Tbilisi တီဘီလီစီမြို့တော်ဟာ အနောက်တိုင်းဖက်ရှင်လောကမှာ ပဉ္စမံဖက်ရှင်မြို့တော် ဖြစ်ပါတယ်။
ဖက်ရှင်သီတင်းပတ် ကျင်းပတဲ့မြို့တော်ကြီး လေးမြို့ဖြစ်တဲ့ ပါရီ၊ မီလန်၊ နယူးယောက်နဲ့ လန်ဒန်တို့ပြီးရင် တီဘီလီစီ ရှိနေပါတယ်။
တစ်ချိန်က ဆိုဗီယက်ယူနီယံ ပြိုကွဲတော့ ခွဲထွက်လိုက်တဲ့ ဂျော်ဂျီယာနိုင်ငံမှာ တည်ရှိပြီး ထင်ရှားတဲ့ ဖက်ရှင်ဒီဇိုင်နာတချို့် ပေါ်ထွက်ရာမြို့လည်း ဖြစ်ပါတယ်။
ယခုမေလမှာ ကျင်းပတဲ့ Mercedes-Benz Fashion Week Tbilisi ဟာ
စခဲ့တာ ၂၀၀၉ ခုနှစ်မှ ဖြစ်ပေမဲ့ ထင်ရှားပါတယ်။
Mercedes-Benz Fashion Week Tbilisi ကို လာရောက်ကြသူတွေထဲမှ အချို့ရဲ့ လမ်းစတိုင်လ် street style ဓာတ်ပုံအချို့ကို တင်ပြပေးထားပါတယ်။
Mercedes-Benz Fashion Week Tbilisi (MBFWT) ဟာ ဆိုဗီယက်ယူနီယံမှ ခွဲထွက်တဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ မြို့တော် တီဘီလီစီမှာ ကျင်းပတဲ့ ဖက်ရှင်ရှိုးဖြစ်ပြီး စပွန်ဆာက Mercedes-Benz ဖြစ်ပါတယ်။ ရှိုးပွဲနဲ့အတူ နိုင်ငံတကာဖက်ရှင် ဒီဇိုင်းပြိုင်ပွဲကိုလည်း ကျင်းပပေးပါတယ်။
Mercedes-Benz Fashion Week တွေကို Mercedes-Benz က စပွန်ဆာပေးပြီး ကျင်းပတာမှာ အချို့ကို မြို့အမည်ဖြင့် ကျင်းပပြီး ကျန်တာတွေကတော့ နိုင်ငံအမည်ဖြင့် ကျင်းပပါတယ်။
နှစ်စဉ်ပုံမှန်ကျင်းပတဲ့ ဖက်ရှင်ပွဲတွေကတော့ ဘာလင်၊ သြစတေးလျ၊ ဂျော်ဂျီယာ၊ မီယာမီ၊ ရုရှား၊ အစ္စတန်ဘူးလ်၊ မက္ကဆီကိုနဲ့ New York Fashion Week မှာ ပါဝင်ဆင်နွှဲတဲ့ Mercedes-Benz Fashion Week New York တို့ ဖြစ်ပါတယ်။
အဲဒီဖက်ရှင်ပွဲတွေ ဖြစ်မြောက်ရေးအတွက် စီမံဆောင်ရွက်ပေးတဲ့လုပ်ငန်းက IMG (International Management Group ) ဖြစ်ပါတယ်။
အားကစားပွဲ၊ ဖက်ရှင်ပွဲ စသဖြင့် event တွေကို ကြီးကျယ်ခမ်းနားစွာဖြင့် ကမ္ဘာတစ်လွှားမှာ လုပ်ကိုင်ပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်။
Worldwide Brand ဖြစ်တဲ့ Mercedes Benz Fashion Week က MBFWT ကို စတင်ခဲ့တာ ၂၀၁၅ ခုနှစ်မှာ ဖြစ်လို့ သက်တမ်းနုသေးပေမဲ့ နိုင်ငံတကာ ဖက်ရှင်လောကမှာ စိတ်ဝင်စားမှု မြင့်မားပါတယ်။