကျယ်ကျယ်နဲ့ကြေငြာလိုက်ပါတယ်။


လူအနည်းငယ်အား သူတို့ရဲ့ ပြင်ဆင်မှုအတွက်ဖုန်းတွေကို ကိုင်ခိုင်းစေခဲ့ပြီး မီးရောင်မှိန်မှိန်တွေကြားမှာ သံစုံတီးဝိုင်း၊ပေါ့ပ်ပြဇာတ် များနဲ့မော်ဒယ်တစ်ဦးချင်းဆီက မြို့ရဲ့လမ်းမထက်တွေပေါ်မှာ လျှောက်လှမ်းခဲ့ကြတယ်။

9

ဒါဟာ Disney ရဲ့ဖက်ရှင်ပွဲလား?ဖက်ရှင်လရဲ့အသစ်သစ်တွေလား? လို့ လူအများကမေးခွန်းထုတ်ခဲ့ကျတယ်။ ဟုတ်ကဲ့ ဒါဟာ micky mouse's ရဲ့နှစ်၉ဝပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဒီဇိုင်းပေါင်း(၁၈)မျိုးပါဝင်ကာ စိတ်ကူးစိတ်သန်းများနဲ့ ပုံဖော်ထားပြီး ဒီပွဲလေးကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။
ဒီဇိုင်နာ Carol Lim နှင့် Humberto Leon တို့ကဖွင့်ပွဲကို စတင်ခဲ့ပြီးတော့ mickey ရဲ့ယုံကြည်ချက်တွေနဲ့အတူ သူတို့စိတ်ကူးထားတဲ့အိမ်မက်တွေအမှန်တကယ် ဖြစ်လာပြီလို့ပြောခဲ့တယ်။

11

Leon ဟာပို၍ သိသာထင်ရှားပေါ်လွင်အောင်လို့ mickey လည်းစည်းနှင့် ခါးစည်းကို ပွဲမှာဝတ်ဆင်တာကိုတွေ့ရပါတယ်။
Disney ချစ်သူတွေကို ပြသဖို့အတွက် ယခုအခါသူကိုယ်တိုင်ထုတ်လုပ်လိုက်တဲ့ အဝတ်အစားတွေဟာဆိုရင် mickey တံဆိပ်ကို ပုံဖော်ရိုက်နှိပ်ထားပြီး အဲ့ဒီအမှတ်တံဆိပ် အင်္ကျီတွေနဲ့အတူ OC မြို့ထဲသို့ လှည့်ပတ်လျောက်ခဲ့ပါတယ်။

23
ပုံမှန်ထက်ကြီးတဲ့အနွေးထည်များ၊ skinny ဘောင်းဘီပေါ်မှာ ရေးဆွဲထားသော mickey mouse ဒီဇိုင်းများ၊ ဘေ့စ်ဘောအင်္ကျီ နှင့်ဖဲသားမော်တော်ဆိုင်ကယ်စီးဘောင်းဘီ များကို disney ဇာတ်ကောင်စရိုက်များနှင့် ပေါင်းစပ်ဖန်တီး အလှဆင်ခဲ့သည်။

45
ကြီးမားတဲ့သားမွေး Jacket များနှင့် အလွန်လိုက်ဖက်ညီလှတဲ့ အနက်ရောင်သားမွေးအိတ်တွေကို mickey မျက်နှာပြင်ပုံစံနဲ့ ပုံဖော်ဖန်တီးခဲ့ပြီး ၉ဝရာစုနှစ် ပလက်ဖောင်းsneaker တွေကိုတော့ minnie ပုံနှိပ်ဒီဇိုင်းနဲ့ ဆင်မြန်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

810

ဒီပွဲလေးဟာ mickey ချစ်သူတွေအတွက်တော့ အံ့သြဖွယ် ကောင်းလောက်တဲ့ ပွဲလေးတစ်ခုဆိုလည်း မမှားပါဘူးနော်။

Read 994 times
Rate this item
(1 Vote)