What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Burberry က တင်ဆက်လိုက်တဲ့ Rainbow Collection

Londan Fashion week မှာတင်ဆင်ခဲ့တဲ့ Burberry ရဲ့2018 show ကတော့ LGBTQ လူငယ်တွေကို ကိုယ်စားပြု ဖော်ပြသွားခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာတော့ ဝေဖန်သူတွေ၊ သတင်းမီဒီယာ တွေ နှင့် ဖက်ရှင်ချစ်သူတွေကတော့ မပြီးဆုံးနိုင်ဘဲ ပြောစရာတွေ ကျန်ရစ်စေခဲ့တာ အသေချာပဲပေါ့။

1
အဲဒီလို ပြောစမှတ်တွင်စေသူကတော့ Burberry ရဲ့ CEO တစ်ယောက်ဖြစ်သလို Chief Designer တစ်ယောက်လည်းဖြစ်တဲ့ Christopher Bailey ပါပဲ။ သူဟာ Burberry နဲ့ လက်တွဲပြီး ၁၇ နှစ်အကြာ အမြင့်ဆုံး ဖန်တီးခွင့် ရသွားတဲ့ အချိန်မှာ တော့ Londan ရဲ့ ဖက်ရှင်ပွဲတော်ကို သက်တံရောင်စုံတွေနဲ့ ခြယ်မှုန်းခဲ့တာလေ။
“ ဒီပွဲကတော့ ကောင်းမွန်တဲ့ တုန့်ပြန်မှုတစ်ခုပဲ” ဆိုပြီး Christopher Bailey က Burberry ပွဲ အပြီးမှာပြောခဲ့ပါတယ်။ “ကမ္ဘာကြီးကို လှုပ်လှုပ်ခပ်ခပ်ဖြစ်စေမယ့် အချို့အရာလေးတွေကိုဖန်တီးဖို့ကျွန်တော်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာ မေးခွန်းတွေ အများကြီးမေးစရာရှိလာတယ်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု နဲ့ ပတ်သက်တဲ့အရာတွေ၊ အလေ့အထတွေ၊ Shopping အတွေ့အကြုံတွေ၊ ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့ အကြောင်းတွေ၊ ဖက်ရှင်ကို ဘယ်လိုခံစားရမလဲဆိုတာတွေ၊ ကျွန်တော်တို့ ဒါကို ဘယ်လိုဝယ်ရမလဲ ဆိုတာတွေပေါ့။”

7
LGBTQ ကိုကိုယ်ဂုဏ်ပြုထောက်ပံ့ပေးတဲ့ ဒီ Rainbow-theme show နဲ့ပတ်သက်ပြီး Bailey ထပ်ပြောတာက “Burberry ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို မြင်ယောင်မိခြင်းက ကျွန်တော်ကို သိပ် စိတ်လှုပ်ရှားစေပါတယ်။ ပြီးတော့ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ပျော်ရွှင်ကြည်နူးမှုတွေ ကျွန်တော်ဆီရလာစေတဲ့ နေရာတစ်ခု ကို တာဝန်ယူရတဲ့အတွက် အလွန်တရာမှ ဂုဏ်ယူကျေနပ်မိပါတယ်။”

2
သူသိပ်ဂုဏ်ယူရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးတဲ့ အခါ သူပြောခဲ့တာက “ကျွန်တော်အမြင်တစ်ခုကို ယူဆောင်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဖန်တီးမှုတွေကို သွတ်သွင်းမွေးမြူခဲ့တယ်။ ကျွန်တော်လိုင်စင်တွေပြန်ရခဲ့ရပြီးနောက် ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို သတ္တိရှိရှိ ရှေ့ဆက်ဖို့ကျွန်တော်ခွင့်ပြုခဲ့တယ်။ ကန့်သတ်ချက်တွေအပေါ်ကျော်လွန်ပြီးကျွန်တော်တို့တည်ရှိနေဖို့လိုတယ်။" ဆိုပြီးတော့ပေါ့။

3
သူ့ရဲ့ ခမ်းနားတဲ့ ပါဝင်ဖန်တီးမှုနဲ့ ပတ်သက်ပြီးမေးတဲ့အခါ Bailey ဟာ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တယ်။ အခုအချိန်အခါမှာတော့ ဗြိတိန်က လူသန်းပေါင်းများစွာ အတွက်တော့ Burberry ဟာ သူတို့တွေရဲ့ ဖြစ်တည်မှုကို ထည့်သွင်းစဉ်းစားပေးသော တစ်ခုတည်းသော ဖက်ရှင်Brand တစ်ခုဖြစ်တယ်။ “ဖက်ရှင်ဟာ အဝိုင်းဝန်းတစ်ခုကို လိုအပ်တယ်။ ဒါဟာ အဝတ်အစားတွေပဲမဟုတ်ဘူး။ လူတွေအကြောင်း၊ ဂီတတွေ၊ နေရာတွေ၊ အနုပညာ အကြောင်း စတာတွေကို ပြသဖို့အတွက် ကျွန်တော်မျှော်လင့်မိတယ်။” အဲဒီလိုတုန့်ပြန်မှုတွေနဲ့ ရှိနေခဲ့တဲ့ Bailey ဟာ ဒီနှစ်ကုန်တဲ့ အထိ Burberry ကို ဘယ်လို ရှေ့ဆက်စေမလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။

4

Fashion နဲ့ Art တို့ရဲ့ ပေါင်းစည်းမှု အလှတရားကို ပြောပြလိုက်တဲ့ Clavin Klein

5

 

Source:moda

Read 1058 times
Rate this item
(1 Vote)