What's new

×

Warning

JUser: :_load: Unable to load user with ID: 845


GTI အင်းစိန်တွင် အထည်ချုပ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာတို့ ပူးပေါင်းဖွင့်လှစ်သည့် အထည်ချုပ် နည်းပညာ ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းရှိ ဒက္ခိဏကျောင်းဆောင် ပထမထပ်၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး စင်တာတို့ ပူးပေါင်း၍ အခြေခံမော်တာစက်ချုပ်သင်တန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လက စတင်၍ ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိဆိုလျှင် (၂၉) ကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၁၆၀၀) ဦးခန့် မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ စက်ချုပ် သင်တန်းသား များကို ၀န်ကြီးဌာနအနေဖြင့် စားသောက်စရိတ်၊ ခရီးစရိတ်နှင့် သင်ကြားရေး အထောက်အကူပြု စာရွက်စာတမ်းများ ထောက်ပံ့ပေး ခဲ့သည့်အပြင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ အနေဖြင့် သင်တန်းသား သင်တန်းသူ ၉၅ ရာခိုင်နှုန်းကို အထည်ချုပ်စက်ရုံ များနှင့်ချိတ် ဆက်၍ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သင်တန်းများအား ရှေ့ဆက်လက်ပြီး ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်လည်း အလားတူ သင်တန်းများ ပံ့ပိုးပေးနိုင်ပါက နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး ရေးစင်တာသင်တန်းကျောင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ်က လေ့ကျင့် သင်ကြားရေးနှင့် အလုပ်အကိုင် ချိတ်ဆက်မှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၁ ဦး တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာနမှ ချည်မျှင်နှင့်အထည် နည်းပြ(၁၅)ဦး၊ အထည်ချုပ်သင်တန်း ကျောင်းမှ ဆရာ(၆)ဦး၊ စုစုပေါင်း(၂၁)ဦးနှင့် သီရိ လင်္ကာနိုင်ငံမှ ပညာရှင်(၃)ဦးက အထည်ချုပ်လုပ်မှု၊ အုပ်ချုပ်မှု၊ အလုပ်ခန့်ထားမှု၊ စက်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှု၊ အလုပ်ခွင် ဆိုင်ရာ စီမံခန့်ခွဲမှု စသည့် အထည်ချုပ် ဆိုင်ရာပညာရပ်များကို စက်တင်ဘာ ၁၇ ရက်မှစ၍ တစ်လခွဲကြာ သင်ကြားပေးသွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပံ္ပပညာရှင် များအဖွဲ့နှင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘာသာရပ်များ၊ လူမှုရေး ဘာသာရပ်များမှ ဆရာ ဆရာမ များနှင့်တွေ့ဆုံ ၍ ပညာရေးကဏ္ဍ အရည်အသွေး မြင့်မားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

GTI အင်းစိန်တွင် ဖက်ရှင်နည်းပညာသင်တန်းကျေင်း ဖွင့်လှစ်မည်

 

Source:MOI

Read 1410 times
Rate this item
(1 Vote)