What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ နယူးယောက် ဖက်ရှင်သီတင်းပတ်မှ Tom Ford ရဲ့ ရှိုးပွဲ

၂၀၁၈ နယူးယောက် ဖက်ရှင်သီတင်းပတ်ကို ၂၀၁၈ စက်တင်ဘာလ ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပတာမှာ Tom Ford က

သူ့ရဲ့ Spring 2019 ဖက်ရှင်စုစည်းမှုကို ပြသခဲ့ပါတယ်။ runway မှာ ထွက်လျှောက်ပြတဲ့ မော်ဒယ်တွေထဲမှာ Gigi Hadid, Joan Smalls နဲ့ Kaia Gerber တို့ ပါဝင်တာ တွေ့ရတယ်။
ပွဲအပြီ အင်တာဗျူးကို ဖို့ဒ်က ကျင်းပပေးခြင်း မပြုခဲ့ဘူး။ အခုပြသတဲ့ ဖက်ရှင်စုစည်းမှုအတွက် ထားရှိတဲ့ စိတ်ကူးစိတ်သန်းတွေကိုတော့ မှတ်စုတွေ ထုတ်ပြန်ကြေညာပြီး ပြောပြပေးခဲ့ပါတယ်။

 

tom ford min

TOM FORD

သူက အခုလို ရှင်းပြထားတယ်။
သူက ဘာလို့ ဖက်ရှင်ဒီဇိုင်နာအဖြစ် လုပ်ကိုင်ရတာလဲဆိုတော့
“အမျိုးသားတွေ အမျိုးသမီးတွေ သူတို့ရဲ့ စိတ်ထဲ ပိုလှသွားတယ်လို့ ခံစားမိအောင် ကျနော်က လုပ်ပေးချင်တယ်။ အဲဒါကြောင့်ပါ”

 

Gigi Hadid min

Gigi Hadid

ရဲရဲရင့်ရင့်နဲ့ ပွဲအလယ်တင့်နေစေလိုတဲ့ သူ့ စေတနာကို သူက ဆက်ပြောထားတယ်။
“သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု စိတ်ထဲ ရှိနေပြီး အားတက်စေလိုတယ်။ ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားကြောင့် စိတ်ထဲ သိမ်ငယ်မိတာမျိုး မရှိတော့ဘူး။ သူတို့ ၀တ်ဆင်ထားတာ သူတို့အတွက် အကောင်းဆုံး လှပတင့်တယ်နေတယ်လို့ ခံစားမိတယ်။ စိတ်ထဲ သိနေတယ်။ အဲဒီလိုဆိုရင် သူတို့က လောကထဲမှာ သူတို့ရဲ့ အကောင်းဆုံးကို လုပ်ကိုင်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်”

Joan Smalls min

Joan Small

 

ဒီဇိုင်းအပိုင်းနဲ့ ပတ်သက်လို့ သူက အခုလို ပြောပြထားတယ်။
“ကျနော်က အ၀တ်အစားတွေကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် လုပ်ချင်တယ်။ အဲဒီလို ချပ်ချပ်ရပ်ရပ် ဖြစ်နေရင် ၀တ်ဆင်ထားတဲ့သူကို အရပ်ပိုမြင့်တယ်လို့ မြင်ရထင်ရတယ်။ ပိုပြီးတော့ ပိန်ပိန်သွယ်သွယ် ဖြစ်သွားတယ်။ ပိုလှသွားတယ်။ ပိုချောသွားတယ်”

 

Kaia Gerber min

Kaia Gerber

Read 947 times
Rate this item
(0 votes)