ယနေ့ခေတ် Paris, Milan, NewYork တို့လိုဖက်ရှင် အသိုင်းအဝိုင်းမှာ 90's ခေတ်ကာလရဲ့
အငွေ့အသက်တွေလွှမ်းမိုးနေသလိုပဲ 90's ရဲ့စူပါမော်ဒယ်တွေဖြစ်တဲ့ Kate Moss, Naomi Campbell, Cindy Crawford တို့လို အသက်၄၀ကျော်မော်ဒယ်မမတွေရဲ့ အောင်မြင်မှုကလည်းတစ်ကျော့ပြန်လာပြီလို့ပြောလို့ရပါတယ်။ မကြာသေးခင်က Louis Vuitton ရဲ့Designer Kim Jones ရဲ့ Menswear Fashion Show မှာ Naomi Campbell နဲ့ Kate Moss တို့ပါဝင်ခဲ့ကြသလို Versace ရဲ့ပဲ့ကိုင်ရှင် Donatella Versace ရဲ့ Latest Fashion Show မှာလည်း 90's ရဲ့စူပါစတားတွေဖြစ်ကြတဲ့ Carla Bruni, Cindy Crawford, Claudia Schiffer, Helena Christensen နဲ့ Naomi Campbell တို့ Runway ပေါ်မှာစုံစုံညီညီပါဝင်ခဲ့ကြပါတယ်။ တခြားနာမည်ကြီးမော်ဒယ်မမတွေဖြစ်တဲ့ Kristen Owen, Inès de la Fressange လည်း Fashion Show တွေမှာပါဝင်လျှောက်လှမ်းနေကြတာမို့ လှပနေဆဲဖြစ်တဲ့ သူတို့ရဲ့ပုံရိပ်တွေကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးနော်။
Source: Moda