What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပင် ၉ ပင် ခုတ်ယူသဖြင့် Chanel ဖက်ရှင်ရှိုး အပြစ်တင်ခံရ

ပါရီ ဖက်ရှင်သီတင်းပတ် ၂၀၁၈ မှာ Chanel ဖက်ရှင်ရှိုး ကျင်းပရန်အတွက် သက်တမ်းရင့် ၀က်သစ်ချပင် ၉ ပင်တိတိကို သုံးစွဲခဲ့လို့

ဖက်ရှင် ဒီဇိုင်နာ Karl Lagerfeld ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။

အခုရှိုးရဲ့ ရည်ရွယ်ချက်က သဘာဝ စိမ်းလန်းရေးကို Chanel က အလေးထားကြောင်း ပြသဖို့ဖြစ်ပေမဲ့ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားခဲ့ရပါတယ်။

3500

Karl Lagerfeld က ဖက်ရှင်ရှိုးကို ရွက်ကြွေတောအသွင် ဖန်တီးပြီး ပြသခဲ့ပါတယ်။
သစ်ရွက်ခြောက်တွေ၊ ရေညှိတက်နေတဲ့ သစ်တုံးတွေ အသုံးပြုခဲ့ပါတယ်။ ဖက်ရှင်လျှောက်မယ့်နေရာကို ကြည့်မှန်နံရံအမြင့်ကြီးတွေ ကာရံပါတယ်။

အထဲမှာ သက်တမ်းရင့် ၀က်သစ်ချပင် ၉ ပင်တိတိကို ထားရှိပါတယ်။ ဧည့်သည်တွေ ထိုင်ဖို့အတွက် သစ်သားခုံတန်းတွေ ချခင်းပေးထားတယ်။

3502

ပြဿနာတက်တဲ့ ၀က်သစ်ချပင် ၉ ပင်ကို ခုတ်လှဲပြီး ဖက်ရှင်ပွဲကျင်းပရာ ပါရီမြို့ကို ယူဆောင်လာပြီး ယခုလို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

The France Nature Environment (FNE) ရဲ့ ပြစ်တင်ဝေဖန်မှုကို Chanel က တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။

‘‘အဲဒီ ၉ ပင်ကို ရယူဖို့အတွက် Chanel က အပင်တွေ ယူတဲ့ တောအုပ်ထဲမှာ ၀က်သစ်ချပင် အသစ် အပင် ၁၀၀ စိုက်ပေးဖို့ သဘောတူခဲ့ပါတယ်’’

Read 1145 times
Rate this item
(0 votes)