What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fashion Icon တစ်ချို့ရဲ့ ဒီဇိုင်နာနဲ့ ပူးပေါင်းလိုက်ပြန်တဲ့ H&M

Fashion Icon တစ်ချို့ရဲ့ ဒီဇိုင်နာနဲ့ ပူးပေါင်းလိုက်ပြန်တဲ့ H&M google

H&M ဟာ Designer Collaboration လုပ်တဲ့နေရာမှာ တကယ်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ Brand တစ်ခုပါ။

လူကြိုက်များတဲ့ ဒီလိုတံဆိပ်တစ်ခုအနေနဲ့ Versace,Balmain ကစလို့ Kenzo ၊Maison Margiela စတဲ့ နာမည်ကျော်တံဆိပ်တွေနဲ့ ရှေ့မှာလည်း ပူးပေါင်းခဲ့သလိုခုအချိန်မှာH&M ဟာ  Designer Collaboration အတွက် ဒီဇိုင်နာ Erdem နဲ့ တရားဝင်လက်တွဲခဲ့ပါပြီ။

လန်ဒန်အခြေစိုက်ဒီဇိုင်နာErdem Moralıoğluဟာ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ၀တ်စုံတွေနဲ့ ပွင့်ရိုက်တွေကို လျှောက်လမ်းပေါ်မှာ သယ်ဆောင်လာခဲ့ပါတယ်။

erdem1

သူဟာ ကိန်းဘရစ်ဂ်ျမြို့စားကတော် Kate Middleton ရဲ့အနှစ်သက်ဆုံး ဒီဇိုင်နာတစ်ယောက်ဖြစ်သလို Erdem ရဲ့ လက်ရာတွေဟာ ကော်ဇောနီပေါ်မှာ မကြာမကြာဆိုသလို မြင်တွေ့နေကြဆိုလည်း မမှားပါဘူး။

The Erdem x H&M collection ကလက်ရာတစ်ချို့ကို အောက်မှာ ခံစားနိုင်ပါတယ်။

erdem5

Keira Knightley, Alexa Chung, Emilia Clarke, Emma Watson နဲ့ Pippa Middleton စတဲ့ နာမည်ကျော်တွေက သူ့ရဲ့ Fan စစ်စစ်တွေပါ။

erdem14 1

The Erdem x H&M collection ကို Runway မှာပြသလိုက်တဲ့အခါမှာတော့ သူ့ရဲ့ လက်ရာတွေက မိန်းမဆန်လွန်းပြီး အလွယ်တကူမျက်စိကျနိုင်မယ့် ၀တ်စုံတွေဖြစ်နေရုံသာမကပဲ ပွင့်ရိုက်ဆင်တွေ၊ဒီဇိုင်းတွေကိုပါ ကောင်းကောင်းပေါင်းစပ်ထားတာကို ကျွန်မတို့မြင်နိုင်မှာပါ။

3ea1a72e 6835 11e7 8c84 2c9d21aee0d8 1280x720 165656

Erdem ရဲ့ Collection မှာ ပါးလွှာတဲ့ ပန်းပွင့်ပွင့်ရိုက် လွှာတွန့်ဂါဝန်တွေ၊ဇာတွေ၊ခေါင်းလောင်းပုံလက်အတွန့်တွေနဲ့ Off-Shoulder ဂါဝန်တွေ၊လည်ထောင်ဝတ်စုံတွေ ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် စီးကွင့်ဘော်ကြယ်တွေ၊ပါးလွှာတဲ့ပိတ်စတွေနဲ့ ကတ္တီပါပိတ်စတွေကို မထင်မှတ်တဲ့နည်းလမ်းတွေနဲ့ ပြန်လည်အလှဆင်အသုံးချထားတာကိုလည်းတွေ့ရမှာပါ။

erdem10

erdem3

ဒီCollection ကို နိုဝင်ဘာ ၂ရက်နေ့ကစပြီး H&M Store တွေနဲ့ online ကနေ စတင်ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။

source :moda magazine

Read 1984 times
Rate this item
(1 Vote)